Main menu

Background

WTO ၏အရာရှိများခန့်အပ်မှုတွင် အလှည့်ကျစနစ်ကျင့်သုံးရန် အိန္ဒိယကအဆိုပြု

Tue, 10/26/2021 - 10:40 -- journal_editor

      ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ ကော်မတီ/ လုပ်ငန်းအဖွဲ့များ၌ မတူညီသောအုပ်စု များရှိ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များပါဝင်မှုကို ဟန်ချက်ညီမျှတမှု ရှိစေရန်အတွက် အရာရှိများ ခန့်အပ်တာဝန်ပေးရာတွင် အလှည့်ကျစနစ်အားကျင့်သုံးရန် အိန္ဒိယနိုင်ငံက အဆိုပြုခဲ့ ပါသည်။

       အထူးနှင့်သီးခြားသက်သာခွင့်များကို ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် ပြောင်းပြန် ခံစားခွင့်ရရှိ စေသည့် သဘောသက်ရောက်လျက်ရှိသော လက်ရှိ WTO ၌ ကျင့်သုံးလျက်ရှိသည့် ဖွံ့ဖြိုးပြီးနိုင်ငံ များအုပ်စုနှင့် အခြားဒေသအုပ်စုတို့မှ ကိုယ်စားလှယ်များကို တစ်လှည့်စီ တာဝန်ပေးအပ်သော စနစ်အား ရှောင်ကြဉ်သင့်ပြီဖြစ်ကြောင်း၊ ပွင့်လင်းမြင်သာပြီး ရှင်းလင်းပြတ်သားသည့် လုပ်ငန်း လမ်းညွှန်ချက်များ မရှိပဲ WTO ၏ လုပ်ငန်းစဉ်များဆောင်ရွက်ခြင်းသည် အခြားသော အဖွဲ့ဝင်များ က သိရှိသတိပြုမိခြင်းမရှိပဲ ရုံးလုပ်ငန်းအမှုဆောင်များ (office bearers) သို့မဟုတ် ပံ့ပိုးလုပ် ဆောင်သူများ (facilitators) အကြား နှစ်ဦးနှစ်ဘက်အကျိုးအတွက် ဆောင်ရွက်ခြင်းများကို ဖြစ် ပေါ်စေကြောင်း၊ ထင်သာမြင်သာရှိမှုနှင့် စပ်လျဉ်း၍ WTO ၏ လုပ်ငန်းရပ်များ၌ တာဝန်ပေးအပ် ရန် ကနဦးစတင် ရွေးချယ်ချိန်ကပင် ဥက္ကဋ္ဌနေရာအတွက် မည်သည့်အုပ်စုက ပါဝင်ရမည်ကို ကမ်းလှမ်းဖော်ပြသည့် စာရင်းအား ပြည့်စုံစွာထုတ်ပြန်ပေးသင့်ကြောင်း၊ ဒေသဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူး (Regional Coordinator) သည် မူလကိုယ်စားလှယ်လောင်းနေရာ လစ်လပ်မှု၊ အမည်စာရင်းတင်သွင်းချက် လက်ခံရရှိမှု၊ သက်ဆိုင်သည့် အုပ်စုအတွင်း အမည်စာရင်း တင်သွင်း ခံရသူ အများအပြားရှိပါက ကိုင်တွယ်ဆောင်ရွက်မှု စသည်တို့ကို ပြန်ကြားပေးသင့်ကြောင်း၊ ထို့အပြင် အုပ်စုအတွင်း အပြီးသတ်ညှိနှိုင်းလျက် အမည်စာရင်း ပြုစုပြီးပါက နောက်ဆုံးအဆင့် ရွေးချယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ရုံးလုပ်ငန်းအမှုဆောင်ထံသို့ အကြောင်းကြားရန် လိုအပ်ကြောင်း၊ အကယ်၍ အုပ်စုများ သို့မဟုတ် ဒေသဆိုင်ရာ အုပ်စုများ အတွင်း တာဝန်ပေးအပ်ရေး ရွေးချယ်ဆောင်ရွက်မှုအပေါ် အဖွဲ့ဝင်များအကြား သဘောတူညီ ချက်ရရှိခဲ့ပါက အဖွဲ့ဝင်နိုင်ငံများ သိရှိစေရန်အတွက် အထွေထွေကောင်စီ ဥက္ကဋ္ဌ၏ အသိအမှတ် ပြုမှုဖြင့် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်အသိပေးရမည်ဖြစ်ကြောင်း၊ အုပ်စုတစ်ခုသည် ကော်မတီ တစ်ရပ်ရပ်၌ ကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် ပါဝင်မှုကို စိတ်ပါဝင်စားမှုရှိသည့် အခြားသော အုပ်စုတစ်ခုနှင့် နေရာဖလှယ်ခြင်း/ ပြောင်းလဲခြင်းကို လုပ်ဆောင်နိုင်ကြောင်း၊ ထိုသို့ ဆောင်ရွက် ရန် သဘောတူညီမှုကို WTO အဖွဲ့ဝင်နိုင်ငံများထံသို့ ထင်သာမြင်သာစွာ အသိပေးရမည်ဖြစ် ကြောင်း၊ အကယ်၍ အုပ်စုတစ်ခုသည် WTO ၏ ကော်မတီ တစ်ခုတွင် သတ်မှတ်ကာလအတွင်း အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်မည့် အခွင့်အရေးအား စွန့်လွှတ်ပါက သို့မဟုတ် အခြားအုပ်စုတစ်ခုနှင့် အပြန်အလှန်သဘောတူညီချက် ပြုလုပ်မှုမရှိခဲ့ပါက သက်ဆိုင်သည့် နှစ်ကာလအတွက် ကိုယ်စား ပြုပါဝင်မှုကို လက်လွှတ်အဆုံးရှုံးခံရမည်ဖြစ်ပြီး ကျန်ရှိသောအုပ်စုများ၏ အလှည့်ပြည့်မြောက် ပြီးမှသာ တစ်ဖန်တာဝန်ထမ်းဆောင်ရန် စောင့်ဆိုင်းရမည်ဖြစ်ကြောင်း၊ အထွေထွေကောင်စီ ဥက္ကဋ္ဌ၏ ကြီးကြပ်မှုအောက်တွင် ကွဲပြားခြားနားသည့် WTO ကော်မတီ/ လုပ်ငန်းအဖွဲ့ အသီးသီး၌ ဥက္ကဋ္ဌ အဟောင်းနှင့်အသစ်များ၏ တာဝန်လွှဲပြောင်းမှုအတွက် ရှင်းလင်းတိကျမှုရှိသည့် လုပ်ငန်း စဉ်များရှိသင့်ကြောင်းဖြင့် အိန္ဒိယနိုင်ငံက အဆိုပြုထားကြောင်း Economic Times သတင်းဌာန ၏ ဖော်ပြချက်အရ သိရှိရပါသည်။

      WTO ၌ အာရှဒေသဖွံ့ဖြိုးဆဲနိုင်ငံများအုပ်စု၊ ဖွံ့ဖြိုးပြီးနိုင်ငံများအုပ်စု၊ ကာရစ်ဘီယန်နှင့် လက်တင်အမေရိကအုပ်စု၊ အာဖရိကအုပ်စုနှင့် အဆိုပါအုပ်စုများတွင် ပါဝင်ခြင်းမရှိသောနိုင်ငံ များ စသည်ဖြင့် နိုင်ငံအုပ်စုများ ကွဲပြားလျက်ရှိသည်။ အိန္ဒိယနိုင်ငံ၏ အဆိုပြုချက်အရ ဒေသ ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်သည့် အဖွဲ့ဝင်များသည် ယင်းသို့ တာဝန်ယူ ဆောင်ရွက်စဉ် ကာလအတွင်း ၎င်းတို့နိုင်ငံများမှ ကိုယ်စားလှယ်များအား WTO ၏ ကော်မတီ တစ်ရပ်ရပ်၌ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရန် အမည်စာရင်းတင်သွင်းခွင့် ရရှိမည်မဟုတ် ကြောင်း သိရှိရပါသည်။

Source:         India pushes for rotation system to appoint officers in WTO bodies, 21-10-2021, Economic Times

 

 

(နေအေးလွင်)

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့