ချုံချင်းမြို့ကို ဖြတ်သန်းသွားသည့် တရုတ်-ဉရောပကုန်တင်ရထားတွင် ယွမ်ငွေ (၁၀) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ)ကျော်တန်ဖိုးရှိသည့် မော်တော်ယာဉ်အစင်းရေ (၂၅,၀၀၀)နီးပါးကို သယ်ဆောင်ခဲ့ကြောင်းသိရ ပါသည်။
ချုံချင်းမြို့မှာ ပြည်ပမှတင်သွင်းလာသည့်မော်တော်ယာဉ်များ အဓိကဝင်ရောက်ရာနေရာဖြစ်လာရာ ၎င်းကုန်တင်မီးရထားများဖြင့် Mercedes-Benz ၊ Audi ၊ BMW နှင့် Land Rover တံဆိပ်များအပါအဝင် မော်တော်ယာဉ် တံဆိပ်ပေါင်း (၁၇)မျိုးတို့မှ ထုတ်လုပ်သည့်မော်တော်ယာဉ်များကို တရုတ်နိုင်ငံသို့တင်သွင်းလျက်ရှိပါသည်။
ယခုနှစ် ၊ ပထမ (၇)လအတွင်း ၎င်းလမ်းကြောင်းမှ ယွမ်ငွေ (၂.၆) ဘီလီယံတန်ဖိုးရှိ မော်တော်ယာဉ်အစင်းရေ (၄,၆၀၀)ကျော်ကို တင်သွင်းခဲ့ကာ ယခင်နှစ်ကထက် (၅)ဆခန့် မြင့်မားလာခဲ့ကြောင်းသိရပါသည်။
ချုံချင်းမြို့သည် တရုတ်-ဉရောပကုန်တင်မီးရထားများအတွက် အခြေခံကျသည့်အချက်အချာနေရာဖြစ်ပါသည်။ Yuxinou အမည်ရှိ (ချုံချင်း - ရှင်းကျန်း - ဉရောပ) ရထားလမ်းသည် ပထမဆုံး တရုတ်-ဉရောပမီးရထား လမ်းကြောင်းဖြစ်ကာ ၊ ယခုနှစ် ပထမနှစ်ဝက်တွင် ယခင်နှစ်ကထက် (၅၀) ရာခိုင်နှုန်းပိုမို၍ ခရီးစဉ်ပေါင်း (၁,၃၅၉) ခေါက်ကို ပြေးဆွဲပေးထားပြီးဖြစ်ပါသည်။
၎င်းရထားလမ်းကြောင်းကို ကနဉီးက ပြည်တွင်းITကုမ္ပဏီများအတွက် သယ်ယူပို့ဆောင်ရေးအဖြစ် အသုံးပြုရန်ရည်ရွယ်ခဲ့သော်လည်း၊ ယခုအခါ မော်တော်ယာဉ်များနှင့်အစိတ်အပိုင်းများမှသည် ဆေးဝါးနှင့်လူသုံးကုန်များအထိ ကုန်စည်အမျိုးအစား ပေါင်း (၁)ထောင်ကျော်ကို သယ်ယူပို့ဆောင်ပေးနေကြောင်း သတင်းရရှိပါသည်။
ရင်းမြစ်၊ Xinhua (၁၈-၉-၂၀၂၁)
ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး