Main menu

Background

တရုတ်နိုင်ငံ၏ ဝက်သားထုတ်လုပ်မှု၊ စားသုံးမှုနှင့် တင်သွင်းမှုအခြေအနေ

Mon, 08/30/2021 - 14:34 -- journal_editor

             တရုတ်နိုင်ငံ၏ ယခုနှစ် ပြည်တွင်းဝက်သားစားသုံးမှုသည် ၁၆.၅ ရာခိုင်နှုန်း ပိုမိုတိုးတက် နိုင်ပြီး ဝက်သားတန်ချိန် ၅၂.၉၇ သန်းအထိ စားသုံးနိုင်ကြောင်း၊ ပြည်ပမှ ဝက်သားတန်ချိန် ၃.၈ သန်း တင်သွင်းရန်ခန့်မှန်းထားပြီး ၂၀၂၀ ပြည့်နှစ်တင်သွင်းမှုအောက် ၁၃.၄ ရာခိုင်နှုန်း လျှော့နည်းနိုင် ကြောင်း၊ အာဖရိကကြက်တုတ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ပြည်တွင်းတွင် ဝက်သားစားသုံးမှုလျှော့ ကျခြင်းဖြစ်ကြောင်း သုံးသပ်ဖော်ပြထားသည်။

              ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ဝက်သားထုတ်လုပ်မှုသည် တန်ချိန် ၄၉.၂၇ သန်းရှိနိုင်ပြီး ၂၀၂၀ ပြည့်နှစ်နှင့်နှိုင်းယှဉ်ပါက ၁၉.၈ ရာခိုင်နှုန်း လျှော့နည်းနိုင်ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် တရုတ် နိုင်ငံ၏ ဝက်သားထုတ်လုပ်မှုသည် တန်ချိန် ၅၇.၇၂ သန်းအထိရှိနိုင်ရန် ခန့်မှန်းထားကြောင်း သုံးသပ် ဖော်ပြထားသည်။

              တရုတ်နိုင်ငံ၏ဝက်သားထုတ်လုပ်မှုသည် နှစ်စဉ်ပျမ်းမျှ ၃.၃ ရာခိုင်နှုန်း တိုးတက်လျက်ရှိပြီး သက္ကရာဇ် ၂၀၃၀ ပြည့်နှစ်သို့ရောက်ရှိပါက ဝက်သားတန်ချိန် ၅၉.၉၈ သန်းအထိ ထုတ်လုပ်နိုင်ရန် ခန့်မှန်းထားသည်။

              ဝက်သားထုတ်လုပ်မှု တိုးတက်လာသကဲ့သို့ ပြည်တွင်းစားသုံးမှုလည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်လျက်ရှိရာ ၂၀၂၅ ခုနှစ်တွင် ပြည်တွင်းစားသုံးမှု တန်ချိန် ၅၈.၉ သန်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် တန်ချိန် ၆၀.၉၈ သန်းအထိ ရောက်ရှိနိုင်ကြောင်း၊ ဝက်သားတင်သွင်းမှုသည် ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၁.၃ သန်းအထိလျှော့ကျနိုင်ပြီး ၂၀၃၀ ပြည့်နှစ်တွင် တန်ချိန် ၁.၂ သန်းအထိသာတင်သွင်းနိုင်ရန် ခန့်မှန်း ထားကြောင်း သုံးသပ်ချက်တွင်ဖော်ပြထားသည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br