ကမ္ဘောဒီးယားနိုင်ငံမှ တင်ပို့လာသည့် လတ်ဆတ်သရက်သီး ပထမအသုတ် သည် တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ချင်းကျိုးဆိပ်ကမ်းသို့ မေလ (၂၁)ရက်နေ့တွင် ဆိုက်ရောက်လာခဲ့ပါသည်။
၎င်းသရက်သီး ပထမအသုတ်အား ကုန်သေတ္တာ (၆)လုံးဖြင့် တင်ဆောင်လာ ခြင်းဖြစ်ကာ ပေကျင်း၊ ဟာနန်၊ လျိုနင်း၊ ကျဲ့ကျန်း၊ ရှန်တုန်းနှင့် အခြားဒေသများ၏ ဈေးကွက်များသို့ ပို့ဆောင်ရောင်းချသွားမည်ဟု သိရပါသည်။
ဤကဲ့သို့ ပို့ဆောင်မှုမှာ နှစ်နိုင်ငံအကြား လယ်ယာစိုက်ပျိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှု တိုးမြင့်လာခြင်းကို ထင်ဟပ်ပြသနေပါသည်။ သရက်သီးမှာ ငှက်ပျောသီး ပြီးနောက် ကမ္ဘောဒီးယားမှ တရုတ်သို့ တိုက်ရိုက် တင်ပို့ခွင့်ရရှိသည့် ဒုတိယမြောက်သစ်သီး ဝလံဖြစ်ပါသည်။
ချင်းကျိုးဆိပ်ကမ်းသည် အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံအသစ်နှင့် ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက် အဓိက နေရာတစ်ခုဖြစ်ပါ သည်။ မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံသို့ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ကုန်ပစ္စည်းများတင်ပို့မှုအား လွယ်ကူချောမွေ့စေရန် ထိုင်း၊ ဗီယက်နမ်နှင့် အခြား အရှေ့တောင်အာရှနိုင်ငံတို့နှင့် ချိတ်ဆက်ပေးထားသည့် သစ်သီးဝလံသင်္ဘောတင်ဆောင်မှု အမြန်လိုင်းအချို့အား ဖွင့်လှစ် ပေးခဲ့ပါသည်။
အနာဂတ်တွင် တရုတ်နိုင်ငံသို့ အရှေ့တောင်အာရှနိုင်ငံများမှ တင်သွင်းလာမည့် သစ်သီးဝလံများအတွက်သာမက၊ တရုတ်နိုင်ငံကို ဖြတ်သန်း၍ ဉရောပတိုက် အလယ် ပိုင်းနှင့် အရှေ့ပိုင်းဈေးကွက်များသို့ ပို့ဆောင်မည့် သစ်သီး ဝလံများအတွက်ပါ လွယ်ကူ အဆင်ပြေသည့် အကောက်ခွန်ကြေညာသည့်နေရာအဖြစ် ချင်းကျိုးဆိပ်ကမ်း၌ အလားတူ အထူးလိုင်းများကို ပိုမိုဖွင့်လှစ်ထားရှိမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ရင်းမြစ်၊ Xinhua (၂၅-၅-၂၀၂၁)
(ဒေါက်တာရွှေစင်ကို၊စီးပွားရေးသံမှူး)