Main menu

Background

အင်ချွန်းလွတ်လပ်သောစီးပွားရေးဇုန်ကို ထိပ်တန်း Smart City အဖြစ် ရပ်တည်နိုင်ရေး ဆောင်ရွက်လျက်ရှိ

Mon, 06/12/2017 - 11:08 -- journal_editor

       တောင်ကိုရီးယားနိုင်ငံရှိ အင်ချွန်းလွတ်လပ်သော စီးပွားရေး ဇုန် (Incheon Free Economic Zone -IFEZ) သည် အင်တာနက် နည်းပညာကို အခြေခံသည့် နည်းပညာများပေါင်းစပ်မှုဖြင့် စီးပွားရေးလုပ်ငန်းများကို ေ ဆာင်ရွက်ရာတွင် အာရှ၌ထိပ်တန်းစီးပွားရေးဇုန်တစ်ခုအဖြစ် အာရုံစိုက်ခံရသောလုပ်ငန်းတစ်ခုဖြစ်သည်။ ကိုရီးယားနိုင်ငံ၏ အနောက်မြောက်ဘက်ရှိ အင်ချွန်းမြို့တွင် ယခုနှစ် ဧပြီလကဖွင့်လှစ်ခဲ့သည့် IFEZ Operation Center သည် အကောင်းဆုံးသော သတင်းအချက်အလက်နည်းပညာ ဝန်ဆောင်မှုများ ပံ့ပိုး နိုင်သည့် နေရာတစ်နေရာအဖြစ် ပြောင်းလဲနိုင်ရေးကို မြှင့်တင်ဆောင် ရွက်သွားမည်ဖြစ်သည်။
       IFEZ Operation Center အနေဖြင့် သတင်းအချက်အလက်များကို CCTV များမှတစ်ဆင့် စုဆောင်းပြီး ယာဉ်ကြောပိတ်ဆို့မှု၊ လုံခြုံရေးနှင့် ကူးသန်းရောင်းဝယ်ရေးကဲ့သို့သော လုပ်ငန်းများအတွက် အဆင်ပြေ လွယ်ကူေ စရန် အထောက်အကူပြုသည့် ဝန်ဆောင်မှုများကိုပေးလျက်ရှိပြီး သတင်းအချက်အလက်များကို အချိန် နှင့်တစ်ပြေးညီပေးပို့ဆောင်ရွက်နိုင်သည်ဟုသိရှိရသည်။ စနစ်တကျတည်ဆောက်ထားသည့် စီးပွားရေးဇုန်နေရာသည် အ များပြည်သူသုံး ဘတ်စ်ကားများအတွက်လည်း ဘာသာစကားမျိုးစုံဖြင့် သတင်းအချက်အလက်ပေးခြင်းဖြင့် နိုင်ငံခြားသားများအတွက်ပါ ပိုမိုအဆင်ပြေလွယ်ကူစွာ သတင်းအချက်အလက်ရရှိနိုင်ရေးကို စီစဉ်ဆောင်ရွက်ထားပြီး   ဘတ်စ်ကားမှတ်တိုင်များအားလုံးတွင်လည်း ဝိုင်ဖိုင်ဖြင့် အင်တာနက်အသုံးပြုနိုင်သည့် ဝန်ဆောင်မှုကို ထားရှိပေးထားသည်။ လုံခြုံရေးအတွက် IFEZ အနေဖြင့် CCTV များမှတစ်ဆင့် ယာဉ်နံပါတ်ပြားများကို မှတ်တမ်းတင်နိုင် သည့် စနစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး အကယ်၍ ယာဉ်မောင်းသူအား တစ်စုံတစ်ခုသောကိစ္စရပ်အတွက် အလိုရှိသည့်အခါတွင် မှတ်တမ်းများမှ တစ်ဆင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။
       Smart City စီမံကိန်းများမှာ ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲ စီးပွားရေးလုပ်ငန်းများမှ အာရုံစိုက်မှုရရှိလျက်ရှိပြီး ယင်းသို့အကောင်အထည်ဖော်ခြင်းဖြင့် လျင်မြန်သည့်မြို့ပြနှင့် နည်းပညာဖွံ့ဖြိုးမှုများကြောင့် ဖြစ်ပေါ်လာသည့် မြို့ပြ လူနေမှုစနစ်နှင့် ဆက်စပ်သည့် ပြဿနာများကိုလည်း ဖြေရှင်းနိုင်မည်ဖြစ်သည်။ IFEZ သည်၂၀၀၃ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည့် ပထမဆုံးသော စီးပွားရေး ရင်းနှီးမြှုပ်နှံနိုင်သည့်ဇုန်ဖြစ်ပြီး လက်ရှိအချိန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များစွာကို ဆွဲဆောင်နိုင်သည့် နေရာတစ်နေရာလည်းဖြစ်သည်။ အင်ချွန်းမြို့သည် တောင်ကိုရီးယားတွင် နိုင်ငံခြားသားများ စတုတ္ထ မြောက် အများဆုံးနေထိုင်သည့် နေရာဖြစ်သည်။ အဆိုပါ စီးပွားရေးဇုန်အား အာရှ၏  အကြီးဆုံးသော နိုင်ငံ တကာစီးပွားရေးနယ်မြေအဖြစ် ချဲ့ထွင်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံခြားသားလုပ်ငန်းရှင်များ အတွက် လိုအပ်သည့်စီမံခန့်ခွဲမှုများ၊ ထောက်ပံ့ဆောင်ရွက်ပေးမှု များကို မြှင့်တင်ဆောင်ရွက်လျ က်ရှိသည်။

 

ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊  မြန်မာသံရုံး၊ ဆိုးလ်မြို