Main menu

Background

တောင်ကိုရီးယားနိုင်ငံ၌ လက်ရှိနွေရာသီကာလမှစ၍ အားလပ်ရက် ပြည်ပခရီးသွားလာခြင်းများ ပြန်လည်တိုးတက်လာနိုင်

Fri, 07/02/2021 - 13:29 -- journal_editor

သက်ဆိုင်ရာနိုင်ငံများနှင့်  Travel Bubble Agreement များအရ     တောင်ကိုရီးယားနိုင်ငံ၌ ကာကွယ်ဆေးအပြည့်အဝထိုးပြီးသူများအား အဖွဲ့ လိုက်ခရီးသွားခြင်း (Group Tour)များကို ၂၀၂၁ ခုနှစ် ဇူလိုင်လ အစောပိုင်းခန့်မှစ၍     ခွင့်ပြုရေး တောင်ကိုရီးယားအစိုးရက     စီစဉ်ဆောင်ရွက် လျက်ရှိရာ   တောင်ကိုရီးယားနိုင်ငံ၏ ၂၀၂၁ ခုနှစ် ယခုနွေရာသီကာလမှစ၍   ပြည်ပခရီးသွားလာမှု ကဏ္ဍ ပြန်လည်ပွင့်လန်းတိုးတက်လာတော့မည်   ဖြစ်ကြောင်းသတင်းများက ရေးသားဖော်ပြလျက် ရှိသည်။

ဤTravel Bubble အစီအစဉ်သည် ကာလ ရှည်ကြာနေသည့် hf  COVID-19  ကူးစက်ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကြောင့် အထိနာခဲ့ရသည့်   လေ ကြောင်းကဏ္ဍနှင့် ခရီးသွားကဏ္ဍပြန်လည် နာလန် ထူတိုးတက်စေရေးကို    ပံ့ပိုးနိုင်ရန်    ရည်ရွယ် ကြောင်း၊ တောင်ကိုရီးယားနိုင်ငံအတွင်းCOVID-19   ကာကွယ်ဆေးထိုးမှုသည်    အရှိန်ရလာသည်နှင့် အမျှ ဤအစီအစဉ်ကို အကောင်အထည်ဖော်နိုင် ခြင်းဖြစ်ကြောင်း၊   တောင်ကိုရီးယားအစိုးရသည် စင်ကာပူနိုင်ငံအပါအဝင်     ကမ္ဘာ့နိုင်ငံအများ အပြားနှင့်Travel Bubble  များ  ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးထားပြီးဖြစ်ကြောင်း      အစိုးရ တာဝန်ရှိသူများ၏  ထုတ်ဖော်ပြောကြားချက်အရ သိရသည်။Travel Bubble ဆိုသည်မှာ COVID-19  ကူးစက်မှုနှုန်းတူညီသော   နိုင်ငံနှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော  နိုင်ငံများအကြား ျှကမေညေအငညန နေထိုင်ရန်မလိုဘဲ   ခရီးသွားလာခွင့်ပြုမည့်အစီ အစဉ်ဖြစ်ကြောင်း၊     Ministry of Interior and Safety (Korea)  ၏   ထုတ်ပြန်ကြေညာချက်အရ ၂၀၂၁ ခုနှစ် ဇွန်လဒုတိယပတ်ခန့်တွင်   လူဦးရေ ၁၀သန်း သို့မဟုတ် နိုင်ငံ့လူဦးရေ၏ ၂၀ ရာခိုင်နှုန်း ခန့်သည် ၎င်းတို့၏COVID-19 ကာကွယ်ဆေး ပထမအကြိမ်ထိုးခြင်းလုပ်ငန်းစဉ်ကို   ပြီးမြောက် နိုင်မည်ဖြစ်ကြောင်း လေ့လာသိရှိရသည်။

တောင်ကိုရီးယားအစိုးရ၏   အဆိုပါအစီ အစဉ်နှင့်အညီ သက်ဆိုင်ရာ   လေကြောင်းလိုင်း များနှင့်      ခရီးသွားအေဂျင်စီများတို့သည်လည်း လေယာဉ်ခရီးစဉ်များ၊   ခရီးသွား Package အစီ အစဉ်များကို  လျင်မြန်စွာ အကောင်အထည်ဖော် နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြပြီဖြစ်ကြောင်း၊ Jeju Air အနေဖြင့်ခရီးသွားဝယ်လိုအား တိုးတက် လာမှုအခြေအနေအရ  စပိန်နိုင်ငံသို့ခရီးစဉ်ကိုဇွန် ၈ရက်တွင် ပြန်လည်ပျံသန်းပြေးဆွဲခဲ့ပြီးAsiana လေကြောင်းလိုင်းအနေဖြင့် အလားတူခရီးစဉ်ကို ၂၀၂၁ ခုနှစ်ဇူလိုင်လတွင် စတင်ပျံသန်းပြေးဆွဲသွား မည်ဖြစ်ကြောင်း၊ ထို့ပြင် တောင်ကိုရီးယားအစိုးရက ဦးစားပေးအစီအစဉ်အရ  မထိုးဖြစ်၍ ပိုလျှံသည့် COVID-19 ကာကွယ်ဆေးများအား ပြည်သူများ သို့ ထိုးနှံခွင့်ပြုလိုက်သည့်အစီအစဉ်ကို စတင်ခဲ့ပြီး သည့်နောက် ၂၀၂၁ ခုနှစ် မေ၂၇ ရက်မှစ၍ ပြည်ပ သို့ခရီးသွားBookingဆောင်ရွက်မှုသည် မေလ၊ ဒုတိယပတ်နှင့်နှိုင်းယှဉ်လျှင်  ၄၄၂  ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့သည်ဟုE-Commerce Platformတစ်ခုဖြစ်သည့် WeMakePrice ထံမှ သိရှိရသည်။

အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကမ္ဘာ့ကူးစက်ကပ်ရောဂါကြောင့်    ခုနစ်လကြာ ပိတ်ထားခဲ့ရသည့် ဆိုက်ရောက်အခွန်ကင်းလွတ်ဆိုင်များ (Arrival Duty-Free Shops) ကို ၂၀၂၁ ခုနှစ် ဇွန် ၄ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း၊COVID-19    ကမ္ဘာ့ကူးစက်ကပ်ရောဂါသည် လေကြောင်းကဏ္ဍနှင့်    ခရီးသွားလာမှုကဏ္ဍကို အပြင်းအထန် ထိုးနှက်ခဲ့ကြောင်း၊ယခုကဲ့သို့ ပြည်ပ ခရီးစဉ်များ ပြန်လည်စတင်ခြင်းက ပြည်သူအများ တောင်းတလျက်ရှိသော     COVID-19မတိုင်မီ ကာလအခြေအနေကို    ပြန်လည်ရောက်ရှိတော့ မည့် လက္ခဏာတစ်ရပ်ဖြစ်ကြောင်း  ဝန်ကြီးချုပ် ုငာ သြသ-ုပကာ က ဃဥဠှီု-၁၉ တုံ့ပြန်ရေးဆိုင် ရာ အစိုးရအစည်းအဝေးတစ်ရပ်၌    ထုတ်ဖော် ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ      ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင် ရေးဝန်ကြီးဌာနတို့သည် စင်ကာပူနိုင်ငံ၊ ထိုင်ဝမ် နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ွကော ဒေသနှင့်  စပိန်နိုင်ငံတို့ အပါအဝင် ကမ္ဘာ့နိုင်ငံ/ နယ်မြေဒေသအများ အပြားသို့      ွှမလေနူ ကြဘဘူန ဗါမနနာနညအ  များ ဆောင်ရွက်ရန်ရည်ရွယ်ထားကြောင်း၊ လက်ရှိတွင် စင်ကာပူနိုင်ငံနှင့်    ျွှသမုငညါ-ူနလနူ ဆွေးနွေး ညှိနှိုင်းမှု ဆောင်ရွက်ဆဲဖြစ်ပြီး    အခြားနိုင်ငံများ နှင့်ဆက်လက်ဆွေးနွေးနိုင်ရန်  ဆောင်ရွက်လျက် ရှိကြောင်း၊ စင်ကာပူနိုင်ငံသည်   ဃဥဠှီု-၁၉ ကူး စက်ရောဂါတိုက်ဖျက်ရေးကို အောင်မြင်စွာဆောင် ရွက်နိုင်ခဲ့သည့်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင် ကာကွယ်ဆေးထိုးပြီးမှုအခြေအနေသည်လည်း ၄၀ ရာခိုင်နှုန်းခန့်ရှိကြောင်း၊    အပြန်အလှန်ယုံကြည်မှု အပေါ်အခြေခံ၍Travel Bubble Agreement ကို လက်မှတ်ရေးထိုးခြင်းသည်     တောင်ကိုရီးယား နိုင်ငံအတွက် ပြည်သူ့ကျန်းမာရေးအကျပ်အတည်း နှင့်အတူ အောင်မြင်မှုကိုမြှင့်တင်ရန် အခွင့်အလမ်း တစ်ရပ်ပင်ဖြစ်ကြောင်းသိရှိရသည်။

Travel Bubble   သဘောတူညီချက်ရှိရာ ပြည်ပနိုင်ငံများသို့  Group Tour လိုက်ပါမည့်သူများ အနေဖြင့် မိမိနိုင်ငံမှ    ခရီးမထွက်ခွာမီ သုံးရက် အလိုတွင်COVID-19  ရောဂါကင်းရှင်းကြောင်း သက်သေခံလက်မှတ်ကို   သက်ဆိုင်ရာသို့တင်ပြရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံသို့ရောက်ရှိ ချိန်တွင် COVID-19 Test  ထပ်မံ  စစ်ဆေးရမည် ဖြစ်ပြီး  ရောဂါကင်းရှင်းပါက Quarantineကင်း လွတ်ခွင့်ပြု၍     Group Tour လည်ပတ်ခွင့်ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊    ခရီးသွားများ အနေဖြင့်နိုင်ငံနှစ်ခုအကြားတိုက်ရိုက်လေကြောင်း လိုင်းကိုသာ  စီးနင်းခွင့်ရှိကြောင်း၊ ခွင့်ပြုနိုင်မည့် လေကြာင်းခရီးစဉ် အရေအတွက်နှင့်    ခရီးသည် အရေအတွက်ကိုမူ    ဆွေးနွေးဆဲဖြစ်ကြောင်း၊ တစ်ဦးချင်းခရီးသွားလာခြင်း (Individual Tour) အတွက်မူ  ထိန်းချုပ်နိုင်ရေးခက်ခဲသဖြင့် လက်ရှိ အခြေအနေတွင်  Group Tour များကိုသာ  ခွင့်ပြု နိုင်ဦးမည်ဖြစ်ကြောင်း လေ့လာသိရှိရသည်။

ဝင်းပပသူ (စီးပွားရေးသံမှူး)