၂၀၂၁ခုနှစ်၊အောက်တိုဘာလ၁ရက်မှ၂၀၂၂ခုနှစ်၊မတ်လ၃၁ရက်အထိယူအေအီးနိုင်ငံ၊ဒူဘိုင်းမြို့၌ကျင်းပမည့်World Expo 2020တွင်လူဇင်ဘတ်နိုင်ငံကပါဝင်ပြသသွားမည်ဖြစ်ကြောင်းသိရပါသည်။"Connecting Minds, Creating the Future"ခေါင်းစဉ်ဖြင့်ကျင်းပသည့်ယင်းပြပွဲတွင်ကမ္ဘာ့နိုင်ငံအများအပြားပါဝင်ပြသမည်ဖြစ်ပြီး၊လူဇင်ဘတ်နိုင်ငံက “"Resourceful Luxembourg"ဟူသည့် Theme ဖြင့်ပြခန်းဆောင်ပါဝင်ပြသသွားမည်ဖြစ်ပါသည်။
လူဇင်ဘတ်နိုင်ငံ၏ ပြခန်းဆောင်တွင် စွမ်းဆောင်နိုင်စွမ်းနှင့်ကြံရည်ဖန်ရည်ပြည့်ဝမှု (Resourcefulness)၊ဆန်းသစ်တီထွင်မှုစိတ်ဓါတ် (Innovation Spirit) နှင့် Circularity ဆိုင်ရာ လူဇင်ဘတ်နိုင်ငံ၏ အချက်အလက်များကို အလေးထား ပြသသွားမည် ဖြစ်ကြောင်းသိရပါသည်။World Expo 2020တွင်လူဇင်ဘတ်နိုင်ငံ၏ပါဝင်ပြသမှုဆိုင်ရာသတင်းအချက်အလက်များအားhttps://www.luxembourgexpo2020dubai.lu/en/ တွင်ဝင်ရောက် ကြည့်ရှု နိုင်ကြောင်း တင်ပြအပ်ပါသည်။
Expo 2020 Dubai ၏ဝက်ဘ်ဆိုဒ်တွင်ဖော်ပြထားမှုအရအဆိုပါပြပွဲတွင်ကမ္ဘာ့နိုင်ငံပေါင်း (၁၉၂) နိုင်ငံခန့်မှ ပါဝင်ပြသမည်ဖြစ်ကြောင်း၊ ဘယ်လ်ဂျီယံနှင့်နယ်သာလန်နိုင်ငံတို့ အပါအဝင် ဥရောပနိုင်ငံများကလည်း ပါဝင်ပြသမည် ဖြစ်ကြောင်းသိရပါသည်။မြန်မာနိုင်ငံ၏ပြခန်းဆောင်(Myanmar Pavilion) ပါဝင်ပြသထားမှုကိုလည်းယင်းဝက်ဘ်ဆိုဒ်တွင်ဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။World Expo 2020ဆိုင်ရာ အချက်အလက်များကို https://www.expo2020dubai.com/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသိရပါသည်။
ကျော်စိန်ဝင်း
စီးပွားရေးသံမှူး
ရင်းမြစ် - (https://chronicle.lu/၊https://www.expo2020dubai.com/)