Main menu

Background

နိုင်ငံတော်အရန်အဖြစ်ထားရှိသည့်သတ္တုများအား ဈေးကွက်အတွင်းသို့ ဖြန့်ချိခဲ့ခြင်း

Mon, 10/11/2021 - 14:27 -- journal_editor

            တရုတ်နိုင်ငံသည် ဈေးကွက်အတွင်းဈေးနှုန်းများ၊ အဓိကကုန်ကြမ်းပစ္စည်းများ ရောင်းလိုအားတည်ငြိမ်စေရန် နိုင်ငံတော်အရန်အဖြစ်ထားရှိသည့် ကြေးနီ၊ အလူမီနီယမ်နှင့် ဇင့်သတ္တု စုစုပေါင်းတန်ချိန် (၁၅၀,၀၀၀)အား ဈေးကွက်အတွင်းသို့ ဖြန့်ချိမည်ဖြစ်ကြောင်း တရုတ်အမျိုးသားအစားအသောက်နှင့်မဟာဗျူဟာအရန်ထားရှိမှုစီမံခန့်ခွဲမှုအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ထိုကဲ့သို့ ဖြန့်ချိခြင်းသည် ယခုနှစ်၏ စတုတ္တအသုတ်ဖြစ်ကြောင်း၊ နိုင်ငံတော်အရန်အဖြစ်ထားရှိသည့် သတ္တုများအနက် ဈေးကွက်အတွင်းသို့ ကြေးနီတန်ချိန်(၃၀,၀၀၀)၊ အလူမီနီယံတန်ချိန်(၇၀,၀၀၀)နှင့် ဇင့်တန်ချိန်(၅၀,၀၀၀) တို့ကို အသီးသီးဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဖြန့်ချိခြင်းဖြင့် လုပ်ငန်းများအနေဖြင့် ကုန်စည်များ ထုတ်လုပ်ရာတွင် ကုန်ကြမ်းပစ္စည်းကုန်ကျစရိတ်များကြောင့် ဖြစ်ပေါ်လျက်ရှိသည့်ဖိအားများ လျော့ပါး သက်သာစေရန်နှင့် ဈေးကွက်ရောင်းလိုအားပြည့်မီစေရန်တို့အတွက် အထောက်အကူပြု စေရန်ဖြစ်ကြောင်း၊ သတ္တုပစ္စည်းရောင်းလိုအားနှင့်ဝယ်လိုအားကွာဟမှုကို လျော့ပါးသက်သာစေရန် နိုင်ငံတော်တွင် အရန်အဖြစ်ထားရှိသည့်ပစ္စည်းများအား ဆက်လက်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ဈေးကွက်အတွင်း ပြောင်းလဲဖြစ်ပေါ်မှုများအား အသေးစိတ်စောင့်ကြည့်လေ့လာမှုများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဈေးကွက်ရောင်းလိုအားမြင့်တက်လာစေရန်၊ လုပ်ငန်းများအတွက် ကုန်ကြမ်းပစ္စည်းကုန်ကျ စရိတ်များကြောင့် ဖိအားများဖြစ်ပေါ်စေမှုအပေါ် လျော့ပါးသက်သာစေရန်၊ နိုင်ငံအတွင်းရှိအချို့သောဒေသများတွင် COVID-19 ကမ္ဘာ့ကပ်ရောဂါတကျော့ပြန်ဖြစ်ပွားလာခြင်းနှင့် နိုင်ငံ၏အချို့ဒေသများတွင် ဖြစ်ပေါ်ခဲ့သည့် ရေကြီးနစ်မြှုပ်မှုများကြောင့် ထိခိုက်မှုများအပေါ် လျော့ပါးသက်သာစေရန် ၂၀၂၁ ခုနှစ်၊ ဇွန်လမှ စတင်၍ ကြေးနီ၊ အလူမီနီယံနှင့် ဇင့်စုစုပေါင်းတန်ချိန် (၄၂၀,၀၀၀)အား အသုတ်(၃)ကြိမ်ခွဲ၍ ဈေးကွက်အတွင်းသို့ ဖြန့်ချိပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါသည်။

Source: http://www.chinadaily.com.cn/a/202109/29/WS6153c52fa310cdd39bc6c476.html

ရွှေစင်ဦး(စီးပွားရေးသံမှူး)