အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနသည် ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲ တို့အား ကန့်သတ်ကုန်စည်အဖြစ်မှ လွတ်လပ်စွာ(Free)တင်သွင်းခွင့်ပြုသည့် ကုန်စည်အဖြစ်သို့ ပြောင်းလဲသတ်မှတ်လျက် ၃၁-၁၀-၂၀၂၁ အထိ တင်သွင်းခွင့်ပြုကြောင်းကို ၁၅-၅-၂၀၂၁ နေ့ တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါသည်။
ယခုအခါ အဆိုပါတင်ပြချက်ကို ဖော်ပြပါရှိသည့် ပဲ ၃ မျိုး အနက်မှ တင်သွင်းခွင့်ပြုသည့်ကာလကို ၃၁-၁၂-၂၀၂၁ နေ့အထိ တိုးမြှင့်သတ်မှတ်ပေးလိုက် ကြောင်း၊ အိန္ဒိယနိုင်ငံသို့ ၎င်းပဲ ၂ မျိုးတင်ပို့ရန်အတွက် Bill of Lading ထုတ်ပေးခြင်းကို ၃၁-၁၂-၂၀၂၁ နေ့ နောက်ဆုံးထား၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် တင်သွင်းလာသည့် ကုန်စည်များ အား ဆိပ်ကမ်းရှင်းလင်းခြင်းကို ၃၁-၁-၂၀၂၂ နေ့အတွင်း အပြီးလုပ်ဆောင်ရန်ဖြစ်ကြောင်း ဖော်ပြလျက် ၁၃-၉-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် S.O. 3707(E) ဖြင့် အိန္ဒိယ ကူးသန်း ရောင်းဝယ်ရေးဌာနက ပြင်ဆင်ချက်ထုတ်ပြန်ခဲ့ပါသည်။
ထို့အပြင် အိန္ဒိယကူးသန်းရောင်းဝယ်ရေးဌာန လက်အောက်ရှိ ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန (DGFT) ကလည်း ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲတို့အား ကန့်သတ်ကုန်စည် အဖြစ် သတ်မှတ်ထားချိန်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း တင်သွင်းရန်လျှောက်ထားခဲ့ပါက ကုန်သည် လုပ်ငန်းရှင်များအနေဖြင့် ထိုသို့လျှောက်ထားမှုအတွက် ပေးသွင်းခဲ့ရသော လျှောက်လွှာကြေး များကို ပြန်လည်ထုတ်ယူနိုင်ကြောင်း၊ DGFT website သို့ ဝင်ရောက်၍ ပြန်အမ်းငွေထုတ်ယူရန် စာရင်းသွင်း ဆောင်ရွက်ကြရန်ဖြစ်ကြောင်းကို ၁၄-၉-၂၀၂၁ ရက်စွဲပါ ကုန်သွယ်ရေး အသိပေး ချက်အမှတ် ၁၇/၂၀၂၁-၂၂ ဖြင့် အသိပေးထားပါသည်။
Source: 1. Notification No. S.O. 3707(E) dated 13th September 2021 of the Department of Commerce of India
2. Trade Notice No. 17/2021-22 dated 14th September 2021 of Directorate General of Foreign Trade of India