Main menu

Background

ဟူနန်ပြည်နယ်၏ နိုင်ငံခြားကုန်သွယ်ရေး တိုးတက်လာ

Fri, 10/22/2021 - 10:00 -- journal_editor

ယခုနှစ် ပထမ (၉)လအတွင်း ဟူနန်ပြည်နယ်၏ ပို့ကုန်သွင်းကုန်တန်ဖိုးမှာ ယွမ်ငွေ (၄၂၅.၁) ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၆ ဘီလီယံခန့်) ရှိခဲ့ကာ ယခင်နှစ်ကထက် (၂၈.၄) ရာခိုင်နှုန်းမြင့်တက်လာကြောင်း ချန်းရှအကောက်ခွန်ဌာန၏ ထုတ်ပြန်ချက်အရ သိရပါသည်။

၎င်းအနက် ပို့ကုန်တန်ဖိုးမှာ (၃၄.၉) ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ယွမ်ငွေ (၂၉၃.၃) ဘီလီယံရရှိခဲ့ပြီး၊ သွင်းကုန်တန်ဖိုးမှာ (၁၆) ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ယွမ်ငွေ (၁၃၁.၈) ဘီလီယံ ရရှိခဲ့သည်ဟု စာရင်းများတွင် တွေ့ရပါသည်။

ပထမ (၉)လအတွင်း ပုဂ္ဂလိကလုပ်ငန်းများက နိုင်ငံခြားကုန်သွယ်မှုဖွံ့ဖြိုး ရေးတွင် အဓိကအင်အားများဖြစ်ခဲ့ပြီး၊ စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းနှင့် လုပ်သားစူးစိုက် ကုန်ပစ္စည်းများ တင်ပို့မှု မြင့်တက်ခဲ့ကာ၊  ပဲပုပ်နှင့် သံသတ္တုရိုင်းများကို ပိုမိုတင်သွင်းခဲ့ကြ ခြင်းဖြစ်ပါသည်။

ဟူနန်ပြည်နယ်နှင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းဝင် နိုင်ငံများအကြား ကုန်သွယ်မှုတွင် (၁၉.၈) ရာခိုင်နှုန်း ပိုမိုလာကာ ယွမ်ငွေ (၁၂၂.၈) ဘီလီယံအထိ လည်းကောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုတွင် (၁၉.၃) ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ယွမ်ငွေ (၆၆.၉) ဘီလီယံအထိလည်းကောင်း၊ အမေရိကန်နှင့် ကုန်သွယ် မှုတွင် ယွမ်ငွေ (၆၁) ဘီလီယံအထိလည်းကောင်း အသီးသီးရရှိခဲ့ပါသည်။ အာဆီယံသည် ဟူနန် ပြည်နယ်၏ အကြီးဆုံး ကုန်သွယ်မှုမိတ်ဖက်ဖြစ်ပါသည်။

ဟူနန်ပြည်နယ်အစိုးရ၏ မူဝါဒပိုင်းပံ့ပိုးကူညီမှုများကြောင့် ယခုကဲ့သို့ နိုင်ငံခြားကုန်သွယ်ရေးဖွံ့ဖြိုးလာခြင်းဖြစ်ကြောင်း အကောက်ခွန်ဌာနက ပြောကြားထား ပါသည်။

ရင်းမြစ်၊ Xinhua (၁၅-၁၀-၂၀၂၁)

.....................................................

 

သတင်းစုစည်းတင်ပြသူ - ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး