Main menu

Background

အမေရိကန်နိုင်ငံရှိ ချီကာဂိုဈေးကွက်တွင် ဝယ်လိုအားမြင့်တက်ခဲ့သဖြင့် ဘရာဇီးလ်သီးနှံဈေးကွက်တွင် ပဲပုတ်စေ့ဈေးနှုန်းများ မြင့်တက်လျက်ရှိ

Mon, 09/20/2021 - 14:52 -- journal_editor

                  ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ Chicago စတော့ဈေးကွက် တွင် ဝယ်ယူမှုများမြင့်တက်ခဲ့ပြီး အကျိုးဆက်အဖြစ် ဘရာဇီးလ်သီးနှံဈေးကွက်တွင်လည်း ပဲပုတ်စေ့ ဈေးနှုန်းများမြင့်တက်ခဲ့ပြီး ဈေးကွက်အတွင်းသို့ သီးနှံများပိုမိုဝင်ရောက်လာခဲ့ကြောင်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေးနှင့် အကြံပေးကုမ္ပဏီ Safras ကပြောကြားခဲ့သည်။

              (၆၀)ကီလိုဂရမ်အလေးချိန်ရှိသည့် ပဲပုတ်စေ့ ၁ အိတ်ဈေးနှုန်းသည် Passo Fundo (RS) ဈေးကွက်တွင် ၁၆၉ ဟဲရာမှ ၁၇၁.၅၀ ဟဲရာသို့လည်းကောင်း၊ Missions region ဈေးကွက်တွင် ၁၆၈ ဟဲရာမှ ၁၇၀.၅၀ ဟဲရာသို့ လည်းကောင်း၊ Rio Grande ဆိပ်ကမ်းဈေးကွက်တွင် ၁၇၃ ဟဲရာမှ ၁၇၅.၅၀ ဟဲရာသို့လည်းကောင်း အသီးသီး ဈေးနှုန်းများမြင့်တက်ခဲ့သည်။ ထို့အပြင် Paraná ပြည်နယ်ရှိ Cascavel ဈေးကွက်တွင် ပဲပုတ်စေ့တစ်အိတ်ဈေးနှုန်းသည် ၁၆၈.၀၀ ဟဲရာမှ ၁၇၀.၅၀ ဟဲရာသို့လည်း ကောင်း၊ Paranaguá (PR)ဆိပ်ကမ်းဈေးကွက်တွင် ၁၇၃ ဟဲရာမှ ၁၇၆.၅၀ ဟဲရာသို့လည်းကောင်း၊ In Rondonópolis (MT)ဈေးကွက်တွင် ၁၆၉ ဟဲရာမှ ၁၇၃ ဟဲရာသို့လည်းကောင်း၊ Dourados (MS)ဈေးကွက်တွင် ၁၆၀ ဟဲရာမှ ၁၆၂ ဟဲရာသို့လည်းကောင်း၊ Rio Verde (GO)ဈေးကွက်တွင် ၁၆၄ ဟဲရာမှ ၁၆၆ ဟဲရာသို့လည်းကောင်း အသီးသီး ဈေးနှုန်းများမြင့်တက်ခဲ့သည်။

              စက်တင်ဘာလ ၁၅ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ ချီကာဂိုကုန်စည်ဈေးကွက်(Chicago Commodity Exchange - CBOT)၌ ပဲပုတ်စေ့ကြိုပွိုင့်ရောင်းဝယ်မှုများတွင် ဈေးနှုန်းအမြင့်များဖြင့် ဈေးပိတ်ခဲ့သည်။

          စက်တင်ဘာလ ၁၄ ရက်နေ့က သီးနှံဈေးကွက်တွင် နိုဝင်ဘာလအတွက်ပဲပုတ်စေ့ကြိုပွိုင့် ရောင်းဝယ်မှု၌ ပဲပုတ်စေ့ ၁ စည်လျင် အမေရိကန်ဒေါ်လာ ၁၂ စင့်ဖြင့် အရောင်းအဝယ်များဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလ ၁၅ ရက်နေ့ တွင် ၁၂.၉၄ စင့်ဖြင့် အရောင်းအဝယ်များဖြစ်ပေါ်ခဲ့သဖြင့် နှိုင်းယှဉ်ပါက ၀.၉၃ ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွက် ကြိုပွိုင့်ရောင်းဝယ်မှုတွင် ပဲပုတ်စေ့ ၁ စည်လျင် ၁၃.၀၃ စင့်ဖြင့် ဈေးပိတ်ခဲ့သဖြင့် ယခင်နေ့ထက် ၀.၉ ရာခိုင်နှုန်း ဈေးနှုန်း မြင့်တက်ခဲ့သည်။

              ဒီဇင်ဘာလအတွက်ကြိုပွိုင့်ရောင်းဝယ်မှုတွင် ပဲပုတ်စေ့ထွက်ကုန်များဖြစ်သည့် ပဲပုတ်စေ့ အခွံ ၁ တန်လျင် အမေရိကန်ဒေါ်လာ ၃၃၉.၆၀ ဒေါ်လာနှင့် ဈေးပိတ်ခဲ့သဖြင့် ယခင်နေ့ကထက် ၀.၆၄ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက် ခဲ့ပြီး ပဲပုတ်ဆီကြိုပွိုင့်ရောင်းဝယ်မှုတွင် ၁ ပေါင်လျှင် အမေရိကန်ဒေါ်လာ ၅၈.၃၇ စင့်ဖြင့် ဈေးပိတ်ခဲ့သဖြင့် ယခင်နေ့ကထက် ၂.၆၃ ရာခိုင်နှုန်း ဈေးနှုန်းများ မြင့်တက်ခဲ့သည်။

              ငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုး အနည်းငယ်ကျဆင်းခဲ့ပြီး စက်တင်ဘာ လ ၁၅ ရက်နေ့ငွေလဲနှုန်းသည် ၁ ဒေါ်လာလျင် ၅.၂၃၆၀ ဟဲရာဖြင့် ဈေးပိတ်ခဲ့သည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br