Main menu

Background

ဂျပန်ကုမ္ပဏီများက စင်ကာပူကျွမ်းကျင်ပညာရှင်များကို လေ့ကျင့်သင်ကြားပေးမည်

Thu, 05/18/2017 - 14:22 -- journal_editor

     စင်ကာပူနိုင်ငံသည် ကျွမ်းကျင် ပညာရှင်တို့ ဆုံဆည်းရာ အချက်အချာ ဒေသအဖြစ် နာမည်ရလျက်ရှိသဖြင့် စင်ကာပူတွင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသော ဂျပန်ကုမ္ပဏီများ က စင်ကာပူဝန်ထမ်းများကို လေ့ကျင့် သင်ကြားပေးရန် အစီအစဉ်များ ရေးဆွဲ ဆောင်ရွက်လျက်ရှိသည်။ပန်နာဆိုးနစ်၊ အင်န်အီးစီ စသည့် ကုမ္ပဏီများသည် စင်ကာပူကျွမ်းကျင် ပညာရှင်တို့အား ကျွမ်းကျင်မှု တိုးတက် လာအောင် လေ့ကျင့်ပေးရန် အလေးထား ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင် ရွက်သော အစီအစဉ်များအနက် ကျောင်း သားအလုပ်သင် သို့မဟုတ် စီမံခန့်ခွဲမှု လေ့ကျင့်ရေး အစီအစဉ်များ ပါဝင်သည်။
ဧပြီလအတွင်းကလည်း ပန်နာ ဆိုးနစ်ကုမ္ပဏီ၏ ရေခဲသေတ္တာ ကွန်ပ ရက်ဆာထုတ်လုပ်ရေးယူနစ်ကို စင်ကာပူ နိုင်ငံသို့ ပြောင်းရွှေ့ခဲ့သည်။ စင်ကာပူ နိုင်ငံသည် ပန်နာဆိုးနစ် ကွန်ပရက်ဆာ ထုတ်လုပ်ရေး လုပ်ငန်း၏ အချက် အချာ ဒေသဖြစ်ပြီး ယခုကဲ့ သို့ရွှေ့ပြောင်းခြင်း ဖြင့် ထုတ်လုပ်ရေးလုပ်ငန်းကို လျင်မြန် လွယ်ကူစေပြီး စင်ကာပူ ကျွမ်းကျင် ပညာရှင်များကိုလည်း လေ့ကျင့်မွေး ထုတ်ပေးနိုင်သည်။
စင်ကာပူတွင် လူအင်အား ၄၀၀ ဖြင့် သုတေသနနှင့်ဖွံ့ဖြိုးရေး(R&D )  လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော Works Applications  က စင်ကာပူရှိ တက္ကသိုလ်ငါးခုနှင့် ပူးပေါင်းပြီး ပုံမှန် အလုပ်သင် သင်တန်းများကို ပေးသည့် အပြင် လုပ်ငန်းခွင်အတွင်းရှိ အလယ် အလတ် ကျွမ်းကျင်ဝန်ထမ်းများကိုပါ လေ့ကျင့်ရေး အစီအစဉ်များ ဆောင် ရွက်ပေးသည်။
စင်ကာပူရှိ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာ (အိုင်စီ တီ) ကဏ္ဍတွင် ကျွမ်းကျင် လုပ်သား အဆမတန် ရှားပါးနေသည့်အတွက်Works Applications  က စင်ကာပူရှိ ကျွမ်းကျင်လုပ်သားများကို လုပ်ငန်းခွင် သင်တန်းများပေးသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
''နိုင်ငံလွတ်လပ်ရေး ရပြီးတဲ့ အချိန် ကစပြီး ကျွန်တော်တို့ နိုင်ငံမှာ ရင်းနှီး မြှုပ်နှံကြတဲ့ ထိပ်တန်း သုံးနိုင်ငံထဲမှာ ဂျပန်နိုင်ငံက တစ်နိုင်ငံအဖြစ် ပါဝင်ခဲ့ပါ တယ်။ ယခုလည်း စင်ကာပူနိုင်ငံရဲ့ အနေအထားကို အာရှဒေသရဲ့ ကျွမ်း ကျင်လုပ်သားများ ဗဟိုအချက်အချာ အဖြစ် မြှင့်တင်နိုင်ရေးအတွက် ဂျပန် နိုင်ငံက ဆက်လက် ဆောင်ရွက်ပေးနေ ပါတယ်''ဟု စီးပွားရေး စီမံခန့်ခွဲမှု ဘုတ် အဖွဲ့ (အီးဒီဘီ) လက်ထောက်အုပ်ချုပ်မှု ဒါရိုက်တာ လင်ဆွီးနီယန်က ပြောသည်။
ကုမ္ပဏီ၏ ရေခဲသေတ္တာ ထုတ် လုပ်ရေးယူနစ်ကို စင်ကာပူသို့ ပြောင်း ရွှေ့လိုက်ခြင်းဖြင့် အာရှဒေသတွင် ကြီး ထွားလျက်ရှိသော ဝယ်လိုအားကို ထိရောက်စွာဖြည့်ဆည်းပေးနိုင်ပြီး ဆုံး ဖြတ်ချက် ချမှတ်ဆောင်ရွက်ရာတွင် လွယ်ကူမှန်ကန်မှု ရှိစေကြောင်း ကုမ္ပဏီ ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ပန်နာဆိုးနစ် ကုမ္ပဏီ၏ စင်ကာပူ ယူနစ်သည် နည်းပညာများကို အသုံး ပြုသော ခေတ်သစ်စက်ရုံ စနစ်ဖြစ်သည့်Smart Factory  ထူထောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။  
''စင်ကာပူနိုင်ငံမှာ အစိုးရ သုတေ သန အဖွဲ့အစည်းတွေနဲ့ ကမ္ဘာမှာနာမည် ကြီးနေတဲ့ တက္ကသိုလ်တွေ အများအပြား ရှိတယ်။ ပြီးတော့ ကျွမ်းကျင် လုပ်သား ရှားပါးမှုမရှိတဲ့အတွက် သုတေ သနနဲ့ ဖွံ့ဖြိုးရေး(R&D)  လုပ်ငန်း ဆောင် ရွက်ဖို့ အဆင်ပြေပါတယ်'' ဟု ပြောရေး ဆိုခွင့် ရှိသူက ပြောသည်။
နည်းပညာ ကုမ္ပဏီ တစ်ခုဖြစ် သည့် အင်န်အီးစီ ကုမ္ပဏီက စင်ကာပူ နိုင်ငံတွင် အာရှပစိဖိတ်ဆိုင်ရာ ရုံးချုပ် ကို ဖွင့်လှစ်ထားပြီး ၂၀၁၆ ခုနှစ်မှစ၍ ကျွမ်းကျင်သူဖွံ့ဖြိုးရေး အစီအစဉ်ကို ဆောင်ရွက်ခဲ့သည်။ ထို့ပြင် အီးဒီဘီ ဘုတ်အဖွဲ့နှင့် ပူးပေါင်း၍ ဆိုက်ဘာ လုံခြုံရေး အစီအစဉ်ကို ရေးဆွဲ၍ သင် တန်းများ ဖွင့်လှစ်ပေးလျက်ရှိသည်။ ဆိုက်ဘာလုံခြုံရေးနှင့် သက်ဆိုင်သော နယ်ပယ်များတွင် ကျွမ်းကျင်သူများကို လေ့ကျင့်ပေးပြီးနောက် ဆိုက်ဘာ လုံခြုံ ရေး အင်ဂျင်နီယာကိုးဦးကို ခန့်ထားပေး နိုင်ခဲ့သည်။