Main menu

Background

ယခုနှစ် ပထမ(၈)လအတွင်း တရုတ်နိုင်ငံ၏မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများတွင် ရင်းနှီးမြှုပ်နှံမှုမြင့်တက်လာ

Mon, 09/20/2021 - 15:16 -- journal_editor

           ယခုနှစ် ပထမ (၈)လအတွင်း တရုတ်နိုင်ငံ၏ မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများ တွင် ရင်းနှီးမြှုပ်နှံမှု (fixed-asset investment –FAI)မှာ ယွမ်ငွေ (၃၄.၆၉) ထရီလီယံ  (အမေရိကန်ဒေါ်လာ ၅.၃၈ ထရီလီယံ)ရှိခဲ့ကာ (၈.၉)ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အမျိုးသားစာရင်းအင်းဌာနမှ ထုတ်ပြန်ကြေညာလိုက်ပါသည်။ FAI ဟူသည်မှာ အခြေခံအဆောက်အအုံ၊ ပိုင်ဆိုင်မှု၊ စက်ပစ္စည်းနှင့် အခြားရုပ်ဝတ္တုပစ္စည်းများတွင် မတည်ငွေရင်း အသုံးပြုခြင်း ဖြစ်ပါသည်။

                 အဆိုပါရင်းနှီးမြှုပ်နှံမှုများအနက် ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှု၌ ယွမ်ငွေ (၁၉.၈၆) ထရီလီယံ ရှိခဲ့ကာ (၁၁.၅) ရာခိုင်နှုန်းတိုးတက်လာခဲ့သည်ကို တွေ့ရပါသည်။

            အခြေခံလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု (၁၈.၁) ရာခိုင်နှုန်း၊ တစ်ဆင့်မြင့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု (၁၂.၉) ရာခိုင်နှုန်းနှင့် တတိယအဆင့်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု (၆.၈) ရာခိုင်နှုန်း အသီးသီးတိုးတက်လာကာ အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်အခြေခံ အဆောက်အအုံကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံမှု (၁၅.၇) ရာခိုင်နှုန်းနှင့် (၂.၉) ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါသည်။

ရင်းမြစ်၊ Xinhua (၁၅-၉-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး