Main menu

Background

ပစ္စည်းဆိုင်ရာဉပဒေ ပြုပြင်ပြောင်းလဲမှုများကို နေရာအချို့တွင် စမ်းသပ်ပြုလုပ်မည့် တရုတ်နိုင်ငံ

Thu, 10/28/2021 - 09:48 -- journal_editor

တရုတ်နိုင်ငံ၏ အချို့နေရာများတွင် ပစ္စည်းဆိုင်ရာဉပဒေ (property tax)ကို စမ်းသပ်ပြုပြင်ပြောင်းလဲသွားရေးအတွက် နိုင်ငံတော်ကောင်စီအား အခွင့်အာဏာပေးရန် ဆုံးဖြတ်ချက်တစ်ရပ်ကို အောက်တိုဘာလ (၂၃) ရက်နေ့၌ ထိပ်တန်းဉပဒေပြုသူများပါ ဝင်သည့် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီက ချမှတ်ခဲ့ပါသည်။

ဤသို့ ပြုလုပ်ခြင်းမှာ နိုင်ငံ၏ ပိုင်ဆိုင်ပစ္စည်းအခွန် ပြဌာန်းမှုကို  ဆန်းသစ် ရန်၊ တက်ကြွပြီး နှိုင်းချင့်မျှော်ခေါ်သည့် နည်းလမ်းဖြင့် ပြုပြင်ပြောင်းလဲမှုအား ပြုလုပ်ရန်၊  ကျိုးကြောင်းဆီလျော်သည့် အိမ်ဝယ်ယူမှုများနှင့် မြေယာရင်းမြစ်များကို စီးပွားရေးနှင့် လုပ်ငန်းများအတွက် အသုံးပြုရေး လမ်းညွှန်ပြသရန်၊  နိုင်ငံ၏ ပိုင်ဆိုင်ပစ္စည်းဈေးကွက် တည်ငြိမ်စွာနှင့် ခိုင်မာစွာ ဖွံ့ဖြိုးတိုးတက်စေရေး လွယ်ကူချောမွေ့စေရန် ရည်ရွယ်ပါသည်။

ပိုင်ဆိုင်ပစ္စည်းအခွန် စမ်းသပ်ရေးအတွက် စီမံဆောင်ရွက်မှုများ မူကြမ်းနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရေးအတွက် ပြင်ဆင်မှုများကို တရုတ် ပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီ၏ အခွင့်အာဏာပေးအပ်မှုနှင့်အညီ တရုတ် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် နိုင်ငံတော်အခွန်စီမံခန့်ခွဲရေးတို့က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရ ပါသည်။

ရင်းမြစ်၊ Xinhua (၂၃-၁၀-၂၀၂၁)

သတင်းစုစည်းတင်ပြသူ - ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး