Main menu

Background

တရုတ်နိုင်ငံတွင် ပဲပုတ်စတင်ထွက်ရှိနေပြီဖြစ်သဖြင့် တရုတ်ပြည်တွင်းဈေးကွက်တည်ငြိမ်နေ

Mon, 09/20/2021 - 14:58 -- journal_editor

           စက်တင်ဘာလဆန်းမှစ၍ တရုတ်ပြည်တွင်း နိုင်ငံတော်က အရန်သိုလှောင်ထားသည့် ပဲပုတ်များမှာလည်း ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသဖြင့် ပဲပုတ်ဈေးကွက်မှာ အားနည်းနေပြီး ဈေးအတက်အကျအနည်းငယ်သာရှိကာ ဈေးကွက်တည်ငြိမ်နေခဲ့ပါသည်။ စက်တင်ဘာလ (၁၅) ရက်နေ့တွင် ပျမ်းမျှပြည်တွင်းပဲပုတ်ဈေးကွက်ပေါက်ဈေးမှာ တစ်တန်လျှင် ယွမ်ငွေ (၅,၇၄၀)ဖြစ်ကာ စက်တင်ဘာလဆန်းကထက် (၀.၃၅) ရာခိုင်နှုန်း ကျဆင်းလာသည်ကိုတွေ့ရ ပါသည်။

      ယခုလလယ်တွင် ပဲပုတ်ပေါ်သည့်ရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ရေတိုကာလအတွင်း လက်ရှိဈေးနှုန်းများပင် ဖြစ်နေနိုင်သည်ဟု သုံးသပ်ပါသည်။ ပဲပုတ်အဓိကထုတ်လုပ်ရာ ဟေလုံကျန်းပြည်နယ်ရှိ ဈေးကွက်ပေါက်ဈေး မှာ တစ်ကီလိုဂရမ်လျှင် (၂.၈) ယွမ်မှ (၂.၉) ယွမ်ကြား ဖြစ်ပါသည်။

ရင်းမြစ်၊ SunSirs (၁၆-၉-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး