Main menu

Background

၂၀၂၀ ခုနှစ်တွင် နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်လည်ပတ်မည့် ထိုင်းခရီးသွား စုစုပေါင်း ၁၀ သန်းသို့ ရောက်ရှိမည်

Mon, 06/12/2017 - 11:13 -- journal_editor

        နိုင်ငံခြားတိုင်းပြည်များသို့ ခရီးသွားမည့် ထိုင်းလူမျိုးအရေအတွက် သည် ၂၀၁၆ ခုနှစ်တွင် ၇ ဒသမ ၇၄ သန်းရှိရာမှ ၂၀၂၀ ခုနှစ်တွင် ၁၀ သန်း သို့မြင့်တက်၍ ၂၉ ရာခိုင်နှုန်းတိုးတက်ရန် မျှော်မှန်းထားပါသည်။ ထိုင်းလူမျိုး အများစု  သွားရောက်လည်ပတ်သည့် နိုင်ငံမှာ ၂၀၀၃ ခုနှစ်မှစတင်၍ ထိုင်းခရီးသွားများအား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် ပေးခဲ့သည့် ဂျပန်နိုင်ငံ ဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံစသည့် အရှေ့ေ တာင်အာရှနိုင်ငံများနှင့် တရုတ်နိုင်ငံ၊ ဂျပန် နိုင်ငံ စသည့်  အရှေ့အာရှနိုင်ငံများသည် ထိုင်းခရီးသွားများကို ပိုမိုဆွဲ ဆောင်လျက်ရှိကြောင်း၊ ထိုင်းကမ္ဘာလှည့်ခရီးသွားအရေအတွက်သည် ၂၀၁၆ ခုနှစ်တွင် ၇ ဒသမ ၇၄ သန်းရှိခဲ့ရာ ၂၀၁၅ ခုနှစ်ထက် ၁၃ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ထိုင်းခရီးသွားစုစုပေါင်း၏ ထက်ဝက်ကျော်သည်  အိမ်နီးချင်းနိုင်ငံများဖြစ်သော လာအို၊ ကမ္ဘောဒီးယား၊  စင်ကာပူ၊ မြန်မာနှင့်  တရုတ်နိုင်ငံတောင်ပိုင်းဒေသများသို့ သွားရောက်လည်ပတ်ခဲ့ ကြောင်းနှင့် ၂၀၁၉ ခုနှစ်တွင် ထိုင်းကမ္ဘာလှည့် ခရီးသွားအရေအတွက် သည် စုစုပေါင်း ၁၀ သန်းအထိ တိုးတက်လာရန် မျှော်မှန်းထားကြောင်း ထိုင်းခရီးသွားကောင်စီ၏ ဥက္ကဋ္ဌ IttiritKinglake ကပြော ကြားခဲ့သည်။
       ၂၀၁၆ ခုနှစ်အတွင်း ထိုင်းခရီးသွားတစ်ဦးလျှင် ပျမ်းမျှဘတ် ၃၀၀၆၄ ကိုသုံးစွဲခဲ့ပြီး ၂၀၁၅ ခုနှစ်ထက် ၂ ဒသမ ၁၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ထိုင်းခရီးသွားများ၏ စုစုပေါင်းအသုံးစရိတ်သည် ၂၀၁၆ ခုနှစ် တွင် ဘတ် ၂၃၂ ဘီလီယံရှိခဲ့ရာ ၂၀၁၅ ခုနှစ်ထက် ၁၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ယခုနှစ်ပထမလေးလအတွင်း ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ် သည့် နိုင်ငံခြားသားခရီးသွားစုစုပေါင်း ၁၂ သန်းဝင်ရောက်ခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ၂ ဒသမ ၁၁ ရာခိုင်နှုန်းတိုးတက် ခဲ့ပါသည်။ ထိုင်းခရီးသွား ကဏ္ဍသည် ပထမလေးလအတွင်း ဝင်ငွေသည် ဘတ် ၆၂၂ ဘီလီယံရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၄ ဒသမ ၇၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပါ သည်။
     

ကျော်သူရ၊ စီးပွားရေးသံမှူး၊  မြန်မာသံရုံး၊ ဗန်ကောက်မြို့