ဘယ်လ်ဂျီယံနိုင်ငံ၏ စီးပွားရေးသည် ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီကာလ အဆင့်သို့ ၂၀၂၁ ခုနှစ် မကုန်ဆုံးမီတွင် ပြန်လည်ရောက်ရှိနိုင်ကြောင်း ဘယ်လ်ဂျီယံနိုင်ငံအစိုးရ စီမံကိန်း ဗျူရို၏ ခန့်မှန်းချက်များအရ သိရပါသည်။ ၂၀၂၁ ခုနှစ်အတွက် ဘယ်လ်ဂျီယံနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းမှာ (၅.၇) ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်တွင် (၃) ရာခိုင်နှုန်း ရှိနိုင်ကြောင်း၊ အလုပ် အကိုင်ရရှိမှုနှုန်း တိုးတက်လာနိုင်ပြီး၊ ၂၀၂၁ ခုနှစ်၊ လက်ရှိအချိန်ထိ အလုပ်လက်မဲ့ဖြစ်မှု ကျဆင်းလျက်ရှိကြောင်း သိရသည်။
၂၀၂၁ ခုနှစ်တွင် ဘယ်လ်ဂျီယံနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ (၁.၉) ရာခိုင်နှုန်းသို့ ရောက်ရှိနိုင်ကြောင်းနှင့် ၂၀၂၂ ခုနှစ်တွင်မူ စွမ်းအင်ဈေးနှုန်းမြင့်တက်လာနိုင်သဖြင့် ငွေကြေး ဖောင်းပွမှုနှုန်း (၂.၁) ရာခိုင်နှုန်းရှိနိုင်ကြောင်း ခန့်မှန်းထားပါသည်။ လက်ရှိတွင် ဘယ်လ်ဂျီယံနိုင်ငံ၊ ဖက်ဒရယ်အစိုးရသည် ကပ်ရောဂါအလွန် စီးပွားရေးပြန်လည်နာလန်ထူရေးကို ဉီးတည်သည့် ပြုပြင်ပြောင်းလဲမှုများစွာကို လုပ်ဆောင်ရန် ပြင်ဆင်လျှက်ရှိပြီး၊ ယင်းတို့တွင် ဉရောပပြန်လည်ထူထောင်ရေးအစီအမံ (European Recovery Plan) အောက်မှ ဘယ်လ်ဂျီ ယံနိုင်ငံအတွက် အတည်ပြုထားသည့် စီမံကိန်းများလည်း အပါအဝင်ဖြစ်ပါသည်။
ဘယ်လ်ဂျီယံနိုင်ငံအနေဖြင့် ခိုင်မာအားကောင်းသည့် ပြည်သူ့ဘဏ္ဍာရေးစနစ်ကို အသက်သွင်းရန်လိုအပ်ကြောင်း Catholic University of Leuven ၏ မေခရီုစီးပွာရေး ပါမောက္ခဖြစ်သူ Willem Moesen က ဘရပ်ဆဲလ်တိုင်းမ်သို့ ပြောကြားကြောင်း၊ ဒုတိယအချက်အနေဖြင့် အခွန်စနစ်ပြုပြင်ပြောင်းလဲမှုကို အပြီးသတ်လုပ်ဆောင်ရန်လိုအပ်သည်ဟု ၎င်းကပြောကြားခဲ့ကြောင်း သိရသည်။ ဘယ်လ်ဂျီယံနိုင်ငံ၏ ကြွေးမြီနှင့်ဂျီဒီပီအချိုးမှာ (၁၁၆) ရာခိုင်နှုန်းရှိပြီး၊ ဘတ်ဂျတ်လိုငွေသည် ယူရိုဇုန်၏ ပျမ်းမျှနှုန်းထားထက် မြင့်မားလျက်ရှိကြောင်း သိရပါသည်။
ကျော်စိန်ဝင်း(စီးပွားရေးသံမှူး)