Main menu

Background

ဘရာဇီးနိုင်ငံ၌ ဆီးနှင်းများ ဆိုးရွားစွာကျရောက်မှုကြောင့် ပြောင်းစိုက်ခင်းများ ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးနိုင်

Mon, 07/05/2021 - 14:33 -- journal_editor

   ဘရာဇီးနိုင်ငံ Parana ပြည်နယ်တွင်  ဆီးနှင်းများ ဆိုးရွားစွာ  ကျရောက်လျက်ရှိနေသဖြင့်  သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးနိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထား သည်။ Parana ပြည်နယ်အတွင်းရှိ မြို့များတွင် ဖြစ်ပေါ် လျက် ရှိသည့် အပူချိန် အလွန်အမင်းကျဆင်းမှုသည်  သီးနှံပင်များ ဖွံ့ဖြိုးကြီးထွားရန်နှင့်  ရိတ်သိမ်းနိုင်သည့်အခြေအနေသို့ ရောက်ရှိမည့်   အခြေအနေတို့အတွက်  ဆိုးကျိုးများ သက် ရောက်လျက်ရှိကြောင်း ပြည်နယ် လယ်ယာစိုက်ပျိုးရေးအသင်း ချုပ်(Parana Federation of Agriculture - Faep) ၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

     အပူချိန် အလွန်အမင်းကျဆင်းမှုကြောင့် ပြောင်းစိုက် ခင်း စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းအထိ  ပျက်စီးနိုင်ကြောင်း၊ ထွက်ရှိလာမည့်  ပြောင်းစေ့များ၏ အရည်အသွေးလည်း ကျဆင်းမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း စိုက်ပျိုးထား သည့် ပြောင်းစိုက်ဧရိယာ ဟက်တာ ၄၅၀ဝ၀ အနက် ၁၅ ရာခိုင် နှုန်းခန့်သာ အောင်မြင်ထွက်ရှိနိုင်ကြောင်း  ရေထွက်ပစ္စည်း ဆိုင်ရာ  နည်းပညာကော်မတီ ဥက္ကဋ္ဌ EdmilsonZabott  က ပြောကြားခဲ့သည်။

     ပြောင်းသီးနှံစိုက်ပျိုးရာသီတွင် မိုးရေချိန်ရရှိမှု မလုံ လောက်ခြင်း၊ မိုးခေါင်မှုကြောင့် စိုက်ပျိုးချိန်နောက်ကျခြင်း နှင့် ဆီးနှင်းများ ကျရောက်မှုများကြောင့် ပြည်နယ်၏ ပြောင်း စိုက်ပျိုးထုတ်လုပ်မှု  ပမာဏသည် ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း၊ ထို့ပြင် စိုက်ပျိုးချိန် နောက်ကျခဲ့သည့် ဂျုံစိုက်ခင်းများလည်း ပျက်စီးဆုံးရှုံးမည် ဖြစ်သဖြင့် ဂျုံထွက် ရှိမည့် ပမာဏလည်း ကျဆင်းမည်ဖြစ်ကြောင်း Edmilson  က ပြောကြားခဲ့သည်။

   ပြောင်းသီးနှံအထွက်ပမာဏ ကျဆင်းမှုကြောင့် တိရစ္ဆာန် အစာထုတ်လုပ်မှုတွင် ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်နိုင် ကြောင်း၊ အကျိုးဆက်အနေဖြင့် တိရစ္ဆာန်မွေးမြူခြင်းနှင့် အသားထုတ်လုပ်သည့် လုပ်ငန်းတို့တွင် ကုန်ကျစရိတ် များ မြင့်တက်လာမည်ဖြစ်ကြောင်း၊ ထို့ပြင် လက်ရှိဖြစ်ပေါ်နေ သည့် အပူချိန် ထူးကဲစွာကျဆင်းမှုကြောင့်Parana ပြည်နယ် အနောက်ပိုင်းရှိ  ငါးမွေးမြူရေးကန်များတွင် မှိုတစ်မျိုး ဖြစ် ပေါ်လျက်ရှိကြောင်း၊ အဆိုပါ  မှိုဖြစ်ပေါ်မှုကို ဖြေရှင်းနိုင်ရန် အတွက် နည်းလမ်းများ ရှာဖွေလုပ်ဆောင်လျက်ရှိကြောင်း ငါးနှင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းရှင် Zabott က သတင်း ဌာနသို့ ပြောကြားခဲ့သည်။

အပူချိန်  အလွန်အမင်းကျဆင်းမှုနှင့်   ဆီးနှင်းများ ကျရောက်မှုသည် ကော်ဖီသီးနှံ စိုက်ခင်းများ အပေါ်တွင်လည်း ထိခိုက်မှုများ ဖြစ်ပေါ်နေ ကြောင်း၊ ကော်ဖီပင်များ ညှိုးလျော် လာသည့်အတွက် ၂၀၂၂ ကော်ဖီခူးဆွတ်ရာသီတွင် အထွက် နှုန်းကျဆင်းမှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း၊ ၎င်းစိုက်ပျိုးထား သည့်  ကော်ဖီစိုက်ခင်းဧရိယာ    ဟက်တာ ၁၄၀ အနက် ဟက်တာ ၇၀ ခန့်အထိ ပျက်စီးဆုံးရှုံးနိုင်ကြောင်း Mandaguari    မြို့ရှိ ကော်ဖီလုပ်ငန်းရှင် Fernando Lopes က ပြောကြားခဲ့ သည်။

သတင်းရင်းမြစ် - analrural.com.br

ထွန်းအောင်ဇော် (စီးပွားရေးသံမှူး)