Main menu

Background

အိန္ဒိယနိုင်ငံ၌ အောက်တိုဘာ၁၅ရက်မှစတင်၍ ကမ္ဘာလှည့်ခရီးသည်များအား လာရောက်လည်ပတ်ခွင့်ပြုမည်

Mon, 10/11/2021 - 15:06 -- journal_editor

         အိန္ဒိယနိုင်ငံ၌ ၁၅-၁၀-၂၀၂၁ နေ့မှစတင်၍ နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်များအား စင်းလုံးငှားလေကြောင်းခရီးစဉ်ဖြင့် လာရောက်လည်ပတ်ခြင်းကို ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ပြီး အခြားသောလေကြောင်းခရီးစဉ်များဖြင့် လာရောက်လည်ပတ်ခြင်းကိုမူ ၁၅-၁၁-၂၀၂၁ နေ့မှ စတင်ဆောင်ရွက်မည်ဖြစ်သည်ဟု အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ၇-၁၀-၂၀၂၁ နေ့၌ သတင်းထုတ်ပြန်ခဲ့ပါသည်။

           အဆိုပါ သတင်းထုတ်ပြန်ချက်၌ အိန္ဒိယနိုင်ငံ၌ COVID-19 ကပ်ရောဂါကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဗဟိုအစိုးရသည် နိုင်ငံခြားသားများသို့ ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမှုကို ယခင်နှစ်ကပင် ဆိုင်းငံ့ထားရှိလျက် နိုင်ငံတကာခရီးသွားလာမှုများကိုလည်း ကန့်သတ်တားမြစ်မှုများချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ သို့ရာတွင် COVID-19 ရောဂါထိန်းချုပ်မှု အခြေအနေပေါ်မူတည်၍ ခရီးသွားဗီဇာမှအပ ကျန်ပြည်ဝင်ခွင့်ဗီဇာများ ထုတ်ပေးခြင်းကို ပြန်လည်ခွင့်ပြုခဲ့ကြောင်း၊ ထို့နောက်ပိုင်း၌ ပြည်နယ်အစိုးရအဖွဲ့များနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၌ ပါဝင်လုပ်ကိုင် ဆောင်ရွက်နေသူများထံမှ နိုင်ငံခြားသားခရီးသွားများကို ဝင်ရောက်ခွင့်ပြုလျက် လုပ်ငန်းများပြန်လည်စတင်နိုင်ရန် တောင်းဆိုမှုများကို လက်ခံရရှိခဲ့ကြောင်း၊ သို့ဖြစ်ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ပရေးရာဝန်ကြီးဌာန၊ မြို့ပြလေကြောင်းဝန်ကြီးဌာန၊ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဒေသန္တရအစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ အကြောင်းအချက်များစွာအပေါ် စဉ်းစားသုံးသပ်ပြီးနောက် ယခုကဲ့သို့ ကမ္ဘာလှည့်ခရီးသည်ဝန်ဆောင်မှုလုပ်ငန်းကို ပြန်လည်လုပ်ကိုင်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားသားခရီးသည်များနှင့် ဤလုပ်ငန်းနယ်ပယ်၌ ပါဝင်လျက်ရှိသူများ အားလုံးသည် အိန္ဒိယကျန်းမာရေးနှင့်မိသားစုဖူလုံရေးဝန်ကြီးဌာနက အခါအားလျော်စွာ ချမှတ်ထုတ်ပြန်သည့် COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များကို တိကျစွာလိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source:         Ministry of Home Affairs to begin granting fresh Tourist Visas to foreigners coming to India through chartered flights with effect from October 15, 7-10-2021, Press Information Bureau of India

နေအေးလွင်

(စီးပွားရေးသံမှူး)