Main menu

Background

ထိုင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်e-commerce ဖြင့် ပြည်ပပို့ကုန် တင်ပို့မှုကို မြှင့်တင်ရန်ရည်မှန်းချက်Target ထားရှိခြင်း

Fri, 05/28/2021 - 12:26 -- journal_editor

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အွန်လိုင်းစီးပွားရေး တွေ့ဆုံ ဆွေးနွေးမှုများနှင့် အွန်လိုင်း ကုန်စည်ပြပွဲ Virtual Events များမှတစ်ဆင့် ထိုင်းထုတ်ကုန်ပစ္စည်းများ ပြည်ပတင်ပို့မှုကို တိုးမြှင့်ဆောင်ရွက်သွားရန် သံန္နိဌာန်ချမှတ်ထားကြောင်းနှင့် ယခုနှစ် အတွက်အွန်လိုင်းမှအရောင်းအား ဘတ်ငွေ(၁၆)ဘီလီယံအထိရရှိရန် ရည်ရွယ်ထားကြောင်းလည်း သိရှိရပါသည်။

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး မစ္စတာဂျူရင်က Covid-19 ကပ် ရောဂါ အကြပ်အတည်းအကြားတွင် တိုင်းပြည်၏ ပို့ကုန်မြှင့်တင်ရေးအစီအစဉ်အား မြေပြင်တွင် အမှန်တစ်ကယ် ခင်းကျင်းပြသသည့်ကုန်စည်ပြပွဲTrade Exhibitions မှနေ၍ အွန်လိုင်း ကုန်စည် ပြပွဲ(Virtual Events)များအဖြစ်သို့ ပြောင်းလဲ၍ပိုမိုဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ယခုနှစ် အတွက် e-commerce သို့ပြောင်းလဲ ဆောင်ရွက် သွားရန်လိုအပ်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါ သည်။

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အွန်လိုင်းစီးပွားရေး တွေ့ဆုံ ဆွေးနွေးမှု(Online Business Matchings)များနှင့် အွန်လိုင်း ကုန်စည်ပြပွဲ Virtual Events များမှ တစ်ဆင့် ပို့ကုန်တင်ပို့မှု တိုးမြှင့် ဆောင်ရွက်သွားရန်ရည်မှန်းထားကြောင်း၊ ယမန်နှစ်က ဘတ်ငွေ (၁၄)ဘီလီယံရရှိခဲ့ရာမှ ယခုနှစ်အတွက် ဘတ်ငွေ(၁၆)ဘီလီယံရရှိရန်ရည်မှန်းထားကြောင်း၊ အဓိက             ပြည်ပပို့ကုန်ပစ္စည်းများတွင် လယ်ယာထုတ်ကုန်များ၊

မော်တော်ကား အစိတ်အပိုင်းများနှင့် ပြုပြင် ထုတ်လုပ်ထားသောအစားအစာ(Processed Food)များဖြစ်ကြောင်းဝန်ကြီးက ပြောကြားခဲ့ပါ သည်။

          ဝန်ကြီး မစ္စတာဂျူရင်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် Covid-19ကပ်ရောဂါအကြပ်အတည်းအကြားတွင်ပုဂ္ဂလိကကဏ္ဍများနှင့်နီကပ်စွာပူးပေါင်း ညှိနှိုင်းလျှက်အကောင်းဆုံးသော မဟာဗျူဟာ များ နှင့်ချဉ်းကပ်နည်းအသစ်များဖြင့် တိုင်းပြည်၏ပြည်ပ ပို့ကုန်များကိုလှုံ့ဆော်အားပေးဆောင်ရွက်လျှက်ရှိကြောင်းပြောကြားခဲ့ပါသည်။ ဆက်စပ်ဖွံ့ဖြိုးတိုးတက်မှုတစ်ခုအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေး ဉီးစီးဌာနအနေဖြင့်စီးပွားရေးလုပ်ငန်းငယ်လေးများဖြစ်သော small Entrepreneurs အား၎င်းတို့၏ထုတ်ကုန်များကိုကမ္ဘာ့ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေးအတွက် Covid-19ကပ်ရောဂါအကြပ်အတည်းအကြားမှDealer Online

Connect ProJect (သို့မဟုတ်)DITP’s Online Reseller Connect ပွဲကို မေလ(၂၄-၂၈)ရက်နေ့အထိစီစဉ်ကျင်းပလျှက်ရှိနေကြောင်း သိရှိရပါသည်။

          အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ အွန်လိုင်း ဖြန့်ချိရေး(International Online Distributor Groups) အုပ်စုပေါင်း (၈၀) ကျော်နှင့်အလားတူ တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ ဟောင်ကောင်၊ အာဂျင်တီးနား၊ လာအို နှင့် နိုင်ဂျီးရီးယား စသည့်နိုင်ငံများမှ အလားအလာရှိသော ပလက်ဖေါင်းများကိုလည်း ကုမ္ပဏီ ပေါင်း(၁၂၀၀)ကျော်မှ ထိုင်းကုန်ပစ္စည်းများကို အွန်လိုင်းကုန်သွယ်ရေးစေ့စပ်ဆွေးနွေးမှု နည်း ပညာ(Online Trade Negotiation Technology )အသုံးပြု၍ဝယ်ယူနိုင်ရေး အတွက် ဆောင် ရွက်ခဲ့ကြောင်းသိရှိရပါသည်။

          ထိုင်းနိုင်ငံ၏ ထုတ်ကုန်များကို Alibaba ၊  Amazon ၊  Tmall Global ၊ BigBasket ၊ DiDi Global နှင့်အခြားသော ဉီးဆောင်ပလက်ဖေါင်း(Leading Platforms) များမှ တစ်ဆင့်ဝယ်ယူ ရရှိ နိုင် ကြောင်း၊ ၎င်းတို့မှ ကုန်သွယ်မှု ပမာဏမှာ ဘတ်ငွေသန်း(၁၀၀) ထက် မနည်းနိုင်ကြောင်း သိရှိ ရပါသည်။ ဤသည်မှာ e-commerce လုပ်ဖေါ်ကိုင်ဖက်များက ညိှနှိုင်းဆွေးနွေး ဆောင်ရွက် ခဲ့သော Virtual Seminar Booth နှင့်Showcase များပါဝင်သည့် Virtual e-commerce event ပုံစံဖြင့် ထိုင်းနိုင်ငံ ကျင်းပသည့် ပထမဆုံးသော အပြည်ပြည်ဆိုင်ရာE-commerce Event ပွဲဖြစ် ကြောင်း၊ အဆိုပါကုန်သွယ်မှုမြှင့်တင်ရေးပွဲမှနေ၍ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအား ပုံမှန် ခေတ်သစ် New Normal Era နှင့်လိုက်လျောညီထွေဖြစ်စေရန်   အထောက်အကူ ဖြစ်စေ လိမ့် မည်ဖြစ်ကြောင်းသိရှိရပါသည်။ ၎င်းက ပြဿနာများကိုဖြေရှင်းရန်နှင့် ၎င်းတို့၏ ကုန် ပစ္စည်း များ ကိုနိုင်ငံခြားသို့ ၎င်းတို့ကိုယ်တိုင် ရောင်းချရန်အဆင်သင့်မဖြစ်သေးသည့် ထိုင်းစီးပွားရေး လုပ်ငန်း ရှင်များအတွက် အတား အဆီး များကို လျှော့ချနိုင်ရန်အတွက် အရေးကြီး သောအဖြေ တစ်ခုဖြစ် လိမ့်မည်ဟု ဝန်ကြီးမစ္စတာဂျူရင် က ပြောကြားခဲ့ကြောင်း သိရှိရပါ သည်။

 

 

Bangkok Post

     (လွင်မျိုးဇော်၊ စီးပွားရေးသံမှူး)

      မြန်မာသံရုံး၊ဗန်ကောက်မြို့