Main menu

Background

၂၀၂၀ ပြည့်နှစ်တွင် အော်ဂဲနစ်စိုက်ပျိုးရေးစားသောက်ကုန် တန်ချိန် သုံးသန်းခန့် တင်သွင်းခဲ့သည့် အီးယူ

Mon, 07/05/2021 - 14:20 -- journal_editor

           အီးယူ၏ အော်ဂဲနစ်စားသောက်ကုန်ဈေးကွက် တိုး တက်လာမှုနှင့်အတူ ၂၀၂၀ ပြည့်နှစ်တွင် အီးယူသည် အော်ဂဲနစ် စိုက်ပျိုးရေး စားသောက်ကုန် တန်ချိန် ၂ ဒသမ ၇၉ သန်း တင် သွင်းခဲ့ကြောင်း သိရသည်။ သို့သော် ၂၀၁၉ ခုနှစ်က ၎င်းကုန် စည်များကို တန်ချိန် ၂ ဒသမ ၈၅ သန်း အထိ တင်သွင်းခဲ့ သဖြင့် ၂၀၂၀ ပြည့်နှစ်တွင်  တင်သွင်းမှု ၁ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ဥရောပကော်မရှင်က ထုတ်ပြန်ခဲ့သည့် အော်ဂဲနစ်စိုက် ပျိုးရေး  စားသောက်ကုန်များ တင်သွင်းမှု  အချက်အလက် များအရ အဓိကတင်သွင်းခဲ့သည့် ကုန်စည်များမှာ အပူပိုင်း ဒေသထွက် သစ်သီးဝလံများ(tropical fruits)၊အခွံမာသီးများ (nuts) နှင့် ဟင်းခတ်အမွှေးအကြိုင်များဖြစ်ပြီး တင်သွင်းမှု၏ ၃၀ ရာခိုင်နှုန်းရှိခဲ့သည်။ Oilcakes များ တင်သွင်းမှု (၈ ရာခိုင် နှုန်း)၊ မုန်လာဥသကြားနှင့် ကြံသကြား (beet and cane sugar) တင်သွင်းမှု ၇ရာခိုင်နှုန်းနှင့် ဟင်းသီးဟင်းရွက်များ တင်သွင်း မှု  ၅ ရာခိုင်နှုန်းတို့ ဖြစ်ကြသည်။

       ဟင်းသီးဟင်းရွက်ဆီ၊ ဆီထွက်သီးနှံ၊ သကြား၊ နို့မှုန့်၊ ထောပတ်၊  ကော်ဖီစေ့နှင့် ကိုကိုး စသည်တို့ အပါအဝင် အော်ဂဲနစ်စိုက်ပျိုးရေးထွက် ကုန်စည်  (commodities)  များကို တင်သွင်းမှုသည် ၂၀၂၀ ပြည့်နှစ်တွင် ပမာဏအားဖြင့် ၄၈ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ၂၉ ရာခိုင်နှုန်း ရှိခဲ့သည်။ အသား၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ နို့ ၊ ဒိန်ချဉ်၊ ပျားရည် စသည် တို့အပါအဝငိ primary products  များ တင်သွင်းမှုသည် ပမာဏ အားဖြင့် ၄၂ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ၅၃ ရာခိုင်နှုန်းရှိခဲ့ ကြောင်း သိရသည်။ပျားရည်သည် အီးယူသို့အဓိကတင်သွင်းသည့် တိရစ္ဆာန် ထွက်ကုန်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် မက္ကဆီကိုနှင့် တရုတ် နိုင်ငံတို့မှ တင်သွင်းမှု လျော့ကျခဲ့သဖြင့် ၇ ရာခိုင်နှုန်းခန့် တင်သွင်းမှုကျဆင်းခဲ့သည်။ အီးယူသို့ ဘရာဇီးနိုင်ငံမှ ပျားရည် တင်သွင်းမှု မြင့်တက်ခဲ့သည်။

       အီးယူ၌ အော်ဂဲနစ်စိုက်ပျိုးရေး စားသောက်ကုန်များ  တင်သွင်းမှုတွင်   နယ်သာလန်နိုင်ငံက ၃၁ ရာခိုင်နှုန်းဖြင့် အဓိကတင်သွင်းသည့် နိုင်ငံဖြစ်သည်။ ၎င်းကုန်စည်များကို အဓိကတင်သွင်းသည့် အခြားအီးယူနိုင်ငံများအဖြစ် ဂျာမနီ ၁၈ ရာခိုင်နှုန်း၊ ဘယ်လ်ဂျီယံ ၁၁ ရာခိုင်နှုန်း၊ ပြင်သစ် ၁၀ ရာခိုင်နှုန်းတို့ဖြင့်   အသီးသီး  ရပ်တည်နေသည်။ အီးယူ၏အော်ဂဲနစ်စိုက်ပျိုးရေး စားသောက်ကုန်များအတွက် အဓိက ကုန်သွယ်ဖက်နိုင်ငံများမှာ အီကွေဒေါ ၁၂ ရာခိုင်နှုန်း၊ ဒိုမီနီကန် သမ္မတနိုင်ငံ ၉ ရာခိုင်နှုန်း၊ တရုတ် ၈ ရာခိုင်နှုန်းနှင့် ယူကရိန်း ၈ ရာခိုင်နှုန်းတို့ ဖြစ်ကြောင်းသိရသည်။

 

ရင်းမြစ် - https://www.agriland.ieကျော်စိန်ဝင်း (စီးပွားရေးသံမှူး)