Main menu

Background

ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းချုပ်(FTI)အနေဖြင့်ကားထုတ်လုပ်မှုအတွက်ဆုံးဖြတ်ချက်ချရန် နှောင့်နှေးနေခြင်း

Wed, 05/26/2021 - 11:41 -- journal_editor

        ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းချုပ်Federation of Thai Industry (FTI)အနေဖြင့် ယခုနှစ်အတွက်ကားထုတ်လုပ်လုပ်မှုရည်မှန်းချက်(Target)နှင့်ပတ်သက်၍ဆုံးဖြတ်ချက်မချသေးဘဲကမ္ဘာလုံးဆိုင်ရာ ဆီမီးကွန်ဒတ်တာ (Semiconductor)ပြတ်လပ်မှုနှင့် Covid-19 ကပ်ရောဂါ တတိယလှိုင်းကူးစက်မှုတို့၏ သက်ရောက်မှုတို့အပေါ် ဆန်းစစ်ရန် (၂)လစောင့်ဆိုင်းသွားရန် စီစဉ် လျက်ရှိကြောင်း သိရှိရပါသည်။ အဆိုပါ အချက်နှစ်ချက် မှာ ၂၀၂၁ခုနှစ် တွင်ပြည်ပသို့  တစ်ဝက်တင်ပို့ ရောင်းချမည့်ကားအစီးရေယူနစ်(၁.၅)သန်းအထိရောက်ရှိရန် မျှော်မှန်းထားသည့် ကားရောင်းချမှု

ပမာဏကို ကျဆင်းစေလိမ့်မည်ဖြစ်ကြောင်းသိရှိရပါသည်။

          ယမန်နှစ်က ရှိခဲ့သော ကားအစီးရေယူနစ်(၁.၄၂)သန်းထက် (၅.၁၂%)တိုးတက်ရန် ဇန်နဝါရီလတွင် ခန့်မှန်းခဲ့ကြောင်း၊ ၎င်းမှာ ထိုင်းနိုင်ငံအနေဖြင့် ချစ်ပ်(Chips)ရှားပါးမှုနှင့်အဆိုးဝါး

ဆုံးCovid-19 ကပ်ရောဂါဖြစ်ပွားမှုမတိုင်မီကခန့်မှန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ဆီမီးကွန် ဒတ်တာ(Semiconductor) များအပေါ်တွင်မှီခိုသည့် ကမ္ဘာလုံးဆိုင်ရာကားထုတ်လုပ်မှုသည် နှစ်စဉ် ထုတ်လုပ်မှု အစီးရေ ယူနစ်သန်း (၈၀)မှ (၁)သန်းကျဆင်းသွားလိမ့်မည်ဟု FTI ၏ မော်တော် ကားကလပ်(Club)၏ ဒုတိယဉက္ကဌနှင့်ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong က ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

          ပြည်ပကားကုမ္ပဏီများစွာတို့အနေဖြင့် စက်ရုံများကို တစ်ပတ်မှတစ်လအထိ ယာယီ ပိတ်ထားခဲ့ကြကြောင်း၊ ထုတ်လုပ်သူများအနေဖြင့် ချစ်ပ်(Chips)ရှားပါးမှု အနေဖြင့် အနည်းဆုံး (၂)နှစ်ခန့် ဖြစ်နိုင်ကြောင်း ခန့်မှန်း ထားကြပါသည်။ ထိုင်းနိုင်ငံအနေဖြင့် အလားတူ ချစ်ပ်(Chips) ရှားပါးမှု  အခြေအနေမျိုးတွင် အချို့သော ထုတ်လုပ်သူများအနေဖြင့် ၎င်းတို့၏စက်ရုံများကို ပိတ်ခဲ့ ကြောင်း သိရှိရပါသည်။

          သို့ရာတွင် FTI အနေဖြင့် ကားထုတ်လုပ်သူများသည်  လူကြိုက်များသော မော်ဒယ် များ ထုတ်လုပ်ရန် သူတို့တွင်ရှိသော ချစ်ပ်(Chips)များကို အသုံးပြု၍ ချစ်ပ်(Chips)ရှားပါးမှု ကို ဖြေရှင်း ရင်ဆိုင်နိုင်မည်ဟု အပြုသဘောဆောင်ထင်မြင်လျှက်ရှိနေကြောင်းသိရှိရပါသည်။ ၎င်းက အခြားမော်ဒယ်များ၏ရောင်းအားကိုသက်ရောက်နိုင်ကြောင်း၊သို့ရာတွင်ကုမ္ပဏီများအနေဖြင့် ပြဿနာကိုဖြေရှင်းနိုင်လိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

          ကမ္ဘာလုံးဆိုင်ရာ ချစ်ပ်(Chips)ရှားပါးမှုသည် ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း အိမ်မှနေ၍ အလုပ်လုပ်သူများအနေဖြင့် အီလက်ထရောနစ် ကရိယာများပိုမိုလိုအပ်လာခြင်း၊ အီလက် ထရစ် လျှပ်စစ် မော်တော်ကား သုံးစွဲမှု တိုးတက်လာခြင်း၊ အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲနှင့် ၎င်းက တရုတ်နိုင်ငံမှ ချပ်စ်(Chips)တင်သွင်းမှုကို ကန့်သတ်မှုများ ဖြစ်စေခြင်း တို့ကြောင့် ဖြစ် ကြောင်းသိရှိရပါသည်။ မော်တော်ကားကလပ်(Club)အသင်း၏ ဂုဏ်ထူးဆောင်ဉက္ကဌ Suparat Sirisuwanangkura က နေ့စဉ် Covid-19 ကူးစက်မှုများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း၊ အကြောင်းမှာ ကူးစက်မှုနှုန်း မြင့်မားခြင်းကြောင့် လူအများအား အပြင်ထွက်ခြင်းတို့ တားမြစ် စေလိမ့်မည်ဖြစ်ကြောင်းနှင့်၎င်းတို့၏ ဝယ်ယူနိုင်စွမ်းအားPurchasing Power တို့ကို လျှော့ကျစေ လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

          ကာကွယ်ဆေးကို အလျင်အမြန်ထိုးနှံခြင်းက ထိုင်းစီးပွားရေးနာလန်ပြန်ထူလာစေရန် တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း၊ အထူးသဖြင့် စက်ရုံပေါင်း(၁၇)ခုတွင် အလုပ်အကိုင် ပေါင်း (၁၀၀,၀၀၀)ခန့်ထားသည့် မော်တော်ကားလုပ်ငန်းများအတွက်ဖြစ်ကြောင်း ၎င်းက ပြော ကြားခဲ့ပါသည်။ ဧပြီလတွင် မော်တော်ကားပြည်ပတင်ပို့မှု အနေဖြင့်နှစ်အလိုက်တွင်(၁၆၀%)တိုးတက်ခဲ့ပြီး အစီးရေယူနစ်(၅၂,၈၈၀)စီးရှိခဲ့ကြောင်း၊၎င်းမှာ ပိတ်ဆို့တားဆီးမှုLockdown များ ပြုလုပ်ခဲ့ပြီးနောက်ကားအရောင်းများကျဆင်းခဲ့သည့် ယမန်နှစ်ကထက် မော်တော်ကား အရောင်း မှာ သိသိသာသာတိုးတက်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

 

Bangkok Post

     (လွင်မျိုးဇော်၊ စီးပွားရေးသံမှူး)

        မြန်မာသံရုံး၊ဗန်ကောက်မြို့