Main menu

Background

ယခုနှစ် ဧပြီလအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး အရှိန်အဟုန်ဖြင့် နာလန်ထူနေဆဲဖြစ်

Mon, 05/24/2021 - 09:49 -- journal_editor

                  ယခုနှစ် ဧပြီလအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးမှာ တည်ငြိမ်စွာဖွံ့ဖြိုးနေဆဲ ဖြစ်ပါသည်။

                    စက်ရုံလုပ်ငန်းများအား တိုင်းတာသည့် တန်ဖိုးမြှင့်စက်မှုကုန်ထုတ်လုပ်မှုမှာ ယခင်လကထက် (၉.၈)ရာခိုင်နှုန်း ပိုမိုခဲ့သည်ဟု အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ခဲ့ ပါသည်။ လူသုံးကုန်ပစ္စည်းများ လက်လီရောင်းချမှုမှာ ယခုနှစ် ပထမ(၄)လအတွင်း ယခင်နှစ်ကထက် (၂၉.၆)ရာခိုင်နှုန်း ခုန်တက်ခဲ့ပါသည်။ ၎င်းကာလအတွင်း မရွှေ့ပြောင်းနိုင် သော ပစ္စည်းများတွင် ရင်းနှီးမြှုပ်နှံမှုမှာ (၁၉.၉)ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။

                   မြို့ပြဒေသရှိ အလုပ်လက်မဲ့နှုန်းမှာ ယခင်နှစ်ကထက် (၀.၉)ရာခိုင်နှုန်း လျော့နည်းခဲ့ကာ (၅.၁)ရာခိုင်နှုန်းရှိခဲ့ပါသည်။ ယခုနှစ် ပထမ(၄)လအတွင်း အလုပ်အကိုင် ပေါင်း (၄.၃၇)သန်း အား ဖန်တီးပေးနိုင်ခဲ့ပါသည်။

ပြည်တွင်းပြည်ပဝယ်လိုအားများကြောင့် တရုတ်၏ စီးပွားရေးမှာ ယခုနှစ် ပထမ(၄)လအတွင်း (၁၈.၃)ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။ စက်ရုံအဝင်ဝ၌ ကုန်ပစ္စည်းထုတ်လုပ်မှုကုန်ကျစရိတ်များကို တိုင်းတာသည့် အညွှန်းကိန်းများ ဖြစ်သည့် ထုတ်လုပ်သူဈေးနှုန်းအညွှန်းကိန်း (producer price index - PPI)မှာ ဧပြီလအတွင်း (၆.၈) ရာခိုင်နှုန်းမြင့်တက်လာကာ၊ မတ်လကထက် (၂.၄)ရာခိုင်နှုန်းပိုမိုလာခြင်းဖြစ်ပါသည်။ သို့ရာတွင် ထိုသို့မြင့်တက်လာရခြင်းကြောင့် စားသုံးသူများအတွက် ဈေးနှုန်းများမြင့်တက် လာမည်မဟုတ်ဟု စာရင်းအင်းဗျူရိုမှ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်က ပြောကြားပါသည်။

                PPI အညွှန်းကိန်းနှင့် ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်လာမှုကြောင့် လာမည့် လများအတွင်း အစိုးရငွေတိုက်စာချုပ်များကို ထုတ်ရောင်းနိုင်ဖွယ်ရှိကြောင်း၊ အကျိုးဆက် အားဖြင့် ကုန်ကြမ်းဈေးနှုန်းများမြင့်တက်လာမှုကြောင့် ကုန်ကြမ်းဝယ်လိုအားအပေါ် ဖိအား အချို့အား ဖယ်ရှားနိုင်မည်ဖြစ်ကာ စုပေါင်းဘဏ္ဍာရေးဖွံ့ဖြိုးမှုအား အထိုက်အလျောက် ပြန်လည်တက်လာနိုင်စေမည့်အလားအလာရှိကြောင်း ၊ ပြည်တွင်းပြည်ပ ဝယ်လိုအားများ ပြန်လည် အားကောင်းလာမှုကြောင့် လာမည့်နှစ်ဝက်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည်နာလန်ထူမှုမှာ အခိုင်အမာကျန်ရှိနေဆဲဖြစ်နိုင်ကြောင်း Nomura Securities မှ မှတ်ချက်ပြု ပြောကြားပါသည်။

ရင်းမြစ်၊  Xinhua (၁၇-၅-၂၀၂၁)

(ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး)