Main menu

Background

စိန်တလုံးသရက် ပြည်တွင်းဈေးကွက် အားကိုးနေရ

Fri, 07/02/2021 - 13:52 -- journal_editor

ကသာခရိုင် ကသာမြို့နယ်  စိန်တလုံး သရက်စိုက်ဧက ၆၀ဝ၀ ကျော်ရှိပြီး    ရာသီပေါ် စိန်တလုံးသရက်သီးများကို မန္တလေးဈေးကွက်မှတစ်ဆင့်   တရုတ်ဈေးကွက်သို့  တင်ပို့ မှုရှိသည့်အတွက် တောင်သူများ  စိုက်ပျိုးမှုများပြားလာသည် ကို တွေ့ရသည်။  ယခုနှစ် တရုတ်ဈေးကွက်မှာ စိန်တလုံး သရက်သီးဈေး မကောင်းသည့်အတွက်  သရက်ခြံတောင်သူ များဒေသဈေးကွက်ကိုသာ အားကိုးနေရကြောင်းသိရသည်။စိန်တလုံးသရက်ခြံမှာ တစ်ဧက  အပင်၃၀စိုက်ပျိုးကာ အပင်လတ် ရှစ်နှစ်သားအရွယ်မှာတစ်ပင် အသီး ၁၅၀ ကျော် သီးပြီး တစ်ဧကကုန်ကျစရိတ်အနေဖြင့်  ပေါင်းရှင်း၊ ပိုးသတ်၊ အားဆေးကျွေး၊ အိတ်စွပ်၊ ခူးဆွတ်အပါအဝင် ကျပ်လေးသိန်း နီးပါး ကုန်ကျသည်။ တစ်ဧက  အကျိုးအမြတ်အနေဖြင့် လက်ရှိ ရောင်း ဈေးမှာတစ်လုံး ကျပ် ၁၅၀ သာရှိသည့်အတွက်  မရှုံးရုံတမယ် ငါးသောင်း၊ တစ်သိန်းကျန်ကြောင်း၊ တရုတ် ဝယ်လက်  မရှိသည့်အတွက် ပြည်တွင်းဈေးကွက်ဖြစ်သော  ကချင်ပြည်နယ် မိုးကောင်း၊ တနိုင်း၊ ဖားကန့်နှင့် ဗန်းမောက် မြို့နယ်များကို ရောင်းချလျက်ရှိကြောင်း သရက်စိုက်ပျိုးသူ တစ်ဦးထံမှ သိရသည်။                     

 

ကြည်နိုင်ဦး(အင်းတော်)