Main menu

Background

အောက်တိုဘာလ ၂၀ ရက်နေ့တွင်ဖြစ်ပေါ်လျက်ရှိသော ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ်စေ့ဈေးကွက်အခြေအနေများ

Mon, 10/25/2021 - 12:58 -- journal_editor

           ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဘရာဇီးလ်နိုင်ငံ၏သီးနှံဈေးကွက်၌ ပဲပုတ်စေ့ဈေးနှုန်းများ ပြန်လည်မြင့်တက်လျက်ရှိရာ အမေရိကန်နိုင်ငံ ချီကာဂိုစတော့ဈေးကွက်တွင်လည်း သီးနှံဈေးနှုန်းများ မြင့်တက်လျက်ရှိသည်။ ဘရာဇီးလ်နိုင်ငံတွင် ၆၀ ကီလိုဂရမ်အလေးချိန် ရှိသည့် ပဲပုတ်စေ့ ၁ အိတ်တန်ဖိုးသည် Passo Fundo (RS) ဈေးကွက်တွင် ၁၆၉.၀၀ ဟဲရာမှ ၁၇၂.၀၀ ဟဲရာသို့ ဈေးနှုန်းမြင့်တက်ခဲ့ပြီး Mission Region ဈေးကွက်တွင် ၁၆၈.၀၀ ဟဲရာမှ ၁၇၁.၀၀ ဟဲရာ သို့လည်းကောင်း၊ Rio Grande ဆိပ်ကမ်းဈေးကွက်တွင် ၁၇၃.၀၀ ဟဲရာမှ ၁၇၅.၀၀ ဟဲရာ သို့လည်းကောင်း၊ Cascavel (PR) ဈေးကွက်တွင် ၁၆၉.၅၀ ဟဲရာမှ ၁၇၀.၅၀ ဟဲရာသို့ လည်းကောင်း၊ Paranaguá (PR)ဆပ်ကမ်းဈေးကွက်တွင် ၁၇၃.၀၀ ဟဲရာမှ ၁၇၄.၀၀ ဟဲရာသို့လည်းကောင်း၊ Rondonópolis (MT)ဈေးကွက်တွင် ၁၆၆.၀၀ ဟဲရာမှ ၁၆၇.၀၀ ဟဲရာသို့လည်းကောင်း၊ Dourados (MS)ဈေးကွက်တွင် ၁၆၁.၀၀ ဟဲရာမှ ၁၆၂.၀၀ ဟဲရာသို့လည်းကောင်း အသီးသီးဈေးနှုန်းများမြင့်တက်ခဲ့ပြီး Rio Verde (GO) ဈေးကွက်တွင် ၁၆၃ ဟဲရာဈေးနှုန်းဖြင့် အရောင်းအဝယ်များပြုလုပ်ခဲ့သည်။

ချီကာဂိုစတော့ဈေးကွက်

            အမေရိကန်ုနိုင်ငံ ချီကာဂိုစတော့ဈေးကွက်(Chicago Commodity Exchange - CBOT) တွင် ပဲပုတ်စေ့ဈေးနှုန်းများ အမြင့်ဈေးများဖြင့် ဈေးပိတ်ခဲ့သည်။ အမေရိကန်သီးနှံဈေးကွက်သည် တရုတ်နိုင်ငံ၏ဝယ်လိုအားအပေါ် မူတည်၍ သီးနှံဈေးနှုန်းပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိသည်။ 

              အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဌာနကထုတ်ဝေသော သီးနှံတင်ပို့မှုစာရင်းတွင် ပဲပုတ်စေ့တန်ချိန် ၁.၂ သန်းမှ ၂.၅ သန်းအား တင်ပို့နိုင်ခဲ့ကြောင်းဖော်ပြထားသည်။ သီးနှံကြိုပွိုင့်ဈေးကွက်တွင် နိုဝင်ဘာလအတွက် ပဲပုတ်စေ့ ကြိုပွိုင့်ဈေးနှုန်းသည် ၁ စည်လျင်အမေရိကန်ဒေါ်လာ ၁၇.၅၀ ဆင့်ဖြင့် ဈေးပိတ်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွက်သီးနှံကြိုပွိုင့်ဈေးကွက်တွင် ပဲပုတ်စေ့ ၁ စည်လျင် အမေရိကန်ဒေါ်လာ ၁၂.၅၅ ဆင့်ဖြင့် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။

              ချီကာဂိုသီးနှံဈေးကွက်၏ ယခုနှစ်ဒီဇင်ဘာလအတွက် ကြိုပွိုင့်ဈေးကွက်တွင် ပဲပုတ်စေ့အခွံ ၁ တန်လျင် အမေရိကန်ဒေါ်လာ ၃၂၈.၄၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဒီဇင်ဘာလအတွက် ပဲပုတ်စေ့ဆီကြိုပွိုင့်ဈေးနှုန်းသည် ၁ ပေါင်လျှင် အမေရိကန်ဒေါ်လာ ၆၄.၇၀ ဆင့်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့သည်။

ငွေလဲနှုန်းများ

              အောက်တိုဘာလ ၂၀ ရက်နေ့၌ ဘရာဇီးလ်နိုင်ငံ၏ နိုင်ငံခြားငွေဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ရောင်းဈေး ၅.၅၆၂၀ ဟဲရာ၊ ဝယ်ဈေး ၅.၅၆၀၀ ဟဲရာ ဈေးနှုန်းတို့ဖြင့် ရောင်းဝယ်ခဲ့ပြီး ယခုရက်ပိုင်းအတွင်း ငွေဈေးနှုန်းအတက်အကျသည် အမေရိကန် ၁ ဒေါ်လာလျင် ၅.၅၂၁၀ ဟဲရာနှင့် ၅.၉၅၀၀ ဟဲရာအကြားတွင် ဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br