Main menu

Background

နစ်ဆန်း အနေဖြင့်ပြည်ပတင်ပို့မှုအတွက် အာရုံစိုက်လျှက်ရှိ

Mon, 08/30/2021 - 12:03 -- journal_editor

         နစ်ဆန်းမော်တာ(ထိုင်း)Nissan Motor (Thai)၏ ပြည်တွင်းဈေးကွက် မှာ ဆက်လက် ဖြစ်ပွားနေသော Covid-19 ကပ်ရောဂါဒါဏ်ကိုခံစားနေရသဖြင့် ပြည်ပအရောင်းမြှင့်တင်ရန် ရည်မှန်းလျှက်ရှိကြောင်း သိရှိရပါသည်။ ယိုကိုဟားမားအခြေစိုက် ကုမ္ပဏီအနေဖြင့် ယခုနှစ် ဒုတိယ နှစ်ဝက်တွင်  ပြည်တွင်းကားအရောင်းမှာ နှေးကွေးလိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါ သည်။

          ၂၀၂၀ပြည့်နှစ်ဘဏ္ဍာနှစ်(၂၀၂၀ပြည့်နှစ်ဧပြီလမှ၂၀၂၁ခုနှစ်မတ်လ)အတွက် နစ်ဆန်းမိုတာ (ထိုင်း) အနေဖြင့် ပြည်တွင်းကားအရောင်းအတွက် ကားအစီးရေ(၃၉,၆၀၀)စီး ရောင်းချခဲ့ပြီး ဈေးကွက် ဝေစု(၅%)ရရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ပါသည်။ နစ်ဆန်းမော်တာ(ထိုင်း)၏ ဉက္ကဌ Isao Sekiguchi က ကုမ္ပဏီအနေဖြင့် ကမ္ဘာ့စီးပွားရေးပြန်လည်နာလန်ထူလာမှုနှင့် အရှေ့ အလယ်ပိုင်းဈေးကွက်ကဲ့သို့သောအလားအလာကောင်းများရှိနေသည့်ဈေးကွက်များသို့ အာရုံစိုက် လိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

          Covid-19 ကပ်ရောဂါဖြစ်ပွားမှုက အာဆီယံနှင့်ဂျပန်အပါအဝင်များစွာသောတိုင်းပြည်များကိုရိုက်ခတ်စေခဲ့ကြောင်း၎င်းကပြောကြားခဲ့ပါသည်။ထိုင်းနိုင်ငံအနေဖြင့်lockdown အစီအမံ များ ကစီးပွားရေးကိုနှေးကွေးစေသော်လည်း၎င်းတို့ကိုပြန်လည်၍ပြင်ဆင်ခဲ့ကြောင်းသိရှိရပါသည်။

ထိုင်းအစိုးရအနေဖြင့် lockdown ကာလကိုသက်တမ်းတိုးချဲ့ရန်နှင့် ဗန်ကောက် အပါအဝင် (၂၉) ပြည်နယ်အထိတိုးချဲ့ရန်ဆုံးဖြတ်ခဲ့ကြောင်းသိရှိရပါသည်။

          ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုထိန်းချုပ်ရန်အတွက်ခရီးသွာလာမှုနှင့်လက်လီလုပ်ငန်းများအားကန့် သတ် ထားခဲ့ပါသည်။အဆိုပါအစီအမံများက စားသုံးသူများ၏ဝယ်ယူနိုင်စွမ်းအားကို လျှော့ကျ စေကြောင်းနှင့်ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများက ကပ်ရောဂါကာလအတွင်း အလိုအလျောက် ချေးငွေ(Auto loans)များအတွက် တင်းကြပ်သောငွေချေးမှုစံနှုန်းများကို ချမှတ်ထားခဲ့ကြောင်း သိရှိရပါသည်။

          နစ်ဆန်းမော်တာ(ထိုင်း)အနေဖြင့် ၂၀၂၁ခုနှစ်တွင် ပြည်တွင်းကားအရောင်းကို အစီးရေ (၇၀၀,၀၀၀)မှ(၇၅၀,၀၀၀)အထိရောင်းချနိုင်ရန်မျှော်မှန်းထားခဲ့ကြောင်းနှင့် ၎င်းမှာယခင်နှစ်က ပြည်တွင်းအရောင်းဖြစ်သောအစီးရေ(၈၀၀,၀၀၀)ထက် ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရှိရပါ သည်။ အခြားသောထုတ် လုပ်သူများကဲ့သို့  Mr. Sekiguchi က ဗိုင်းရပ်စ်ကူးစက်မှုကို ရပ်တန့်ရန်အတွက် ကာကွယ်ဆေးထိုးနှံမှုကို လူအများအပြားကိုထိုးနှံပေးရန်လိုအပ်ကြောင်း အလေးအနက်ပြောကြားခဲ့ပါသည်။

          နစ်ဆန်းမော်တာ(ထိုင်း)အနေဖြင့် ဆီမီးကွန်ဒတ်တာများ မလုံလောက်မှုနှင့်ရင်ဆိုင်နေရ ကြောင်း၊သို့ရာတွင် အဆိုပါ ပြဿနာကြောင့် ကားထုတ်လုပ်မှုကို အကြီးအကျယ်ထိခိုက်စေခြင်းမှကာကွယ်ရန်ကွန်ပျူတာချစ်ပ်များအား ပိုမိုထုတ်လုပ်သိုလှောင်ထားနိုင်ရန်ကြိုးပမ်းဆောင်ရွက်နေ ကြောင်းသိရှိရပါသည်။ နစ်ဆန်းမော်တာ(ထိုင်း)ကုမ္ပဏီအနေဖြင့် ထိုင်းနိုင်ငံ၏ ထိပ်တန်းကား အမှတ်တံဆိပ်(၅)ခုအနက်တစ်ခုအပါအဝင်ဖြစ်လာစေရန် ၎င်း၏ နစ်ဆန်းအမှတ်တံဆိပ် အား ကောင်းလာစေရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          နစ်ဆန်းမော်တာ(ထိုင်း)အနေဖြင့် ယခုလတွင် “ Terra ” ဟုအမည်ပေးထားသော ကာမော်ဒယ်သစ်ကို မိတ်ဆက်ရန်နှင့် ၎င်းတို့၏ အရောင်းပြခန်းအား အဆင့်မြှင့်တင်ရန် စီစဉ် နေကြောင်းသိရှိရပါသည်။ ထိုင်း တစ်နိုင်ငံလုံးတွင် နစ်ဆန် မော်တာ(ထိုင်း)၏ အရောင်းပြခန်း ပေါင်း(၁၇၈)ခုရှိကြောင်း၊ နစ်ဆန်းမော်တာ(ထိုင်း)အနေဖြင့် စမွတ်ပရာကန်တွင်စက်ရုံ(၂)ခုရှိပြီးနှစ်စဉ်မော်တော်ကားအစီးရေ(၂၅၀,၀၀၀)ထုတ်လုပ်လျှက်ရှိနေကြောင်းသိရှိရပါသည်။

              (လွင်မျိုးဇော်၊ စီးပွားရေးသံမှူး)

             မြန်မာသံရုံး၊ဗန်ကောက်မြို့