Main menu

Background

စမတ်ဖုန်းများအတွက် HarmonyOSအား စတင်တော့မည်ဖြစ်သည့် ဟွာဝေး

Thu, 05/27/2021 - 11:56 -- journal_editor

              တရုတ်နိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းကြီးဖြစ်သည့် ဟွာဝေးသည် ဇွန်လ (၂)ရက်နေ့တွင် ၎င်း၏ operating systemအသစ်ဖြစ်သော HarmonyOS ကို တရားဝင် စတင်တော့မည်ဖြစ်ပါသည်။

           တရုတ် ဘာသာဖြင့် Hongmeng အမည်ရ HarmonyOS မှာ devices အမျိုး မျိုးနှင့် scenario အမျိုးမျိုးတို့အတွက် ဒီဇိုင်းရေးဆွဲထားသည့် open-source operating systemတစ်ရပ်ဖြစ်ပါသည်။ ၎င်း HarmonyOSအား (၂၀၁၉)ခုနှစ်၊ သြဂုတ်လအတွင်း ဝတ်ဆင်၍ရသော အသုံးအဆောင်များ (wearables)နှင့် tablet များအပါအဝင် Internet-of-Things device များအတွက် ပထမဆုံးအသုံးပြုခဲ့သည်။

             ယခုနှစ်ကုန်၌  HarmonyOS အသုံးပြုနေသည့် device ပေါင်း သန်း (၃၀၀) ခန့်ရှိလာမည်ဟု ဟွာဝေးက မျှော်လင့်ထားပြီး၊ ၎င်းအနက် ဟွာဝေး device ပေါင်း သန်း (၂၀၀)ကျော်ပါဝင်မည်ဖြစ်ပါသည်။

ဟွာဝေး၏ ဖောက်သည်များအတွက် ဝန်ဆောင်မှုအသစ်များကို ပံ့ပိုးပေးရန် ၎င်းနောက်ဆုံးပေါ် operating systemအား အသုံးပြုရေးအတွက် ရှန်းကျန့်အခြေစိုက် ကုမ္ပဏီက app နှင့် hardware developer များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါ သည်။ HarmonyOS မှာ Google၏ Android နှင့် Apple၏ iOS တို့အပြင် အခြားရွေး ချယ်အသုံးပြုနိုင်သော operating system တစ်ရပ်ဖြစ်လာမည်ဟု ကျွမ်းကျင်သူများက မှန်းဆနေကြသည်။

အိမ်အသုံးအဆောင်များ၊ အားကစားနှင့် ကြံ့ခိုင်ရေး၊ ခရီးသွားလာရေး၊ ဖျော်ဖြေရေးနှင့် ပညာရေးတို့အပါအဝင် တရုတ်လုပ်ငန်းကဏ္ဍများက HarmonyOS စတင်ခြင်းအပေါ် ကြိုဆိုလျက်ရှိပါသည်။

ယခုလအတွင်း အိမ်အသုံးအဆောင်ပစ္စည်းများထုတ်လုပ်နေသည့် တရုတ်၏ ထိပ်တန်းလုပ်ငန်းကြီးဖြစ်သည့် Midea အုပ်စုက ယခုနှစ်ကုန်၌ HarmonyOS ပေါ်တွင် အသုံးပြုနိုင်စေရန် ကုန်ပစ္စည်းအသစ်(၂၀၀)ခန့်အား ထုတ်လုပ်သွားမည်ဟု ကြေညာ ထားပါသည်။

ရင်းမြစ်၊ Xinhua (၂၅-၅-၂၀၂၁)

(ဒေါက်တာရွှေစင်ကို၊စီးပွားရေးသံမှူး)