Main menu

Background

စားသုံးဆီများ တရားမဝင်တင်သွင်းမှုက ပြည်တွင်းလုပ်ငန်းကို ထိခိုက်စေကြောင်း အိန္ဒိယ ဆီစက်လုပ်ငန်းအသင်းပြော

Thu, 06/10/2021 - 15:17 -- journal_editor

အိန္ဒိယနိုင်ငံ၌  ဈေးနှုန်းများမြင့် တက်မှုနှင့်အတူ     စားသုံးဆီများမှာ ပြည် တွင်းဈေးကွက်သို့     တရားမဝင် ဝင်ရောက်လျက်ရှိရာ   ပြည်တွင်းကုန် ထုတ်လုပ်သူများနှင့်    တောင်သူလယ် သမားများအပေါ် ထိခိုက်စေနိုင်သဖြင့် အရေးယူဆောင်ရွက်မှုပြုရန်    အိန္ဒိယ ဆီစက်လုပ်ငန်းရှင်များအသင်း(SEA) က တောင်းဆိုလိုက်သည်။အဆိုပါအသင်းက  အိန္ဒိယ ဗဟို အစိုးရထံသို့  စာရေးသားပေးပို့ရာတွင် အကောက်ခွန်နှုန်းထား  သုည  ရာခိုင် နှုန်းအထိ   သက်သာခွင့်ရရှိမှုကို  အခွင့် ကောင်းယူ၍  အခြားပင်ရင်းနိုင်ငံများမှ ထုတ်လုပ်သော   စားအုန်းဆီနှင့် ပဲပုပ် ဆီများမှာ ပြည်တွင်းဈေးကွက်သို့   အိမ် နီးချင်း နီပေါနိုင်ငံမှတစ်ဆင့် ဝင်ရောက် လျက်ရှိကြောင်း၊  နီပေါနိုင်ငံ၌ ပဲပုပ်စိုက် ပျိုးထုတ်လုပ်ခြင်းမရှိသကဲ့သို့  ပဲပုပ်ဆီ ကို အဓိကအားဖြင့်  တောင်အမေရိက ဒေသမှ ရယူတင်သွင်းလျက်ရှိကြောင်း၊ ပြင်ပမှတင်သွင်းသည့်     ပဲပုပ်စေ့များ အား   စားသုံးဆီထုတ်လုပ်နိုင်စွမ်းမှာ လည်း      အနည်းမျှသာရှိကြောင်း၊ အလားတူ စားအုန်းဆီကိုလည်း နီပေါ နိုင်ငံ၌    စိုက်ပျိုးထုတ်လုပ်ခြင်းမရှိဘဲ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ထံမှ တင်သွင်းခြင်းဖြစ်ကြောင်း၊ ပင်ရင်းနိုင်ငံ စည်းမျဉ်း(ROO)ကို မထီမဲ့မြင်ပြုလျက် အခွန်သက်သာမှုရရှိရန် အလို့ငှာ နီပေါ နိုင်ငံ သို့မဟုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်သန်း၍     ကုန်တင်သွင်းမှုလမ်း ကြောင်း ဖြစ်ပေါ်လျက်ရှိကြောင်း၊အိန္ဒိယ ဘဏ္ဍာရေးဝန်ကြီးဌာနသည်     ROOအလွဲသုံးမှုကို      စစ်ဆေးရမည့်အစား တင်းကျပ်သည့် လုပ်ထုံးလုပ်နည်းများ ကိုသာ ၂၀၂၀ ပြည့်နှစ် သြဂုတ်လတွင် အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့ကြောင်း၊ သို့ဖြစ်ရာ အိန္ဒိယနိုင်ငံအတွင်း    ROOစည်းမျဉ်းအား    အလွဲသုံးစားပြုလျက်  အကောက်ခွန်ကင်းလွတ်စွာဖြင့်   ပဲပုပ် ဆီများ တင်သွင်းမှုရှိနေဆဲဖြစ်ကြောင်း၊ ထိုသို့ စားသုံးဆီများ   ပြည်တွင်းဈေး ကွက်သို့ဝင်ရောက်မှုမှာ ကနဦးအစပိုင်း တွင်  သတိပေးသည့်အဆင့်မျှသာရှိသော် လည်း ယခုအခါ အိန္ဒိယနိုင်ငံ   အရှေ့ ပိုင်းနှင့် မြောက်ပိုင်းဒေသများရှိ    ဟင်း သီးဟင်းရွက်ဆီထုတ်လုပ်သောလုပ်ငန်း များ၏ ရပ်တည်ရှင်သန်မှုကို    ခြိမ်း ခြောက်သည့်  အခြေအနေသို့ ရောက်ရှိ နေပြီဖြစ်ကြောင်း၊    အစိုးရ၏ အခွန် ဘဏ္ဍာရရှိမှုကိုလည်း       ဆုံးရှုံးမှုများ ဖြစ်ပေါ်စေကြောင်း၊ ထို့ပြင် စားသုံးဆီ များအပေါ် မြင့်မားသည့် အကောက်ခွန် နှုန်းထားများ  သတ်မှတ်ထားသည့် ရည်  ရွယ်ချက်ကို ပျက်သုဉ်းစေသကဲ့သို့ ပြည် တွင်းဈေးကွက်ကိုလည်း     ပျက်စီးစေ လျက်ရှိကြောင်း စသည်ဖြင့် ဖော်ပြထား သည်။

နီပေါနှင့် ဘင်္ဂလားဒေ့ရှ်တို့ အပါ အဝင်  SAARC အဖွဲ့အတွင်းရှိ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ   ငါးနိုင်ငံမှ   အိန္ဒိယ နိုင်ငံသို့ တင်ပို့သော ကုန်စည်များစွာ သည်     ၂၀၁၁ ခုနှစ်ကတည်းကပင်  SAFTA ကုန်သွယ်ရေးသဘောတူညီ ချက်အရ အကောက်ခွန်နှုန်းထား သုည ရာခိုင်နှုန်းအထိ     သက်သာခွင့်ရရှိခဲ့ ကြောင်း သိရှိရသည်။

နေအေးလွင် (စီးပွားရေးသံမှူး)