Main menu

Background

Virtual ငွေကြေးစည်းမျဉ်းစည်းကမ်းများအား ပိုမိုတင်းကြပ်လိုက်သည့် တရုတ်နိုင်ငံ

Thu, 05/27/2021 - 11:58 -- journal_editor

            ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေများနှင့် virtual ငွေကြေးလုပ်ငန်းများတွင် ဈေးကစားမှုပြုခြင်းတို့အား ပိုမိုကာကွယ်ရန် virtual ငွေကြေးများအပေါ် ကြီးကြပ်မှုအား တရုတ်နိုင်ငံက တိုးမြှင့်ဆောင်ရွက်လိုက်ပါသည်။

Bitcoin ဖန်တီးမှုနှင့် ကုန်သွယ်မှုများနှင့်ဆက်စပ်နေသည့်လုပ်ငန်းဆောင်ရွက် မှုများအပေါ် နှိမ်နင်းသွားမည်ဖြစ်ကြောင်း ယခင်ရက်သတ္တပတ်က ကျင်းပခဲ့သော နိုင်ငံတော်ကောင်စီ၏ ဘဏ္ဍာရေးဆိုင်ရာတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက် ရေးကော်မတီမှ ထုတ်ပြန်ကြေညာချက်အရ သိရပါသည်။

             ချေးငွေဆုံးရှုံးနိုင်ခြေများအား နည်းပါးစေရန်နှင့် platform လုပ်ငန်းများ၏ ဘဏ္ဍာရေးဆိုင်ရာလုပ်ဆောင်ချက်များအပေါ် စည်းမျဉ်းစည်းကမ်းများ အားကောင်းခိုင်မာ စေရန်ကိုလည်း အစည်းအဝေးက အလေးထား ပြောကြား ခဲ့ပါသည်။

             virtual ငွေကြေးရောင်းဝယ်မှုအပေါ် ပိုမိုတင်းကြပ်သည့်ကန့်သတ်မှုများ ပြုလုပ်သွားရန် တရုတ်အသင်းအဖွဲ့ (၃)ရပ်က ကတိကဝတ်ပြုပြီးနောက် ထိုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

            ထို့ပြင် bitcoinအသစ်ဖန်တီးမှုမှသည် ရောင်းဝယ်မှုအထိ ကြီးကြပ်သွားရန် ပိုမို ရည်မှန်းချက်ထားဆောင်ရွက်လာသဖြင့်  တရုတ်နိုင်ငံ၏ virtual ငွေကြေးစည်းမျဉ်း စည်းကမ်းများ ပိုမိုတင်းကြပ်လာကြောင်း ကြေညာချက် အရ ပေါ်လွင်နေပါသည်။ ထိုသို့ အရှိန်မြင့်လာခြင်းက virtual ငွေကြေးအပေးအယူများအား အောက်ခြေမှစ၍ နှိမ်နင်းမှုများ ပိုမိုပြုလုပ်သွားမည်ဖြစ်ကြောင်း သတိပေးနေသကဲ့သို့ဖြစ်ပါသည်။

            တရုတ်ဘဏ္ဍာရေးအဖွဲ့အစည်းအသင်းဝင်များ၊ ငွေပေးချေသည့် အဖွဲ့အစည်း များနှင့် အခြားလုပ်ငန်းများက ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကို virtual ငွေကြေးအား အသုံးပြု၍ ဈေးနှုန်းမဖြတ်ကြရန် ကြေညာချက် တွင် ဖော်ပြထားသည်။

        အင်တာနက် platform လုပ်ငန်းများအနေဖြင့် virtual ငွေကြေးနှင့် ဆက်နွယ်သည့်လုပ်ငန်းဆောင်ရွက်မှုများအတွက် ဝန်ဆောင်မှုပေးခြင်း မပြုကြရန်၊ အာမခံ လုပ်ငန်းများကလည်း အာမခံရပိုင်ခွင့်လွှမ်းခြုံမှုများအတွင်း virtual ငွေကြေးများ ထည့်သွင်းထားခြင်းမပြုကြရန်ကိုလည်း ဖော်ပြထားပါသည်။

          bitcoin ကိုယ်စားပြုသည့် အထူးပြု virtual ကုန်ပစ္စည်းအမျိုးအစားတစ်ရပ် ဖြစ်သည့် virtual ငွေကြေးတွင် ဉပဒေအရ ငွေရေးကြေးရေးဂုဏ်သတ္တိများ တစ်စုံ တစ်ရာမရှိပါ။  ၎င်း bitcoin ရောင်းဝယ်မှုနှင့် ဈေးကစားသည့် လှုပ်ရှားမှုများတွင် ပါဝင် ကြသည့် ရင်းနှီးမြှုပ်နှံသူများအတွက်  ကြီးမားသည့်ပိုင်ဆိုင်မှုဆုံးရှုံးမှုကြီးများ ဖြစ်ပေါ်စေ နိုင်ကာ၊ တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာနှင့် လူမှုရေးဆိုင်ရာတည်ငြိမ်မှုများအပေါ် သက်ရောက်မှုများရှိနိုင်သဖြင့် ယခုကဲ့သို့ စည်းမျဉ်းစည်းကမ်းများ ပိုမိုတင်းကြပ်လာရခြင်း ဖြစ်ကြောင်း သိရပါသည်။

ရင်းမြစ်၊ Xinhua (၂၄-၅-၂၀၂၁)