Main menu

Background

ယခုနှစ် ပထမ(၃)လအတွင်း သွင်းကုန်ခွန်လျှော့ပေါ့ပေးမှု ယွမ်(၁၈)သန်းခန့် ရရှိခံစား ခဲ့ကြသည့် နန်နင်းကုမ္ပဏီများ

Thu, 05/27/2021 - 11:15 -- journal_editor

        ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရုံကျိုး အကောက်ခွန်ဌာန၏ ထုတ်ပြန် ချက်အရ ယခုနှစ်၊ ပထမ (၃)လအတွင်း ယွမ်ငွေ (၆၁၄)သန်း (အမေရိကန်ဒေါ်လာ ၉၅ သန်း) တန်ဖိုးရှိသွင်းကုန်များအတွက် တင်ပြခဲ့သည့် ပင်ရင်း ဒေသ သက်သေခံလက်မှတ် စောင်ရေစုစုပေါင်း (၁,၈၁၇)စောင်ရှိခဲ့ကြောင်း သိရပါသည်။

    ၎င်းစုစုပေါင်းစောင်ရေများအနက် (၆၀)ရာခိုင်နှုန်းနီးပါးခန့်ရှိသည့် စောင်ရေ (၁,၁၂၃)စောင်မှာ တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုများမှ တင်ပြခဲ့ခြင်း ဖြစ်သည်ဟုသိရပါသည်။ ၎င်းပင်ရင်းဒေသ သက်သေခံ လက်မှတ် များ တင်ပြခဲ့သဖြင့် နန်နင်း ရှိ ကုမ္ပဏီများမှာ စုစုပေါင်းယွမ်ငွေ (၁၈၄၅)သန်းတန်ဖိုးရှိ သွင်းကုန်ခွန်လျှော့ပေါ့ပေးမှုများ ကို ရရှိခံစားခဲ့ကြပါသည်။

         ထိုလက်မှတ်များမှာ နိုင်ငံပေါင်း (၇၀)သို့ တင်ပို့မှုများအတွက် ထုတ်ပေးခြင်း ဖြစ်ကာ၊ နိုင်ငံပေါင်း (၄၄)နိုင်ငံတို့မှာ ဗီယက်နမ်၊ ထိုင်း၊ ချီလီနှင့် အင်ဒိုနီးရှားတို့ကဲ့သို့သော ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက်တည်ရှိနေသည့် နိုင်ငံများ ဖြစ်ကြပါသည်။

          အထူးအခွန်သက်သာခွင့်များအား ရရှိနိုင်သည့် ကုန်ပစ္စည်းများမှာ အဓိကအား ဖြင့် အလူမီနီယံပစ္စည်းများ၊ သစ်သားထည်များ၊ ဓာတုဗေဒပစ္စည်းများ၊ သံမဏိနှင့် အခြား အထွေထွေကုန်စည်များဖြစ်ကြပါသည်။

ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ဟူသည်မှာ ကုန်ပစ္စည်းအား ထုတ်လုပ်သည့် နိုင်ငံကို ကြေညာခြင်းဖြစ်ပြီး၊ အခွန်သက်သာခွင့်များရရှိနိုင်ရန် သွင်းကုန် (သို့မဟုတ်) ပို့ကုန် တင်ပို့သည့် ကုန်သေတ္တာ အတွက် လိုအပ်သော တရားဝင် အထောက်အထားဖြစ်ပါသည်။

ရင်းမြစ်၊ en.gxzf.gov.cn (၂၄-၅-၂၀၂၁)

(ဒေါက်တာရွှေစင်ကို၊စီးပွားရေသံမှူး)