ကမ္ဘာတစ်ဝှမ်းတွင် COVID-19ကပ်ရောဂါဆက်လက်ဖြစ်ပွားနေကာ စီးပွားရေးများ ရုန်းကန်နေရမှုနှင့်အတူ အပြည်ပြည်ဆိုင်ရာအခင်းအကျင်းမှာ ကြီးမားစွာပြောင်းလဲနေကြောင်း၊ လူသားမျိုးနွယ်များမှာ လမ်းဆုံအသစ်တစ်နေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ယုံကြည်မှု၊ သတ္တိရှိမှုနှင့် တာဝန်ခံမှုတို့နှင့်အတူ သမိုင်းတွင်ကျန်ရစ်မည့် ရွေးချယ်မှုတစ်ရပ်ကို ပြုလုပ်ကြရမည်ဖြစ်ကြောင်း စက်တင်ဘာလ (၂၁) ရက်နေ့က(၇၆)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA)တွင် တရုတ်သမ္မတက မိန့်ခွန်းပြောကြားခဲ့ပါသည်။
တရုတ်သမ္မတသည် အခက်အခဲများကို ကျော်လွှားနိုင်ပြီး၊ ပိုမိုကောင်းမွန် သည့်အနာဂတ်ကို အတူတကွတည်ဆောက်ရန် မည်ကဲ့သို့ဆောင်ရွက်သင့်သည်ဟူသည့် အပေါ် အဆိုပြုချက်အချို့ကို ပြီးခဲ့သည့်လကတည်းက တွန်းအားပေးပြောကြားထားသည် ကို တွေ့ရပါသည်။
တရုတ်သမ္မတ၏ UNGA၌ ပြောကြားခဲ့သည့်မိန့်ခွန်းတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက်သည့်နိုင်ငံ၊ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးမှုတွင် ပါဝင်ဖြည့် ဆည်းသည့်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာသည့်နိုင်ငံနှင့် အများပြည်သူနှင့်သက်ဆိုင်သည့်ပစ္စည်းများကို ထုတ်လုပ်ပံ့ပိုးပေးသည့်နိုင်ငံအဖြစ် အမြဲရပ်တည်နေကြောင်း၊ တရုတ်သမ္မတအဆိုပြုခဲ့သည့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းမှာ ကမ္ဘာပေါ်တွင် လူသိအများဆုံး အများပြည်သူနှင့်ဆိုင်သည့် စီမံကိန်းတစ်ရပ်ဖြစ်ကြောင်း၊ အများပြည်သူသုံး ကုန်စည်တစ်ခုဖြစ်သည့် COVID-19ကာကွယ်ဆေးများ ထုတ်လုပ်ရာတွင် တရုတ်နိုင်ငံက အားထုတ်ကြိုးပမ်းနေမှုမှာလည်း ဉီးဆောင်နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
ကမ္ဘာပေါ်ရှိနိုင်ငံအားလုံးတို့တွင် နေထိုင်နေသူများသည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ယခင်ကထက်ပင် ပိုမို၍ လိုလားတောင့်တနေကြပြီး ၊ ညီမျှမှုနှင့် တရား မျှတမှုတို့ကို ပိုမိုခိုင်မာစွာ တောင်းဆိုလာကြကာ၊ နှစ်ဉီးနှစ်ဖက်အကျိုးရရှိသည့် ပူးပေါင်း ဆောင်ရွက်မှုမျိုးကို ပိုမိုဆောင်ရွက်လိုလာသည်ကို သတိချပ်လျက် ယခုအချိန်တွင် လိုအပ် နေသည့် မှန်ကန်သည့်နိုင်ငံစုံစနစ်ကို ကျင့်သုံးရန် တရုတ်သမ္မတက ထောက်ပြပြောဆို ထားပါသည်။
ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်သူများ၏ သာယာဝပြောရေးအတွက် လူသား မျိုးနွယ်တို့ အမြဲရယူလိုသည့် အဓိကအချက်ဖြစ်ပါသည်။ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု တွင် လက်ရှိရောက်ရှိနေသည့် အရေးကြီးလမ်းဆုံအခြေအနေ၌ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အသေးစိတ်အစီအစဉ်တစ်ရပ်ကို ရေးဆွဲနိုင်ရန် တရုတ်သမ္မတက “ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း”တစ်ရပ်အား ၎င်း၏ UNGAမိန့်ခွန်း တွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
ရလဒ်သို့ ဉီးတည်သည့် ဆောင်ရွက်မှုများ၊ လူသားနှင့် သဘာဝပတ်ဝန်းကျင် သဟဇာတဖြစ်မှု၊ တီထွင်ဆန်းသစ်မှုက တွန်းအားပေးသည့် ဖွံ့ဖြိုးတိုးတက်မှု၊ အားလုံး အကျိုးကျေးဇူးဖြစ်ထွန်းမှု၊ ပြည်သူဗဟိုပြုသည့် ချဉ်းကပ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဉီးစား ပေးအဖြစ်ထားရှိမှုတို့ကို ဆက်လက်ကတိကဝတ်ပြုရေးအတွက် ၎င်းစီမံကိန်းက တောင်းဆို ထားပါသည်။
အစဉ်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန်နှင့် လူသားနှင့် သဘာဝပတ်ဝန်းကျင်အကြား သဟဇာတဖြစ်စေရန် သဘာဝပတ်ဝန်းကျင်နှင့် လျော်ညီပြီး၊ ကာဗွန် ထုတ်လုပ်မှု နည်းပါးသည့် စွမ်းအင်ဖွံ့ဖြိုးရာတွင် အခြားဖွံ့ဖြိုးဆဲနိုင်ငံများအတွက် တရုတ်နိုင်ငံက ကူညီသွားမည်ဖြစ်ကာ၊ နိုင်ငံရပ်ခြားတွင် ကျောက်မီးသွေးအသုံးပြုသည့် လျှပ်စစ် စီမံကိန်းအသစ်များကို တည်ဆောက်သွားတော့မည်မဟုတ်ကြောင်း တရုတ်သမ္မတက ကြေညာထားပါသည်။
ထို့ပြင် မျှဝေသော အနာဂတ်ဖြင့် ကမ္ဘာလုံးဆိုင်ရာအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်မှု တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်ဆောင်ရွက်မှု တိုးမြှင့်ရန် အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းသို့ တိုက်တွန်းရေး၊ ကုလသမဂ္ဂ၏ (၂၀၃၀)ပြည့်နှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး အစီအစဉ်များကို အရှိန်မြှင့်တင်ဆောင်ရွက်နေသည့် နယ်ပယ်များအနက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ စားနပ်ရိက္ခာစိတ်ချလုံခြုံရေး၊ COVID-19 ကပ်ရောဂါ တုံ့ပြန်ရေးနှင့် ကာကွယ်ဆေး၊ ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု၊ ရာသီဉတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်နှင့် လျော်ညီသည့် ဖွံ့ဖြိုးတိုးတက်မှု၊ စက်မှုကူးပြောင်းမှု၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဆက်သွယ်ရေးတို့တွင် ဉီးစားပေးသည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ဖြစ်ပေါ်ရေးတို့အတွက်လည်း တရုတ်သမ္မတက UNGAမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။
ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု တိုးတက်စေရေးအတွက် စစ်မှန်သည့်နိုင်ငံစုံ စနစ်က လမ်းပြပေးရန် ကုလသမဂ္ဂ၊ BRICS နှင့် အရှေ့စီးပွားရေးဖိုရမ်နှင့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့အစည်း (SCO)ကဲ့သို့ နိုင်ငံစုံပေါင်းကူးဆက်သွယ်မှုအမျိုးမျိုးအပေါ် တရုတ်သမ္မတက တစ်စိုက်မတ်မတ်တောင်းဆိုထားပါသည်။
တစ်ကမ္ဘာလုံးက စိတ်ဝင်စားစွာစောင့်ကြည့်နေသည့် တရုတ်နှင့် အမေရိ ကန်တို့၏ ဆက်ဆံရေးအပေါ် နှစ်နိုင်ငံလုံးက ကောင်းမွန်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကို တရုတ်သမ္မတက အမေရိကန်သမ္မတ Joseph R. Bidenနှင့် စက်တင်ဘာလ (၁၀)ရက်နေ့တွင် တယ်လီဖုန်းဖြင့် စကားပြောကြားရာ၌ ပြောကြားခဲ့သည်ဟု သိရပါသည်။
သတင်းများစုစည်းတင်ပြသူ
ဒေါက်တာရွှေစင်ကို၊
စီးပွားရေးသံမှူး
ရင်းမြစ် ၊ Xinhua (၁-၁၀-၂၀၂၁)