၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ပြောင်းတင်သွင်းမှုသည် သိသိသာသာတိုးတက်ခဲ့သော်လည်း လာမည့်နှစ်တွင်အနည်းငယ်ကျဆင်းနိုင်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် နှံစားသီနှံတန်ချိန် ၁၁.၃ သန်း တင်သွင်းခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၂၀ သန်းတင်သွင်းခဲ့သဖြင့် ၇၇ ရာခိုင်နှုန်း တိုးတက်တင်သွင်း ခဲ့ကြောင်း၊ တရုတ်အစိုးရသည် ပြည်ပသွင်းကုန်လျှော့ချနိုင်ရန်အတွက် ပြည်တွင်းထုတ်လုပ်မှုတိုးတက် စေမည့်မူဝါဒများချမှတ်၍ အားပေးမြင့်တင်လျက်ရှိကြောင်း၊ ၂၀၃၀ ပြည့်နှစ်ရောက်ရှိချိန်တွင် ပြောင်း တင်သွင်းမှု တန်ချိန် ၆.၅ သန်းအထိလျှော့ချနိုင်ရန် မျှော်မှန်းထားကြောင်း၊ ပြည်တွင်းပြောင်း စိုက်ပျိုးမှုကို တစ်နှစ်လျင် ၂.၄ ရာခိုင်နှုန်း တိုးတက်အောင်ဆောင်ရွက်လျက်ရှိပြီး လာမည့် ၉ နှစ်တွင် ပြောင်းတန်ချိန် ၃၃၂ သန်း စိုက်ပျိုးထုတ်လုပ်သွားရန် မျှော်မှန်းလုပ်ဆောင်နေကြောင်း စာတမ်းတွင် ဖော်ပြထားသည်။
(ထွန်းအောင်ဇော်)
စီးပွားရေးသံမှူး
သတင်းရင်းမြစ် - canalrural.com.br