Main menu

Background

တရုတ်နှင့်ဗီယက်နမ်ကို အဝေးပြေးလမ်းကုန်တင်ယာဉ်ဝန်ဆောင်မှုလမ်းကြောင်းအသစ်ဖြင့် ချိတ်ဆက်ပေးနေ

Mon, 09/20/2021 - 15:12 -- journal_editor

        တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ချုံချင်းနှင့် ဗီယက်နမ်နိုင်ငံတို့ကို နိုင်ငံ ဖြတ်ကျော် အဝေးပြေးကုန်တင်ယာဉ် လိုင်းအသစ်ဖြင့် စတင်ချိတ်ဆက်နေပြီ ဖြစ်ပါသည်။

       အဆိုပါလမ်းကြောင်းမှာ ကီလိုမီတာ (၁,၄၀၀)ခန့် ရှည်လျားပြီး၊ ချုံချင်းမြို့မှ ဗီယက်နမ်သို့ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လောင်ဘန်း (Longbang) နယ်စပ်စခန်းမှတစ်ဆင့် ဖြတ်သန်းချိတ်ဆက် ထားခြင်းဖြစ်ပါ သည်။ လမ်းခရီးတွင် အချိန်(၂)ရက်ခန့် ကြာမြင့်ကြောင်း သိရပါသည်။

       ထို့ကြောင့် ၎င်းလမ်းကြောင်းအသစ်က တရုတ်နှင့်အာဆီယံနိုင်ငံများမှ ကုန်စည်များကို စိတ်ချလုံခြုံစွာနှင့်အချိန်မီ ပို့ဆောင်နိုင်ရေး အထောက်အကူပြုသွားနိုင်မည်ဖြစ်ပါသည်။

     ချုံချင်းမြို့သည် (၂၀၁၆) ခုနှစ်မှစကာ နိုင်ငံဖြတ်ကျော် အဝေးပြေးကုန်တင် ယာဉ်ဝန်ဆောင်မှုကို စတင်ဆောင်ရွက်ခဲ့ကာ ယခုအချိန်အထိ ကမ္ဘောဒီးယား၊ စင်ကာပူ၊ ထိုင်းနှင့် ဉဇဘက်ကစ္စတန်အပါအဝင် နိုင်ငံများနှင့်ကုန်တင် ယာဉ်ပေါင်း (၇,၄၀၀)ဖြင့် ကုန်စည်များကို သယ်ယူပို့ဆောင်နေပြီဖြစ်ပါသည်။

       တရုတ်နိုင်ငံ၏ ကုန်းတွင်းမြို့တော်ဖြစ်သည့် ချုံချင်းမြို့သည် နိုင်ငံမှ စီးပွား ရေးတံခါးအသစ်ဖွင့်လှစ်မှု၏ လျင်မြန်သည့်လမ်းကြောင်းပေါ်တွင်ရှိသောကြောင့် ယခုနှစ် ပထမ (၇)လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ယွမ်ငွေ (၄၄၂.၄၅) ဘီလီယံ (အမေရိကန် ဒေါ်လာ ၆၈.၆၇ ဘီလီယံ)သို့ (၃၁.၆) ရာခိုင်နှုန်း တိုးတက်ရရှိခဲ့ကြောင်း အကောက်ခွန်စာရင်းများအရ တွေ့ရပါသည်။

ရင်းမြစ်၊ Xinhua (၁၅-၉-၂၀၂၁)  

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး