Main menu

Background

အိန္ဒိယနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြတင်းပေါက်တစ်ခုစနစ်အား စတင်လွှင့်တင်ခြင်း

Fri, 10/01/2021 - 10:31 -- journal_editor

အိန္ဒိယနိုင်ငံ၌ စီးပွားရေးကဏ္ဍအရပ်ရပ်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ရန်အာဏာပိုင်အဖွဲ့အစည်းများထံသို့လျှောက်ထားမှုများအား ကိုင်တွယ်ဆောင်ရွက်မည့်အမျိုးသားအဆင့် တစ်ခုတည်းသော ပြတင်းပေါက်စနစ်(National Single Window System - NSWS)ကို၂၂-၉-၂၀၂၁ နေ့၌ အင်တာနက်စင်္ကြန်ဖြင့် စတင်လွှင့်တင်ခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Piyush Goyalကအဆိုပါ တစ်ခုတည်းသော ပြတင်းပေါက်စနစ် NSWS အား ယခုကဲ့သို့စတင်လွှင့်တင်နိုင်မှုမှာ အိန္ဒိယနိုင်ငံ၏ ကိုယ်အားကိုယ်ကိုးရပ်တည်ရေး ရည်မှန်းချက်ကို အကောင်ထည်ဖော်ရာတွင်မြင့်မားစွာ ကျော်လွှားဆောင်လုပ်ဆောင်ချက်တစ်ခုပင်ဖြစ်ကြောင်း၊ NSWSသည်ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသူများ အတွက်လုပ်ငန်း အတည်ပြုခွင့်ပြုချက် ရယူခြင်းနှင့် ရှင်းလင်းဆောင်ရွက်ခြင်း တို့ကိုတစ်နေရာ တည်း၌ ဆောင်ရွက်ပြီးမြောက်စေမည်ဖြစ်ကြောင်း၊ လက်ရှိစင်္ကြန်စနစ်၌ ဗဟိုအဆင့်ဌာန ၁၈ ခုနှင့်ပြည်နယ် ၉ ခုတို့နှင့်သက်ဆိုင်သော စီးပွားရေးရာ ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်ရန်လျှောက်ထား မှုများကို ကိုင်တွယ်ရှင်းလင်းဆောင်ရွက်ပေးနိုင်ပြီဖြစ်ကြောင်း၊ ထပ်မံ၍ အခြားဗဟိုအဆင့်ဌာန ၁၄ခ နှင့် ပြည်နယ် ၅ ခုတို့နှင့် သက်ဆိုင်သော ရင်းနှီမြှုပ်နှံမှုကိစ္စရပ်များ ကိုNSWS တွင်ထည့်သွင်းနိုင်ရန် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀၁ ခုနှစ် ဒီဇင်ဘာလ၌ ဒုတိယအဆင့်အဖြစ်ပါဝင်လာ မည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့်ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်ရာ၌ အိန္ဒိယနိုင်ငံသည် လိုလား ဖွယ်ရာ အကောင်းဆုံးဒေသဖြစ်လာစေရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပါသည်။

အဆိုပါ NSWS ပြတင်းပေါက်တစ်ခုစနစ်တွင်ဗဟိုနှင့်ပြည်နယ်အဆင့်အာဏာပိုင်အဖွဲ့အစည်းများ၏ လုပ်ငန်းရှင်းလင်းဆောင်ရွက်ပေးမှုအပြင်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဆောင်ရွက်နိုင်မည့် မြေနေရာအချက်အလက်များ၊ စီးပွားရေး လုပ်ငန်းအသစ် ထူထောင်မှုဆိုင်ရာ အကြံပြုချက်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များကို ထောက်ပံ့ပေးမည်ဖြစ်သည်။

အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရအဆိုပါ တစ်ခုတည်းသော ပြတင်းပေါက်စနစ်၌ Know Your Approval (KYA)ခေါ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ခွင့်ပြုချက်ရရှိရေး လုပ်ဆောင်ရမည့် အချက်များအား အသိပေးဝန်ဆောင်မှု၊ မတူညီသည့်အာဏာပိုင်အဖွဲ့အစည်းများထံသို့စာရွက်စာတမ်းများတင်ပြရာတွင်အကြိမ်ကြိမ်ဖြည့်စွက်ဖော်ပြရမှုများအား ရှောင်ကြဉ်နိုင်မည့် ယေဘုယျအချက်အလက်မှတ်ပုံတင် ပုံစံ ဖြည့်စွက်မှုစနစ်၊ လျှောက်ထားသူအတွက်သက်ဆိုင်ရာ ပြည်နယ်၏ Single Windowသို့အလွယ်တကူရောက်ရှိစေမည့်စနစ်၊ လျှောက်ထားသည့် ကိစ္စရပ်အတွက် ခြေရာခံမှုနှင့် လိုအပ်သည့် အချက်များအပေါ် တုန့်ပြန် ဆောင်ရွက် နိုင်မည့်Applicant dashboardစနစ်၊ လုပ်ငန်းလျှောက်ထားသူအနေဖြင့်အထောက်အထားများအား တစ်ကြိမ်ပေးပို့ရုံဖြင့်ဒီဂျစ်တယ်စင်္ကြန်၌ ၎င်းအချက်အလက်များကို သိုမှီးထားရှိလျက်အခြားသော ဌာနဆိုင်ရာ များထံမှအတည်ပြုချက်ရယူရာတွင်အသုံးပြုနိုင်မည့်စနစ်နှင့်သက်ဆိုင်ရာဌာနများနှင့်ပြည်နယ်အာဏာပိုင်များထံမှမေးမြန်းချက်နှင့်ရှင်းလင်းချက်တောင်းခံမှုများအပေါ်တုန့်ပြန်ဆက်သွယ်နိုင်မည့် E-Communication module စနစ်တို့ကိုထည့်သွင်းထူထောင်ထားကြောင်း သိရှိရသည်။

Source:         National Single Window System for Investors and Businesses Launched by Shri Piyush Goyal, 22-9-2021, Press Information Bureau of India

 

 

(နေအေးလွင်)

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့