Main menu

Background

ပိုးသတ်ဆေးကြွင်းဆိုင်ရာ သတ်မှတ်ချက်များက အနောက်အာရှဒေသသို့ အိန္ဒိယ၏ ဘာစမာတီဆန် တင်ပို့မှုကို ထိခိုက်စေဖွယ်ရ

Thu, 06/10/2021 - 14:44 -- journal_editor

အနောက်အာရှဒေသရှိ အိုမန်၊ ဂျော်ဒန်၊ ဆော်ဒီအာရေးဗီး ယား၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့်  အီဂျစ်နိုင်ငံတို့သည် လယ်ယာထွက်ကုန်များ တင်သွင်းရာ၌  ပိုးသတ်ဆေးြွကင်းဆိုင်ရာ သတ်မှတ်ချက်များအား  ဥရောပသမဂ္ဂနိုင်ငံများနှင့်  အဆင့်တူညီစွာ ပြဋ္ဌာန်းခဲ့ကြရာ  အိန္ဒိယ၏ အဆိုပါ နိုင်ငံများသို့ ဘာစမာတီဆန်များ တင်ပို့နေမှုအပေါ် ထိခိုက်သက်ရောက်မှုများ ဖြစ်ပေါ်လာဖွယ်ရှိနေ သည်။ဥရောပသမဂ္ဂ(EU)အဖွဲ့ဝင်နိုင်ငံများတွင်ဆန်၌ ပိုးသတ်ဆေးကြွင်းပါဝင်မှု သတ်မှတ်ချက်အား အဆင့်မြှင့် တင်ခဲ့သည့် ၂၀၁၇ ခုနှစ်နောက်ပိုင်းမှစ၍ အိန္ဒိယနိုင်ငံ၏ ပရီမီယံအရည် အသွေးအဆင့် ဘာစမာတီဆန်များအား EUသို့ တင်ပို့မှုမှာ ကျဆင်းလျက်ရှိသည်။

လက်ရှိကာလ၌ ရူပီးငွေကုဋေ ၃၀ဝ၀ဝ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံ) တန်ဖိုးရှိသော အိန္ဒိယ၏ဘာစမာတီဆန် ပြည်ပ တင်ပို့မှုလုပ်ငန်း၏ ၈၀ ရာခိုင်နှုန်းခန့်သည်   အနောက်အာရှဒေသ ဈေးကွက်သို့ တင်ပို့လျက်ရှိသည်။   သို့ဖြစ်ရာ  အဆိုပါနိုင်ငံများက ကြိုတင်အသိပေးခြင်းမရှိဘဲ     ပိုးသတ်ဆေးြွကင် းပါဝင်မှုအဆင့် ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းနှင့်စပ်လျဉ်း၍  ညှိနှိုင်းဆောင်ရွက်ပေးရန် အိန္ဒိယကူးသန်းရောင်း ဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသို့   အိန္ဒိယ ဆန်တင်ပို့သူ လုပ်ငန်းရှင်များအသင်း (AIREA)က   တောင်းဆို လျက်ရှိသည်။

EU နှင့် အခြားနိုင်ငံများတွင် လယ်ယာထွက်ကုန်များ၌ပိုးသတ် ဆေး ဓာတြွ်ကင်းပါဝင်ခွင့်အား ကွဲပြား ခြားနား စွာ   သတ်မှတ်ချက် ပြဋ္ဌာန်းထားခြင်းက အိန္ဒိယ၏ဆန်တင်ပို့မှုလုပ်ငန်းအတွက်စိန်ခေါ်မှု များစွာ ကြုံတွေ့ စေရကြောင်း AIREA အသင်းဥက္ကဋ္ဌ   Mr. Nathi Ram Gupta က ပြောဆိုသည်။ အဆိုပါအသင်းမှ အမှုဆောင်ဒါရိုက် Mr. Vinod Kaul ကလည်း ပိုးသတ်ဆေးြွကင်းပါဝင်ခွင့်အား အနောက်အာရှဒေသနိုင်ငံများက  EU

 နှင့် အဆင့်တူ  သတ်မှတ်ခဲ့ရာ အိန္ဒိယကုန်သည်များအနေဖြင့်   လိုက်လျောညီထွေဖြစ်အောင် အပြင်းအထန် အားထုတ်လုပ်ကိုင်နေရကြောင်း၊  EU အဖွဲ့ဝင်နိုင်ငံ များ၌ အရည်အသွေး သတ်မှတ်ချက်မှာ  တစ်ပြေးညီ ရှိသော်လည်း အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများတွင်မူ GSO, Codex နှင့် EU  တို့၏ စံသတ်မှတ်ချက်များအား ရောထွေးစွာ ပြဋ္ဌာန်းထားခြင်းက အခက် အခဲဖြစ်စေကြောင်း၊   ဤပြဿနာများက အိန္ဒိယ၏  ယခုနှစ်  ဆန် တင်ပို့မှု စာရင်းအင်းများအပေါ် ကြီးမားစွာ  သက်ရောက်စေမည် ဖြစ်သကဲ့သို့ တောင်သူလယ်သမားများနှင့်  ပြုပြင်ထုတ်လုပ်သူများ ကိုလည်း ထိခိုက်နိုင်ဖွယ်ရှိကြောင်း၊ သို့ဖြစ်ရာ တောင်သူလယ်သမား များအနေဖြင့် စိုက်ပျိုးရေးလုပ်ကိုင်ချိန်တွင်  ပြည်ပဈေးကွက်နိုင်ငံ များ၌ ပိုးသတ်ဆေးဓာတြွ်ကင်းပါဝင်ခွင့် သတ်မှတ်ချက်အား ကွဲပြား ခြားနားစွာ ပြဋ္ဌာန်းထားသည်ကို   သိရှိနားလည်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံ၏   လယ်ယာကဏ္ဍ   အသိပညာပေးလုပ်ငန်းများကို ပြင်ဆင်လုပေ် ဆာင်ရန် လိုအပ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

 အိန္ဒိယနိုင်ငံ၌ လယ်ယာလုပ်ငန်းသုံး  ပိုးသတ်ဆေးများအား ထုတ်လုပ်ဖြန့်ဖြူးသည့်ကုမ္ပဏီများအနေဖြင့်  ၎င်းတို့၏ ပိုးသတ်ဆေး အုပ်စုများအား မှတ်ပုံတင်ခြင်းမပြုမီ  အဆိုပါ ထုတ်ကုန်များကို EU နှင့် အမေရိကန်နိုင်ငံတို့၌မှတ်ပုံတင်ထားရှိနှင့်ပြီးဖြစ်ကြောင်း စာရွက် စာတမ်း အထောက်အထားများ ဦးစွာတင်သွင်းစေရေး စီစဉ်ဆောင် ရွက်ရန် AIREA က တောင်းဆိုထားသည်။အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသို့ပေးပို့ သည့် စာတွင် ဒူဘိုင်းမြူနီစီပယ် အာဏာပိုင်သည် လက်လီဈေးကွက် အတွင်း     ရောင်းချလျက်ရှိသော ဘာစမာတီဆန်များကို   နမူနာ ကောက်ယူစစ်ဆေးလျက်ရှိကြောင်းနှင့်  Thiamethoxam နှင့်Tri-cyclazole ပိုးသတ်ဆေးဓာတြွ်ကင်းပါဝင်မှုမှာ သတ်မှတ်ခွင့်ပြုချက် ထက် ပိုမိုကြောင်းတွေ့ရှိရပါက ဆန်တင်သွင်းမှုကို လက်မခံဘဲ ငြင်း ပယ်မည်ဖြစ်သည်ဟု အိန္ဒိယ ပို့ကုန်လုပ်ငန်းရှင်များထံ  စတင်အသိ ပေးဆောင်ရွက်လျက်ရှိကြောင်းဖြင့်  AIREA  က ဖော်ပြထားသည်။ အိန္ဒိယဆန်ကုန်သည်အသင်း၏   ပြောဆိုမှုအရ အိုမန်၊ လက်ဘနွန် နှင့် အီဂျစ်နိုင်ငံတို့သည် လွန်ခဲ့သော တစ်နှစ်ကာလကပင်  ပိုးသတ် ဆေးဓာတြွ်ကင်းဆိုင်ရာ လိုအပ်ချက် အတိအကျအား ကုန်သွယ်ဘက် များထံ ကြိုတင်အသိပေးခြင်းမရှိဘဲ   နမူနာစမ်းသပ်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။ Mr. Vinod Kaulက ၎င်းတို့အသင်းသည်  ဤကိစ္စရပ်အပေါ် ကိုင်တွယ်ဖြေရှင်းရန် အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့်လယ်ယာပို့ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့(APEDA) တို့ထံ တောင်းဆိုခဲ့သည်မှာ နှစ်နှစ်ကြာကတည်းကပင်ဖြစ်ကြောင်း၊ EU  အဖွဲ့ဝင်နိုင်ငံများ၌  မှတ်ပုံတင်ထားခြင်းမရှိသော ပိုးသတ်ဆေး များအတွက် ဓာတြွ်ကင်းပါဝင်မှု အမြင့်ဆုံးပမာဏခွင့်ပြုချက်များ (MRLs) ကို  ဝ.ဝ၁  ppm သတ်မှတ်ထားကြောင်း၊  သို့ဖြစ်ရာ အိန္ဒိယ နိုင်ငံတွင်လည်း ျြွျူ သတ်မှတ်ထားခြင်း မရှိသေးသော ပိုးသတ် ဆေးများအတွက် အလားတူ ဆောင်ရွက်လျက် ချက်ချင်း  လက်ငင်း တားမြစ်သင့်ကြောင်း ပြောဆိုသည်။MRLs ၏ ဖော်ပြချက်အရ ၂၀၂၀-၂၁ ခုနှစ်တွင် အိန္ဒိယမှ ပြည်ပသို့ ဘာစမာတီ ဆန်တင်ပို့မှု တန်ဖိုးမှာ ရူပီးငွေ ၂၉၈၅၉ ကုဋေ ရှိပြီး ၎င်းအနက် အနောက်အာရှနိုင်ငံများသို့ တင်ပို့မှုတန်ဖိုး  ရူပီး ၂၂၈၄၉ ကုဋေ ပါဝင်ကြောင်း၊ ဥရောပသမဂ္ဂ နိုင်ငံများသို့ ဘာစမာတီ ဆန် တန်ချိန် ၃၉၇၀ဝ၀ အား ၂၀၁၇-၂၀၁၈ ခုနှစ်၌ တင်ပို့ခဲ့သော် လည်း ၂၀၁၉-၂၀၂၀ ခုနှစ်တွင်    တင်ပို့မှု တန်ချိန် ၂၄၁၀ဝ၀ သို့ ကျဆင်းခဲ့ကြောင်း သိရှိရသည်။

နေအေးလွင်(စီးပွားရေးသံမှူး)