Main menu

Background

တရုတ်နိုင်ငံတွင် သွပ် (Zinc)ဈေးနှုန်း ကျဆင်းပြီးနောက် ပြန်လည်တည်ငြိမ်လာ

Mon, 09/20/2021 - 15:05 -- journal_editor

           ယခု စက်တင်ဘာလ တတိယပတ်အတွင်း သွပ် (Zinc)ဈေးနှုန်းများ တစ်တန်လျှင် ယွမ်ငွေ (၂၂,၈၁၀)ယွမ်သို့ (၀.၃၆) ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ပါသည်။ ၎င်းသတ္တု၏ ဈေးနှုန်းမှာ စက်တင်ဘာလ (၁)ရက်နေ့တွင် တစ်တန်လျှင် (၂၂,၆၁၃)ယွမ်၊ စက်တင်ဘာလ (၇) ရက်နေ့တွင် (၂၂,၈၉၃)ယွမ်စသည်ဖြင့် ဈေးနှုန်းအတက်အကျ အနည်းငယ်ဖြစ်ပေါ် ခဲ့သော်လည်း ၎င်းဈေးနှုန်းဝန်းကျင်တွင် တည်ငြိမ်နေသည်ကို တွေ့ရပါသည်။

           စက်တင်ဘာလ (၁၄)ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် သွပ် (ရန်ဇီမြစ် Non-ferrous) ရက်ပေါင်း (၁၈၀)၏ အခြေခံ အမြင့်ဆုံးဈေးမှာ ယွမ်(၈၅၀) ဖြစ်ပြီး၊ အနိမ့်ဆုံးဈေး မှာ (၃၆၀)ဖြစ်ကာ၊ ပျမ်းမျှမှာ (၆၃၀.၂၄) ဖြစ်ပါသည်။ ရက်ပေါင်း (၉၀)အတွက် အမြင့်ဆုံး အခြေခံဈေးမှာ (၈၅၀) ဖြစ်ပြီး၊ အနိမ့်ဆုံးဈေးမှာ (၅၆၀)ဖြစ်ကာ၊ ပျမ်းမျှမှာ (၇၁၆.၀၂) ဖြစ်ပါ သည်။ စက်တင်ဘာလအတွင်း သွပ်၏ အဓိကအခြေခံဈေးနှုန်းမှာ (၆၄၅)နှင့် (၇၈၀)ကြား တွင်ဖြစ်ကာ၊ ရှေ့လာမည့်ရက်များတွင်လည်း အလားတူပင်ဖြစ်နိုင်သည်ဟု သုံးသပ်ထား ပါသည်။

ရင်းမြစ်၊ SunSirs (၁၆-၉-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး