Main menu

Background

တရုတ်နိုင်ငံ၏ အမဲသားထုတ်လုပ်မှု၊ စားသုံးမှုနှင့် တင်သွင်းမှုအခြေအနေ

Mon, 08/30/2021 - 14:32 -- journal_editor

            အမဲသားစားသုံးမှုမြင့်တက်နေသဖြင့် ပြည်တွင်းထုတ်လုပ်မှု တိုးတက်လျက်ရှိသော်လည်း အမဲသားတင်သွင်းမှုမှာ ဆက်လက်တိုးတက်နေမည်ဖြစ်ကြောင်း၊ အမဲသားထုတ်လုပ်မှုသည် ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၆.၈၄ သန်းအထိ ထုတ်လုပ်ရန် ခန့်မှန်းထားပြီး ၂၀၂၀ ပြည့်နှစ်ထက် ၁.၈ ရာခိုင်နှုန်း ပိုမိုတိုးတက်နိုင်ကြောင်း၊ အမဲသားထုတ်လုပ်မှုသည် ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၇.၂၉ သန်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် ၇.၉ သန်းအထိ တိုးတက်နိုင်ရန် ခန့်မှန်းထားကြောင်း၊ ပြည်တွင်းအမဲသားစားသုံးမှုသည် ၂၀၂၀ ပြည့်နှစ်တွင် တန်ချိန် ၈.၈၄ သန်းရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၈.၉၉ သန်းအထိရောက်ရှိ နိုင်ကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် တန်ချိန် ၁၀.၃ သန်းသို့ ရောက်ရှိရန်ခန့်မှန်းထားကြောင်း သုံးသပ် ဖော်ပြထားသည်။ အမဲသားတင်သွင်းမှုသည် ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၂.၁၅ သန်းအထိ ရောက်ရှိရန်နှင့် ၂၀၃၀ ပြည့်နှစ်တွင် တန်ချိန် ၂.၄ သန်းသို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

              ၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၏ အမဲသားတင်သွင်းမှုသည် တန်ချိန် ၂.၁၂ သန်းရှိခဲ့ပြီး ဘရာဇီးလ်နိုင်ငံမှ ၄၀ ရာခိုင်နှုန်း၊ အာဂျင်တီးနားနိုင်ငံမှ ၂၃ ရာခိုင်နှုန်း၊ ဩစတေးလျားနိုင်ငံမှ ၁၂ ရာခိုင်နှုန်း၊ ဥရုဂွေးနိုင်ငံမှ ၁၁ ရာခိုင်နှုန်း၊ နယူးဇီလန်နိုင်ငံမှ ၈ ရာခိုင်နှုန်း တို့ကို အသီးသီးတင်သွင်း ခဲ့ကြောင်း ဖော်ပြထားသည်။

              တရုတ်နိုင်ငံလယ်ယာကဏ္ဍသုံးသပ်ချက် ၂၀၂၁-၂၀၃၀ စာတမ်းတွင် ၂၀၂၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အကြားကာလတွင် တရုတ်နိုင်ငံ၏လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် နှစ်စဉ်ပျမ်းမျှ ၄.၉ ရာခိုင်နှုန်း ရှိနိုင်ကြောင်း၊ မြို့ပြနှင့်ကျေးလက်တို့၏ တစ်ဦးချင်းတစ်နှစ်ဝင်ငွေတိုးတက်မှုနှုန်းသည် ၃ ရာခိုင်နှုန်းနှင့် ၆ ရာခိုင်နှုန်းတို့အသီးသီးရှိနိုင်ကြောင်း၊ ဝင်ငွေတိုးတက်မှုနှင့်အတူ တိုးတက်လာမည့် စားသောက်ကုန်တင်သွင်းမှုအလားအလာများအား သုံးသပ်ဖော်ပြထားသည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br