Main menu

Background

ဘရာဇီးလ်နိုင်ငံနှင့် ပါရာဂွေးနိုင်ငံတို့၏ ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ စက်တင်ဘာလကုန်တွင် ပဲပုတ်စေ့တန်ချိန် ၅.၀၄ သန်း တင်ပို့နိုင်ရန် ဘရာဇီးလ်မျှော်မှန်း

Fri, 10/01/2021 - 10:55 -- journal_editor

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်း ပဲပုတ်စေ့တန်ချိန် ၅.၀၄ သန်း တင်ပို့နိုင်ရန်မျှော်မှန်းထားပြီး ယခင်နှစ် စက်တင်ဘာလနှင့်နှိုင်းယှဉ်ပါက ၂၈ ရာခိုင်နှုန်းပိုမိုတိုးတက်နိုင်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်း ပဲပုတ်စေ့တန်ချိန် ၃.၉၂ သန်းအားတင်ပို့ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် ပဲပုတ်စေ့တန်ချိန် ၅.၇၉ သန်းအား တင်ပို့ခဲ့ကြောင်းNational Association of Cereal Exporters (Anec)၏ သုသေတန တွေ့ရှိချက် တွင်ဖော်ပြထား သည်။ စက်တင်ဘာလ ၁၂ ရက်မှ ၁၈ ရက်နေ့အတွင်း ပဲပုတ်စေ့တန်ချိန် ၉၅၀,၈၈၀ တန်နှင့် စက်တင်ဘာလ ၁၉ ရက်နေ့နှင့် ၂၅ ရက်နေ့အတွင်း ပဲပုတ်စေ့တန်ချိန် ၁.၃၁ သန်းတို့အားအသီးသီး တင်ပို့ခဲ့ကြောင်း၊ယခုနှစ်စက်တင်ဘာလကုန်တွင် စုစုပေါင်းပဲပုတ်စေ့တန်ချိန် ၇၉.၃ သန်းအား တင်ပို့နိုင်ရန်မျှော်မှန်းထားကြောင်း National Association of Cereal Exporters (Anec)၏ သတင်းတွင်ဖော်ပြထားသည်။

ပဲပုတ်စေ့စားသောက်ကုန်တင်ပို့မှုသည် ယခုနှစ်စက်တင်ဘာလအတွင်းတန်ချိန် ၁.၇၂ သန်း တင်ပို့နိုင်ရန်မျှော်မှန်းထားပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် တန်ချိန် ၁.၃၂ သန်းအားတင်ပို့ခဲ့ကြောင်း၊ ယခုနှစ် ဩဂုတ်လတွင် ပဲပုတ်စေ့စားသောက်ကုန် တန်ချိန် ၁.၂၈ သန်းတင်ပို့ ခဲ့ကြောင်း၊ စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း စားသောက်ကုန်တန်ချိန် ၂၁၃,၇၀၀ တန်အားတင်ပို့ခဲ့ပြီး ယခုအပတ်အတွင်း ၄၃၅,၆၀၀ တန်အားတင်ပို့သွားရန်မျှော်မှန်းထားကြောင်း၊ ယခုနှစ် စက်တင်ဘာလကုန်တွင် စားသောက်ကုန်တန်ချိန် ၁၃.၀၁ သန်းအား တင်ပို့နိုင်ရန်မျှော်မှန်းထားကြောင်း အသင်း၏သတင်းတွင် ဖော်ပြထားသည်။

ပါရာဂွေးနိုင်ငံတွင် ပဲပုတ်စေ့စိုက်ပျိုးမှု စတင်

ပါရာဂွေးနိုင်ငံတွင် ၂၀၂၁-၂၀၂၂ ခုနှစ်သီးနှံရာသီအတွက် ပဲပုတ်စေ့စိုက်ပျိုးမှုစတင်ခဲ့ပြီး စုစုပေါင်းစိုက်ပျိုးမြေဟက်တာ ၃.၇ သန်းအထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ ပဲပုတ်စေ့စိုက်ပျိုးမှုမှ ပဲပုတ်စေ့သီးနှံတန်ချိန် ၁၀ သန်းကျော်ထွက်ရှိရန်မျှော်မှန်းထားပြီး မျှော်မှန်းသည့်အတိုင်းထွက်ရှိပါက ယခုနှစ်အပါအဝင် ၃ နှစ်ဆက်တိုက် ဖြစ်လာမည်ဖြစ်သည်။ ပါရာဂွေးနိုင်ငံတွင် အငယ်စားပဲပုတ်စေ့စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၄၃,၀၀၀ပြီး စိုက်ပျိုးမြေဟက်တာ ၈၆၀,၀၀၀ တွင် ပဲပုတ်စေ့သီးနှံများစိုက်ပျိုးထုတ်လုပ်မှုမှ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၅၀၀ ခန့်ရရှိနိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးSantiago Bertoniက ပြောကြားခဲ့သည်။ ပါရာဂွေးနိုင်ငံတွင်စိုက်ပျိုးသည့် ပဲပုတ်စေ့မျိုးများအား ဘိုလီးဗီးယားနှင့်ဘရာဇီးလ်နိုင်ငံ တို့တွင် စိုက်ပျိုးလျက်ရှိပြီး ဥရုဂွေးနိုင်ငံတွင်လည်း မျိုးအဖြစ်စတင်အသုံးပြုရန် စီစဉ်လျက်ရှိကြောင်း၊ဘရာဇီးလ်နိုင်ငံအစိုးရလက်အောက်ရှိ National Supply Company (Conab)၏ စာရင်း များအရ ဘရာဇီးလ်နိုင်ငံမှ နှစ်စဉ်ပဲပုတ်စေ့တန်ချိန် ၁၄၁ သန်းစိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ပါရာဂွေးနိုင်ငံမှထွက်ရှိသည့်ပဲပုတ်စေ့ပမာဏထက် ၁၄ ဆခန့်ပိုမိုများပြားကြောင်း ဝန်ကြီး Bertoniကပြောကြားခဲ့သည်။ ထို့အပြင် ကမ္ဘာပေါ်တွင် ပဲပုတ်စေ့အများဆုံးစိုက်ပျိုးထုတ်လုပ်သည့် ဘရာဇီးလ်နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ အာဂျင်တီးနားနိုင်ငံနှင့် တရုတ်နိုင်ငံတို့ပြီးလျင် ပါရာဂွေးနိုင်ငံသည် ပဉ္စမမြောက်ပဲပုတ်စေ့အများဆုံး စိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံဖြစ်ကြောင်း ဝန်ကြီး Bertoniက ပြောကြားခဲ့သည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br