Main menu

Background

အာဆီယံနိုင်ငံများနှင့်ကုန်သွယ်မှုဆက်လက်တိုးတက်ခဲ့ခြင်း

Mon, 10/11/2021 - 14:37 -- journal_editor

      ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအတွင်း တရုတ်နိုင်ငံ၏အဓိကကုန်သွယ်ဖက်နိုင်ငံများမှာ အရှေ့တောင်အာရှနိုင်ငံများ၊ ဉရောပသမဂ္ဂနိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုတို့ဖြစ်ပြီး အဆိုပါနိုင်ငံများနှင့် ကုန်သွယ်မှုဆက်လက် တိုးတက်ခဲ့ကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများနှင့်ကုန်သွယ်မှုသည်(၂၂.၈)ရာခိုင်နှုန်း၊ ဉရောပသမဂ္ဂနိုင်ငံများနှင့်(၂၂.၁)ရာခိုင်နှုန်း၊ အမေရိကန်ပြည်ထောင်စုနှင့် (၂၅.၈) ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း၊ အလားတူပင် အဆိုပါ ကာလအတွင်း တရုတ်နိုင်ငံသည် ရပ်ဝန်းနှင့်ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တွင် ပါဝင်လျက်ရှိသည့်နိုင်ငံများနှင့်ကုန်သွယ်မှုပမာဏ တရုတ်ယွမ်ငွေ(၇.၂၉)ထရီလီယံရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူကထက် (၂၄.၆) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ၂၀၂၁ခုနှစ် ဩဂုတ်လအတွင်း၌ နိုင်ငံ၏ကုန်သွယ်မှုပမာဏ တရုတ်ယွမ်ငွေ(၃.၄၃)ထရီလီယံ ရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ် ကာလတူကထက် (၁၈. ၉) ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းကြောင့် ကုန်သွယ်မှုပမာဏ (၁၅)လ ဆက်တိုက်မြင့်တက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပြည်ပကုန်သွယ်မှုဆက်လက်မြင့်တက်ရန် မျှော်မှန်းထားသော်လည်း မသေချာမှုများကြောင့် ထိခိုက်မှုများဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထား ကြောင်း၊ ကုန်ကြမ်းပစ္စည်းဈေးနှုန်းများမြင့်တက်လာခြင်း၊ တရုတ်ယွမ်ငွေလဲလှယ်နှုန်း အတက်အကျဖြစ်ပေါ်လျက်ရှိခြင်း၊ ပင်လယ်ရေကြောင်းဖြင့် ကုန်စည်များတင်ပို့ရာတွင် နှောင့်နှေးကြန့်ကြာမှုများကြောင့် ပြည်ပနိုင်ငံများသို့ ကုန်သွယ်မှုပြုနေသည့်လုပ်ငန်းများအနေဖြင့် အမြတ်အစွန်းရရှိမှုများ လျော့နည်းလာနိုင်ဖွယ်ရှိသည့်အတွက် ပြည်ပမှအမှာစာအသစ်များလက်ခံမှုအပေါ် ထိခိုက်မှုများဖြစ်ပေါ်လာနိုင်ဖွယ်ရှိကြောင်း လေ့လာစောင့်ကြည့်သူများမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: China's foreign trade sustains growth momentum | english.scio.gov.cn

ရွှေစင်ဦး(စီးပွားရေးသံမှူး)