Main menu

Background

အလျှံအပယ်ထွက်ရှိတော့မည့် ဆောင်းဉီးကောက်ပဲသီးနှံများအတွက် သဘာဝဘေးအန္တရာယ်မှ ကာကွယ်မှုများ ကြိုတင်စီစဉ်ထားရေး တရုတ်နိုင်ငံက အလေးအနက်ထားနေ

Mon, 08/30/2021 - 12:30 -- journal_editor

             ဒေသအသီးသီး၌ မကြာမီကာလအတွင်း အလျှံအပယ်ထွက်ရှိလာတော့မည့် ဆောင်းဉီးကောက်ပဲသီးနှံများအတွက် စိတ်ချရစေရန် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး နှင့် တုံ့ပြန်ရေးဆိုင်ရာ စီမံဆောင်ရွက်မှုများကို စီစဉ်ထားကြရန် တရုတ် လယ်ယာစိုက်ပျိုး ရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက ဩဂုတ်လ (၁၇)ရက်နေ့တွင် အလေးအနက် ထုတ်ပြန်ကြေညာခဲ့ပါသည်။ လက်ရှိအချိန်တွင် ဆောင်းဉီးကောက်ပဲသီးနှံစိုက်ဧကမှာ တိုးပွားလာနေပြီး၊ သီးနှံများ ကောင်းစွာကြီးထွားလာနေကြောင်း၊ ရိတ်သိမ်းရာတွင် အကြီးမားဆုံးကြုံတွေ့နေရသည့် ခြိမ်းခြောက်မှုမှာ မိုးလေဝသဆိုင်ရာဘေးအန္တရာယ်များ ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုပါသည်။

တရုတ်နိုင်ငံတွင် ဩဂုတ်လနှင့် စက်တင်ဘာလများအတွင်း အလွန်ဆိုးရွား သည့် မိုးလေဝသအခြေအနေများနှင့် မကြာခဏကြုံတွေ့ရဖွယ်ရှိကာ၊ ဒေသအလိုက် မိုးမုန် တိုင်းများ ကျရောက်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းတို့ကိုလည်း ကြုံတွေ့ရနိုင်ကြောင်း မိုးလေဝသဆိုင်ရာပြောရေးဆိုခွင့်ရှိသူများက ပြောကြားထားပါသည်။

တရုတ်အရှေ့မြောက်ပိုင်းတွင် ရေခဲမှုများ စောစီးစွာ ကြုံတွေ့ရနိုင်သဖြင့် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားသင့်ကာ၊ မြစ်ဝါမြစ်၊ Huaihe မြစ်နှင့် Haihe  မြစ်ဝှမ်း ဒေသများတွင် သဘာဝဘေးအန္တရာယ်ကြုံတွေ့ပြီးနောက် ထုတ်လုပ်မှုပြန်လည်ပြုလုပ်နိုင် ရေးအတွက် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ဝန်ကြီးဌာနက သတိပေးပြောကြားထားပါ သည်။

တရုတ်နိုင်ငံတောင်ပိုင်းဒေသများတွင် ဆောင်းဉီးရာသီ၌ မိုးခေါင်ခြင်းနှင့် တိုင်ဖွန်းမုန်တိုင်းများဖြင့် ကြုံတွေ့ရနိုင်သည်ဟု သိရပါသည်။ အနောက်မြောက်ပိုင်းဒေသ များတွင် မိုးရွာသွန်းမှုများ ဖြစ်လာနိုင်သည့်အတွက် သီးနှံဖွံ့ဖြိုးကြီးထွားမှု ပြန်လည်ရရှိစေ ရန် ထိုမိုးရေများကို အသုံးပြုသင့်ကြောင်း ဝန်ကြီးဌာနက အကြံပြုပြောကြားထားပါသည်။

ရင်းမြစ်၊ Xinhua (၁၈-၈-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး