Main menu

Background

ထိုင်းနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုသည် ဧပြီလတွင်ခိုင်မာသည့်တိုးတက်မှုရရှိခဲ့ခြင်း

Fri, 05/28/2021 - 12:21 -- journal_editor

       ပြည်ပပို့ကုန်များသည်အားကောင်းခိုင်မာသော အရှိန်အဟုန်ကိုဆက်လက်ထိန်းသိမ်းထားနိုင်ပြီး ဧပြီလတွင် အမေရိကန်ဒေါ်လာ(၂၀)ဘီလီယံကျော်ရရှိကာ(၃၆)လအတွင်း အမြင့်ဆုံး တိုး တက်မှုအဖြစ် မှတ်တမ်း တင်ခဲ့ကြောင်း သိရှိရပါသည်။စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက  ပြည်ပပို့ကုန်များအနေဖြင့် ဒုတိယမြောက်လအဖြစ် ဆက်တိုက် တိုးတက်ခဲ့ကြောင်း၊ ဖေဖေါ်ဝါရီလတွင် ပို့ကုန်ကျဆင်းမှု(၂.၅၉%)၊ မတ်လတွင် ပို့ကုန်တိုးတက်မှု (၂.၅၉%)ရှိခဲ့ပြီး နောက် ဧပြီလတွင် (၈.၄၇%)တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ(၂၁.၄)ဘီလီယံ ရရှိခဲ့ကြောင်း (၂၆.၅.၂၀၂၁ရက်နေ့)တွင အစီရင်ခံတင်ပြခဲ့ပါသည်။

          ရွှေ၊ ရေနံနှင့်ဆက်စပ်ထုတ်ကုန်များ၊  လက်နက်တို့မပါဝင်ဘဲ ပို့ကုန်အမှန်တင်ပို့မှုသည် မတ်လတွင် (၁၂%)တိုးတက်ခဲ့ပြီးနောက် ဧပြီလတွင် (၂၅.၇%)တိုးတက်ခဲ့ကြောင်း၊ သွင်းကုန်တင် သွင်းမှုမှာလည်း (၂၉.၈%)တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ(၂၁.၃)ဘီလီယံရှိခဲ့ကြောင်း၊ ရလဒ် အဖြစ် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ(၁၈၂)သန်းရှိခဲ့ကြောင်း သိရှိရပါသည်။

          ၂၀၂၁ခုနှစ် ပထမ(၄)လအတွက် ပြည်ပပို့ကုန်တင်ပို့မှုအနေဖြင့်(၄.၇၈%)တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ(၈၅.၆)ဘီလီယံရရှိခဲ့ကြောင်း၊သွင်းကုန်တင်သွင်းမှုမှာလည်း(၁၃.၉%)မြင့်တက် ခဲ့ပြီး အမေရိကန်ဒေါ်လာ (၈၄.၉) ဘီလီယံ ရရှိခဲ့ကြောင်း၊ ရလဒ် အဖြစ် ကုန်သွယ်မှုပိုငွေ အမေရိကန် ဒေါ်လာ(၆၉၈)သန်းရရှိခဲ့ကြောင်းသိရှိရပါသည်။

          ဧပြီလတွင် ပီလောပီနံထုတ်ကုန်၊ ရာဘာ၊ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များ၊ လတ်ဆတ်နှင့် အေးခဲကြက်သားများ၊ စားအုန်းဆီ၊ အဖျော်ယမကာများနှင့်ရာသီပေါ်သစ်သီးဝလံ များကဲ့သို့သော လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်များနှင့်အစားအစာများ တင်ပို့မှုအားကောင်းခဲ့ ကြောင်း သိရှိရပါသည်။ အခြားတိုးတက်မှုရရှိခဲ့သော ထုတ်ကုန်များတွင် အိမ်မှနေရင်း အလုပ် လုပ်သည့်ထုတ်ကုန်များနှင့် ကွန်ပျုတာများ၊ ပရိဘောဂများနှင့်အစိတ်အပိုင်းများ၊ မိုက်ခရိုဝေ့ မီးဖိုများ၊ ရေခဲသေတ္တာများနှင့် Freezers များ၊ အဝတ်လျှော်စက်များ၊ ရေဒီယိုနှင့် တယ်လီဗေးရှင်း ဖမ်းစက်များနှင့်အစိတ်အပိုင်းများ၊ဆဲလ်ဖုန်းများနှင့်အစိတ်အပိုင်းများစသည့်အိမ် အသုံးအဆောင် ပစ္စည်းများ ဖြစ်ကြောင်း သိရှိရပါသည်။

          ရာဘာလက်အိတ်များ၊ ဆေးပစ္စည်းကရိယာများနှင့်အစိတ်အပိုင်းများစသည့် Covid-19 ဆက်စပ်ပစ္စည်းများလည်းအဆိုပါဧပြီလတွင်  တင်ပို့မှုတိုးတက်ခဲ့ကြောင်းသိရှိရပါသည်။ စတီးနှင့်အပိုပစ္စည်းများ၊ ဓါတုဗေဒပစ္စည်းများ၊

ကော်စေ့များ၊ အီလက်ထရောနစ်ဆားကစ်ဘုတ်များ၊ အလားတူထုတ်ကုန်ပစ္စည်းများနှင့်မော်တော်ကားနှင့်အစိတ်အပိုင်များ၊ကျောက်မျက်နှင့်လက်ဝတ် ရတနာများ(ရွှေမပါသော) စသည့် ဇိမ်ခံပစ္စည်းများလည်း ဧပြီလတွင် တင်ပို့မှု တိုးတက်ခဲ့ကြောင်းသိရှိရပါသည်။လယ်ယာစိုက်ပျိုးရေးထုတ်ကုန်နှင့်စက်မှုလယ်ယာထုတ်ကုန်များလည်းပဉ္စမမြောက်လအဖြစ်ဆက်တိုက်တိုးတက်ခဲ့ကြောင်း၊၎င်းပစ္စည်းများအနေဖြင့်ဧပြီလတွင် နှစ်အလိုက်၌ (၇.၃%)တိုးတက်ခဲ့ပြီး

အမေရိကန်ဒေါ်လာ(၄)ဘီလီယံရရှိခဲ့ကြောင်း၊၎င်းတို့တွင်ရာဘာ (+၈၅.၂%) ဖြင့်ဉီးဆောင်လျှက်ရှိကြောင်း၊လတ်ဆတ်၊အေးခဲနှင့်အခြောက်ခံဟင်းသီးဟင်းရွက်များနှင့်သစ်သီးဝလံ များ(+၂၂.၃%)၊ ပီလောပီနံ(+၄၀.၀%)၊ အဖျော်ယမ ကာများ(+၃၀.၆%)နှင့် တိရစ္ဆာန်အစား အစာ များ(+၁၁.၃%) တို့ဖြစ်ကြောင်း သိရှိရပါသည်။

          စက်မှုထုတ်ကုန်များအနေဖြင့် ဒုတိယမြောက်လအဖြစ်တိုးတက်ခဲ့ကြောင်း၊ နှစ်အလိုက် တွင်(၁၂.၄%)အထိတိုးတက်ခဲ့ပြီးအမေရိကန်ဒေါ်လာ(၁၆.၆)ဘီလီယံအထိတိုးတက် ရရှိခဲ့ကြောင်း သိရှိရပါသည်။ ထို့အပြင်ရေနံနှင့် ဆက်စပ်သောထုတ်ကုန်ပစ္စည်းများ(+၆၁.၉%)၊ မော်တော်ကား ပစ္စည်းနှင့် အစိတ်အပိုင်းများ(+၁၃၆%)၊ ရာဘာထုတ်ကုန်များ(+၅၅.၅%)၊  ကွန်ပျူတာပစ္စည်းများနှင့်အစိတ်အပိုင်းများ(+၂၈.၇%)၊လေအေးပေးစက်နှင့်အစိတ်အပိုင်းများ

(+၇၂.၀%)၊   စက်ကရိယာနှင့်အစိတ်အပိုင်းများ(+၂၉.၉%)၊ရွှေမပါဝင်သောကျောက်မျက်နှင့်လက်ဝတ်ရတနာများ(+၁၀၇%)နှင့်မော်တော်ဆိုင်ကယ်နှင့်အစိတ်အပိုင်းများ(+၁၆၅%)တို့ဖြစ်ကြောင်းသိရှိရပါသည်။

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး မစ္စတာဂျူရင်က ပို့ကုန်အတား အဆီးများဖယ်ရှားရန်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများပြန်လည်ဖွင့်လှစ်ခြင်းကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားရန် အတွက်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်ပုဂ္ဂလိကကဏ္ဍတို့အနေဖြင့် ကုန်သွယ်ရေးပူးတွဲအကြံပေးကော်မတီမှတစ်ဆင့် အနီးကပ်ပူးပေါင်း ဆောင် ရွက်ခဲ့ခြင်းကြောင့် ပို့ကုန်တင်ပို့မှုမြင့်တက်ခဲ့ရခြင်းဖြစ်ကြောင်း၊ အဆိုပါ  ပူးပေါင်းဆောင်ရွက်မှုကနယ်စပ်ကုန်သွယ်မှုပမာဏကို မြင့်တက်စေခဲ့ကြောင်းနှင့် အရေးကြီးကုန်သွယ်ဖက်နိုင်ငံများဖြစ် သောတရုတ်နှင့်ဗီယက်နမ်နိုင်ငံများနှင့်နယ်စပ်ပို့ဆောင်မှုပြဿနာများကိုပြေလည်အောင်ဖြေရှင်း

နိုင်ခဲ့ကြောင်း၊ အထူးသဖြင့် Youyiguan နှင့် Dongxing နယ်စပ်ကုန်သွယ်ရေးဂိတ်များ၌ ဖြစ် ကြောင်းသိရှိရပါသည်။

          ပုဂ္ဂလိကကဏ္ဍနှင့်ပူးပေါင်းဆောင်ရွက်မှုက ပို့ကုန်တင်ပို့မှုအတွက် ပိုမိုကောင်းမွန်သော ရလဒ်များကိုရရှိစေခဲ့ကြောင်းဝန်ကြီးမစ္စတာဂျူရင်ကပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအနေဖြင့်

ပုဂ္ဂလိကကဏ္ဍနှင့်ပူးပေါင်း၍ ပို့ကုန်တင်ပို့မှုမြင့်တက်စေရန် ပိုမိုကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ဝန်ကြီးကအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာန၊ ကုန်သွယ်မှု စေ့စပ်ညှိနှိုင်းရေး ဉီးစီးဌာနနှင့် နိုင်ငံခြားကုန်သွယ်မှု ဌာနတို့အား ရုရှားနှင့်အရှေ့အလယ်ပိုင်းကဲ့သို့သော ဈေးကွက်သစ်များပိုမိုဖွင့်လှစ်နိုင်ရေးအတွက် ပုဂ္ဂလိက ကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်သွားရန် အမိန့်ပေးခဲ့ကြောင်းသိရှိရပါသည်။ ဝန်ကြီးဌာန အနေဖြင့်အဓိကကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများနှင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီ ချက်(Free Trade Agreement Negotiations)စေ့စပ်ညိှနှိုင်းမှုများကိုလည်းအရှိန် မြှင့်တင်ဆောင် ရွက်သွားရန် ကတိပြုခဲ့ကြောင်း သိရှိရပါသည်။

 

Bangkok Post

        (လွင်မျိုးဇော်၊ စီးပွားရေးသံမှူး)

        မြန်မာသံရုံး၊ဗန်ကောက်မြို့