Main menu

Background

ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း - ပင်လယ် ရေကြောင်းလမ်း စင်္ကြံလမ်းအသစ်မှ သယ်ယူပို့ဆောင်မှု မြင့်တက်လာ

Thu, 10/28/2021 - 09:47 -- journal_editor

ယခုနှစ် ပထမ (၉)လအတွင်း ကမ္ဘာတစ်ဝှမ်း ကပ်ရောဂါဖြစ်ပွားမှုနှင့် သင်္ဘောဖြင့်ပို့ဆောင်မှု အကျပ်အတည်းများဖြစ်ခဲ့သည့်ကြားမှ အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း - ပင်လယ်ရေကြောင်းလမ်း စင်္ကြံလမ်းအသစ်ပေါ်တွင် ပင်လယ်ရေကြောင်းနှင့် မီးရထားလမ်းတို့ဖြင့် ချိတ်ဆက်ပို့ဆောင်ပေးခဲ့သည့် ပေ (၂၀)အရွယ် ကုန်သေတ္တာအလုံးရေ ပေါင်း (၄၁၆,၉၀၀) ရှိခဲ့ကာ၊ ယခင်နှစ်ကထက် (၂၄၆.၃၄) ရာခိုင်နှုန်းပိုမိုခဲ့ကြောင်း သိရပါ သည်။

တရုတ်နိုင်ငံရှိ ကုန်းလမ်းနှင့် ပင်လယ်ရေကြောင်းလမ်းကို ဆက်သွယ်ပေး ထားသည့်စင်္ကြံမှာ ယခုအခါ ပြည်နယ်/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် မြူနီစီပယ်ဒေသ ပေါင်း (၉)ခုမှ မြို့ပေါင်း (၂၉) မြို့ရှိ ကုန်သွယ်ရေးစခန်းပေါင်း (၆၂)ခုဆီ လွှမ်းခြုံထားပြီ ဖြစ်ပါသည်။ ၎င်းချိတ်ဆက်မှုကို ကမ္ဘာပေါ်ရှိ တိုက်ကြီးပေါင်း (၆)တိုက်နှင့် ၂၀၁၇ ခုနှစ် ကတည်းက စတင်ခဲ့ခြင်းဖြစ်ပါသည်။ ယခုအချိန်၌ ၎င်းချိတ်ဆက်မှုတွင် နိုင်ငံပေါင်း (၁၀၅) နိုင်ငံရှိ ဆိပ်ကမ်းပေါင်း (၃၀၄) ခုပါဝင်လာပြီး ကုန်ပစ္စည်းအမျိုးအစားပေါင်း (၅၀၀) ကျော် ပါဝင်သည့် ကုန်သေတ္တာများကို သယ်ယူပို့ဆောင်ပေးနေပြီ ဖြစ်ပါသည်။

ရထားသယ်ယူပို့ဆောင်ရေးအတွက် အဓိကပို့ဆောင်ရေးလမ်းကြောင်းများ၊ အဓိကအချက်အချာနေရာများနှင့် ကုန်စည်ထောက်ပို့သယ်ယူပို့ဆောင်ရေး အသုံးအဆောင် များကို ဆက်လက်တည်ဆောက်ရန် မကြာသေးမီနှစ်များအတွင်း တရုတ် မီးရထား နန်နင်းအုပ်စုက ပေပုပင်လယ်ကွေ့ဆိပ်ကမ်းအုပ်စုနှင့် အတူတကွလုပ်ဆောင်လျက် ရှိပါသည်။

ယခုအခါ နိုင်ငံရပ်ခြားဆီသို့ ဉီးတည်သည့် ကွမ်ရှီး၏ အဓိက မီးရထားလမ်း အားလုံးတို့တွင် လျှပ်စစ်စနစ် ပြန်လည်ပြုပြင်မှုများ ပြီးစီးသွားပြီဖြစ်ကာ၊ ၂၀၁၇ ခုနှစ်က ထက် သယ်ယူပို့ဆောင်ပေးနိုင်သည့်စွမ်းရည် (၆.၅) ရာခိုင်နှုန်း ပိုမိုလာပြီဖြစ်ပါသည်။ ချင်းကျိုးဆိပ်ကမ်းတွင် ကုန်သေတ္တာလွှဲပြောင်းပေးသည့်နေရာကို တည်ထောင်ထားပြီး ဖြစ်ကာ၊ ယခင်က ရထား (၄)စင်းကိုသာ အလွှဲအပြောင်း ပြုလုပ်ပေးနိုင်ခဲ့ရာမှ ယခုအခါ ရထားစီးရေ (၂၀)ကျော်ကို လွှဲပြောင်းပေးနိုင်လာပြီ ဖြစ်ပါသည်။

ပေပုပင်လယ်ကွေ့ဆိပ်ကမ်း၌ ပေပုပင်လယ်ကွေ့ဆိပ်ကမ်းအုပ်စုမှ တည် ဆောက်နေသည့် ကျောက်ချရပ်နားနိုင်သည့်နေရာများလည်း ပိုမိုများပြားလာသဖြင့် ကုန်သေတ္တာ မက်ထရစ်တန်ချိန် သန်း (၆၀)ခန့်ကို လွှဲပြောင်းကိုင်တွယ်ပေးနိုင်ပြီ ဖြစ်ပါ သည်။ လက်ရှိတွင် ပေပုပင်လယ်ကွေ့ဆိပ်ကမ်း၌ ပြည်တွင်းပြည်ပကုန်သွယ်ရေး သင်္ဘော လိုင်းပေါင်း (၅၄) လိုင်းကို ဖွင့်လှစ်ထားပြီ ဖြစ်ပါသည်။

ယခုနှစ် ပထမ (၉)လအတွင်း ပေပုပင်လယ်ကွေ့ဆိပ်ကမ်းမှ ဖြတ်သန်း သယ်ယူပို့ဆောင်ပေးခဲ့သည့် ကုန်စည်ပမာဏပေါင်း တန်ချိန် သန်း (၂၀၀) ခန့်ရှိခဲ့ကာ၊ ယခင်နှစ်ကထက် (၁၀.၂၉) ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ထိုကာလအတွင်း ပေ(၂၀) အရှည် ကုန်သေတ္တာအလုံးရေပေါင်း (၄.၁၉) သန်းကို ကိုင်တွယ်ပေးနိုင်ခဲ့ကာ၊ ယခင်နှစ် အလားတူ ကာလကထက် (၁၉.၁၁) ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရပါသည်။

ရင်းမြစ် ၊ en.gxzf.gov.cn (၂၀-၁၀-၂၀၂၁)

သတင်းစုစည်းတင်ပြသူ - ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး