Main menu

Background

သက္ကရာဇ် ၂၀၃၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၏ ပဲပုတ်စေ့တင်သွင်းမှုသည် တစ်နှစ်လျင် တန်ချိန် ၁၁၀ သန်းအထိ ရောက်ရှိနိုင်

Mon, 08/30/2021 - 14:24 -- journal_editor

           ၂၀၂၁ ခုနှစ် နှစ်ကုန်ချိန်တွင် တရုတ်နိုင်ငံ၏ပဲပုတ်စေ့တင်သွင်းမှုသည် တန်ချိန် ၁၀၀ သန်း ဝန်းကျင်အထိရှိနိုင်ပြီး နှစ်စဉ် ပဲပုတ်စေ့တင်သွင်းမှုများတိုးတက်လျက်ရှိနေသဖြင့် သက္ကရာဇ် ၂၀၃၀ ပြည့်နှစ်ရောက်ရှိချိန်တွင် တရုတ်နိုင်ငံ၏ပဲပုတ်စေ့တင်သွင်းမှုသည် တန်ချိန် ၁၁၀ သန်းသို့ ရောက်ရှိ နိုင်ကြောင်း တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင်အခြေစိုက်သည့် ဘရာဇီးလ်နိုင်ငံ စိုက်ပျိုးရေးနှင့်မွေးမြူရေး ပူးပေါင်းဆောင်ရွက်ရေးအသင်း(Confederation of Agriculture and Livestock of Brazil - CNA) နှင့် ဘရာဇီးလ်နိုင်ငံရင်းနှီးမြှုပ်နှံမှုအသင်း(InvestSP)တို့ ဩဂုတ်လ ၂၅ ရက်နေ့တွင် ပူးတွဲထုတ်ဝေသည့် တရုတ်နိုင်ငံလယ်ယာကဏ္ဍသုံးသပ်ချက် ၂၀၂၁-၂၀၃၀ စာတမ်းတွင် ဖော်ပြထားသည်။

              အဆိုပါသုံးသပ်ချက် ၂၀၂၁-၂၀၃၀ စာအုပ်တွင် ၂၀၂၁ ခုနှစ်၊ ဧပြီလ၌ တရုတ်နိုင်ငံ၊ ဘေဂျင်း မြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် ၈ ကြိမ်မြောက် တရုတ်နိုင်ငံလယ်ယာစိုက်ပျိုးရေးအလားအလာများ ညီလာခံတွင် ဆွေးနွေးဖော်ထုတ်ခဲ့သည့်အချက်အလက်များအား ဖော်ပြထားသည်။ ညီလာခံတွင် တရုတ်နိုင်ငံ စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာန(Ministry of Agriculture and Rural Affairs - Mara)နှင့် တရုတ်နိုင်ငံ လယ်ယာစီးပွားရေးသိပ္ပံ(China Academy of Agribusiness Sciences - CAAS)တို့ကလည်း စာတမ်းများဆွေးနွေးခဲ့ကြပြီး လယ်ယာထွက်ကုန်စီးပွားရေးလုပ်ငန်းများနှင့် တရုတ်အစိုးရက အဓိကလယ်ယာထွက်ကုန်များဖြစ်သည့် ဆန်၊ ဂျုံ၊ ပြောင်း၊ ပဲပုတ်စေ့၊ ဆီထွက်သီးနှံ များ၊ ဝါဂွမ်း၊ ကြံနှင့်သကြား၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများ၊ အာလူး၊ ဝက်သား၊ အမဲသားနှင့် သိုးသား၊ နို့ထွက်ပစ္စည်းများ၊ ကြက်ဥ၊ ငါးနှင့် တိရိစ္ဆာန်အစာများ၏ ရှေ့လာမည့် ၁၀ နှစ်တွင်ဖြစ်ပေါ် နိုင်သည့် အလာအလာများနှင့်ပတ်သက်သည့်စာတမ်းများအား ဖတ်ကြားခဲ့သည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br