Main menu

Background

အောက်တိုဘာလ၏ ပထမရက်သတ္တပတ် ၂ ပတ်အတွင်း ဘရာဇီးလ်နိုင်ငံ၏ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံကုန်သွယ်မှုပိုငွေပြ

Thu, 10/14/2021 - 11:17 -- journal_editor

                 ဘရာဇီးလ်နိုင်ငံသည် ကုန်သွယ်မှုမှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ၏ ပထမရက်သတ္တပတ် ၂ ပတ်တာကာလ(၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ)အတွင်း အမေရိကန်ဒေါ်လာ ၁.၉၂၉ ဘီလီယံ ကုန်သွယ်မှုပိုငွေ ရရှိခဲ့သည်။

              အစိုးရ၏စာရင်းများအရ ဘရာဇီးလ်နိုင်ငံ၏ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၇.၈၉၉ ဘီလီယံနှင့်သွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅.၉၇၁ ဘီလီယံတို့ ဖြစ်သည်။ ဘရာဇီးလ်နိုင်ငံခြားကုန်သွယ်မှုဌာန (Secretariat of Foreign Trade - Secex)၏ အောက်တိုဘာလ ၁၁ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည့်စာရင်းတွင် အောက်တိုဘာလပထမအပတ် ရုံးဖွင့်ရက် ၁ ရက်တာကာလတွင် အမေရိကန်ဒေါ်လာ ၈၂၆ သန်း တန်ဖိုးအား ကုန်သွယ်မှုပြုခဲ့ကြောင်း ဖော်ပြထားသည်။ ထို့အပြင် အောက်တိုဘာ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိကုန်သွယ်မှုပြုလုပ်ခဲ့ရာတွင် အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ ကုန်သွယ်မှုပိုငွေ ရရှိခဲ့သည်။

              ဘရာဇီးလ်နိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ အောက်တိုဘာလ ၁၀ ရက်နေ့ အထိကာလအတွင်း ကုန်သွယ်မှုပိုငွေ ၅၈.၅၀၄ ဘီလီလံ ရရှိခဲ့ပြီး ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက နေ့စဉ်ပျမ်းမျှ ၃၈.၈ ရာခိုင်နှုန်း ကုန်သွယ်မှုပိုငွေရရှိခဲ့သည်။ အောက်တိုဘာလဒုတိယပတ်တွင် ဘရာဇီးလ်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၄၉.၂ ရာခိုင်နှုန်း တိုးတက် ခဲ့ပြီး စက်မှုပစ္စည်းတင်ပို့မှုတွင် ၅၂.၉ ရာခိုင်နှုန်း၊ စက်မှုကုန်ချောတင်ပို့မှုတွင် ၄၈.၈ ရာခိုင်နှုန်းနှင့်လယ်ယာထွက်ကုန်တင်ပို့မှုတွင် ၄၅.၆ ရာခိုင်နှုန်းတို့ အသီးသီးတိုးတက်တင်ပို့ခဲ့သည်။

              ဘရာဇီးလ်နိုင်ငံ၏ သွင်းကုန်ကဏ္ဍသည်လည်း ၅၀.၃ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ပြီး လယ်ယာထွက်ကုန်တင်သွင်းမှုတွင် ၄၁ ရာခိုင်နှုန်း၊ စက်မှုပစ္စည်းတင်သွင်းမှု ၁၃၄.၁ ရာခိုင်နှုန်းနှင့် စက်မှုကုန်ချောတင်သွင်းမှုတွင် ၄၆.၅ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့သည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br