Main menu

Background

ကုန်ထုတ်လုပ်မှုဆိုင်ရာထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်အဟန့်အတားများကြောင့် ဒုတိယသုံး လပတ်ကာလအတွင်းဂျပန့်ပို့ကုန်ပမာဏအနည်းငယ်လျော့ကျလာခဲ့

Fri, 10/01/2021 - 11:19 -- journal_editor

လတ်တလောကာလအတွင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပြန့်ပွားမှုများ၏သက်ရောက်မှုအဖြစ် ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်တွင် ပြတ်လပ်မှုများကြုံတွေ့ရမှုကြောင့် ကုန်ထုတ်လုပ် သူများမှာအကျပ်အတည်း ရင်ဆိုင်ခဲ့ရပြီး ဂျပန်နိုင်ငံ၏ပို့ကုန်တင်ပို့မှုသည်ဒုတိယသုံးလပတ်ကာလဖြစ်သည့်ပြီးခဲ့သည့် သြဂုတ်လအတွင်း ၂၆ %ခန့်သာမြင့်တက်လာခဲ့သည့် အတွက် မူလခန့်မှန်းထားမှုထက်လျော့နည်းခဲ့ကြောင်း စီးပွားရေးသုတေသီများက သုံးသပ်ခဲ့ပါ သည်။

 ကမ္ဘာ့တတိယမြောက် စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံသည် လက်ရှိ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေယန်း ၆၃၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၈ သန်းခန့်) ရှိခဲ့ပြီး ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးတင်သွင်းမှု များမြင့်တက်ခဲ့သည့်အတွက် သွင်းကုန် တင်သွင်းမှု ၄၅ %မြင့်တက်ခဲ့ရာတန်ဖိုးအားဖြင့် ယန်း ၇.၂၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆၆ ဘီလီယံ) ခန့်အထိရှိခဲ့ကြောင်းသိရပါသည်။

ပြည်တွင်း၌ ဒယ်လ်တာကိုရိုနာဗိုင်းရပ်စ်မျိုးကွဲကူးစက်ပြန့်ပွားနေသည့် အခြေအနေများ ကြောင့် မြို့တော်တိုကျိုအပါအဝင် အခြားစီရင်စုဒေသများ ကိုစက်တင် ဘာလကုန်အထိ အရေးပေါ်အခြေအနေအား သက်တမ်းတိုးထားသော်လည်းစားသုံးသူများ၏ဝယ်လိုအားမှာအား ကောင်းလာသဖြင့်ဂျပန်သွင်းကုန်တင်သွင်းမှုမှာသိသိသာသာမြင့်တက်လာခြင်းဖြစ်သည်ဟုစီးပွားရေးသုတေသနအဖွဲ့အစည်း Capital Economics မှ ပညာရှင် Marcel Thieliant က သုံးသပ်ခဲ့ပါသည်။သို့သော် ပြင်ပမှ ကုန်သွယ်မှုစာရင်းဇယားများကို အခြေခံသုံးသပ်ချက်များ အရလာမည့်သုံးလပတ်ကာလများ၏ ဂျီဒီပီတိုးတက်မှုခန့်မှန်းချက်အနေအထားပေါ်မူတည်၍ ဂျပန်၏ ပို့ကုန်သည် ၀.၃ % ခန့် ကျဆင်းသွားနိုင်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ဂျပန်နိုင်ငံ၏ အမေရိကန်ပြည်ထောင်စုသို့ ပို့ကုန်တင်ပို့မှုသည် ၂၃% မြင့်တက်ခဲ့ကြောင်း၊ အာရှဒေသများသို့ ပို့ကုန်တင်ပို့မှုမှာ ၂၆% မြင့်တက်ခဲ့ကြောင်း၊ သို့သော် တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာအနည်းငယ်ကျဆင်းခဲ့ပြီး ၁၃% ခန့်သာမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ပို့ကုန်ပစ္စည်းများအဖြစ် စက်ပစ္စည်းများနှင့် အခြားသောစက်မှုလုပ်ငန်း သုံးစက်ပစ္စည်း ကိရိယာများ တင်ပို့မှုမှာအားကောင်းဆဲဖြစ်သည်ကိုတွေ့ရပြီးဒေသတွင်းနိုင်ငံများ၏ စီးပွားရေးများ ပြန်လည်နာလန်ထူလာမှုများသည်အဓိကအချက်ဖြစ်သည်ဟုစီးပွားရေးသုတေသီ များကမှတ်ချက်ပြုကြပါသည်။

သို့သော် ဂျပန်၏မော်တော်ကားထုတ်လုပ်သူများသည် လတ်တလောရင်ဆိုင်နေရသည့် စက်မှုလုပ်ငန်းသုံး computer chip များနှင့် အခြားနည်းပညာဆိုင်ရာ အပိုပစ္စည်းများ ထောက်ပံ့ဖြည့်ဆည်း မှုကွင်းဆက်ပိုင်း ၌ပြတ်လပ်မှု များကြောင့် ထုတ်လုပ်မှုကျဆင်းခြင်းနှင့် ရင်ဆိုင်နေရပါသည်။ အကျိုးသက်ရောက်မှုအဖြစ် သြဂုတ်လအတွင်းရေနံနှင့် အခြားသော လောင်စာဆီများတင်သွင်းမှု ၂၁% ခန့် မြင့်တက်လာသော် လည်း မော်တော်ကားတင်ပို့မှုမှာ ၁.၅ % ခန့် ကျဆင်းခဲ့သည်ကိုတွေ့ရပါသည်။

ရင်းမြစ်။ The Japan Times, Kyodo News.

 

 

ဂျပန်နိုင်ငံမှ Unshu Mandarin လိမ္မော်သီးများ တင်ပို့မှုကန့်သတ်ချက်ကို ဗီယက်နမ်နိုင်ငံမှ ဖြေလျှော့ပေးခဲ့

          ဂျပန်နိုင်ငံသည် Unshu Mandarin လိမ္မော်သီးများကိုဗီယက်နမ်နိုင်ငံ၏ သတ်မှတ် စံချိန်စံနှုန်းများနှင့်ကိုက်ညီမှုရှိသဖြင့် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ တင်ပို့ခွင့်ပြန်လည်ရရှိမည် ဖြစ်ကြောင်းဂျပန်နိုင်ငံစိုက်ပျိုးရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။ အဆိုပါ တင်ပို့မည့် လိမ္မော်သီးများကိုသတ်မှတ်ထားသည့် စိုက်ပျိုးမြေများတွင် စိုက်ပျိုးရမည်ဖြစ်ပြီး လိမ္မော်သီး ဖောက်ပိုးနှင့် အခြားသောပိုးမွှားများကင်းစင်ရန် စနစ်တကျ စစ်ဆေးမှုများ ဆောင်ရွက် ရမည်ဖြစ်ပါသည်။ ထိုသို့ ဂျပန်နိုင်ငံမှ လိမ္မော်သီးတင်ပို့မှုတားမြစ်ထားမှုကိုဗီယက်နမ်မှ ဖြေလျှော့ ပေးလိုက်သည့်အတွက် လာမည့်နှစ် လိမ္မော်သီးထွက်ရှိမည့်ရာသီတွင် ပိုမိုတိုးမြှင့် တင်ပို့နိုင်မည် ဖြစ်ကြောင်း၊ ပထမဆုံးစတင်တင်ပို့မည့်နှစ်တွင် ကနဦးတန်ဖိုးယန်း ၉ သန်းခန့်ရရှိမည်ဖြစ်ကြောင်း စိုက်ပျိုးရေး ဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။

          ဂျပန်စိုက်ပျိုးရေးဝန်ကြီးဌာနသည် ဗီယက်နမ်သို့ လိမ္မော်သီးတိုးမြှင့်တင်ပို့နိုင်ရန်အတွက် လိမ္မော်သီးစိုက်ပျိုးလိုသူများကို Plant Protection Station တွင် မြေယာမှတ်ပုံတင်ရန် တွန်းအားပေးဆောင်ရွက်နေပါသည်။ လိမ္မော်သီးစိုက်ပျိုးလိုသူများသည် ဗီယက်နမ်နိုင်ငံမှ သတ်မှတ်ထားသည့်ပိုးမွှားကင်းစင်စေရေးစိုက်ပျိုးနည်းစနစ်များနှင့်အညီစိုက်ပျိုးရမည်ဖြစ်ပြီး လိမ္မော်သီး အရွယ်အစားခွဲခြား ခြင်းနှင့်ထုပ်ပိုးခြင်းတို့တွင် လည်းသတ်မှတ်ထားသည့်ပစ္စည်းကိရိယာအသုံးအဆောင်များနှင့်အညီဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထို့အပြင် Citrus fruit အမျိုးအနွယ် ဝင်သစ်သီးဖောက်ပိုး ၈ မျိုးမပါရှိစေရန် စနစ်တကျ ပိုးသတ်ဆောင်ရွက်ရမည်ဖြစ်ပါသည်။

          ယခုနှစ်တွင် Citrus fruit ပိုးသတ်စစ်ဆေးခြင်းလုပ်ငန်းစဉ်ကိုဆောင်ရွက်ခဲ့ခြင်းမရှိသဖြင့် လာမည့်နှစ် လိမ္မော်သီးထွက်ရှိမည့်ရာသီမှသာစတင်တင်ပို့မည်ဟုဂျပန်စိုက်ပျိုးရေးဝန်ကြီးဌာန၊ Plant Protection Station မှ ပြောရေးဆိုခွင့်ရှိသူအရာရှိမှ ပြောကြားခဲ့ပါသည်။ ဂျပန်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်အတွင်းUnshu orange တန်ချိန် ၉၈၁ တန်၊ တန်ဖိုးအားဖြင့် ယန်း ၅၁၈.၇ သန်းရရှိခဲ့သည်ဟုစိုက်ပျိုးရေးဝန်ကြီးဌာန၏ စာရင်းအချက် အလက်များအရသိရပါသည်။

ရင်းမြစ်။ The Japan Agriculture News

 

ဂျပန်၏ လက်ရှိအာဏာရLiberal Democratic Party (LDP) ၏ ဥက္ကဌရွေးကောက်ပွဲတွင် Mr. Kishida Fumio အနိုင်ရရှိခဲ့

          ၂၀၂၁ ခုနှစ်၊စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဂျပန်နိုင်ငံ၏ အာဏာရ Liberal Democratic Party (LDP) ၏ဥက္ကဋ္ဌနေရာရွေးကောက်ပွဲတွင် LDP မူဝါဒရေးရာသုတေသ နကောင်စီ၏ ဥက္ကဋ္ဌဟောင်းMr. Kishida Fumio က အနိုင်ရရှိခဲ့ပြီးလက်ရှိဝန်ကြီးချုပ် Mr. SugaYoshihide ၏ (LDP) ဥက္ကဋ္ဌနေရာကိုဆက်ခံမည်ဖြစ်ပါသည်။

          အုပ်ချုပ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းပြုပြင်ပြောင်းလဲရေးဝန်ကြီးMr. Kono Taro နှင့် Mr. Kishidaတို့အကြားဒုတိယအကြိမ်ယှဉ်ပြိုင်ကြသည့် ရွေးကောက်ပွဲ၏ရလဒ်တွင် Mr. Kishida  က အနိုင်ရရှိခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါဝါရင့်ပါတီဝင် ၂ဦးတို့သည် ပထမအကြိမ် ရွေးကောက်ပွဲတွင် မဲအရေအတွက် ၅၀ % ထက် ပိုမိုရရှိခြင်းမရှိကြဘဲဒုတိယအကြိမ်ယှဉ်ပြိုင်သည့် ရွေးကောက်ပွဲတွင် Mr. Kishida  က Mr. Konoအပေါ် မဲအရေအတွက် ၂၅၇-၁၇၀ ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပါသည်။ ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်အသစ်ရာထူးအတွက် ရွေးချယ်ပွဲကိုအောက်တိုဘာလ (၄) ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး လွှတ်တော်အမတ်များမှ မဲပေးရွေးချယ်ကြကာ လွှတ်တော်မှ အတည်ပြုမည် ဖြစ်ပါသည်။

ရင်းမြစ်။ TheJapan News by The Yomiuri Shimbun.

 

 

 

နန္ဒာဝင်း

    (စီးပွားရေးသံမှူး)

မြန်မာသံရုံး၊ တိုကျိုမြို့