Main menu

Background

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား အသုံးပြုရေးအတွက် ဖွံ့ဖြိုးရေးအစီအမံကို တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်

Thu, 10/28/2021 - 09:49 -- journal_editor

(၁၄)ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၁-၂၀၂၅)ကာလအတွင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို အသုံးပြုရေးအတွက် အစီအမံတစ်ရပ်အား တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါသည်။

တစ်ကမ္ဘာလုံးမှ အရည်အသွေးမြင့် ရင်းမြစ်များကို ဆွဲဆောင်ရန်  အဆင့်မြင့် တံခါးဖွင့် ကြိုဆိုမှုများကို တရုတ်နိုင်ငံက ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည်ဟု ဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားထားပါသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏကို တည်ငြိမ်စေရေး ထိန်းသိမ်းထားရှိစဉ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အရည်အသွေးကိုလည်း တိုးတက်စေရမည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ကတိပြုထားပါသည်။

တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသုံးပြုမှုအတိုင်းအတာအားဖြင့် တစ်ကမ္ဘာလုံးရှိ ထိပ်တန်းအဆင့်နိုင်ငံများကြား၌ ရပ်တည်သင့်ကြောင်း၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုအသုံးပြုမှုပုံစံကို တိုးတက်စေသင့်ပြီး၊  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပြည်ပ၌ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံခြားကုန်သွယ်မှုနှင့် ပြည်တွင်းစားသုံးမှုများဖြင့် အပြန်အလှန် ဖလှယ်ဆောင်ရွက်မှုမှာ ယခုငါးနှစ်စီမံကိန်းကာလအတွင်း ဖွံ့ဖြိုးစေသင့်ကြောင်း စီမံကိန်း တွင် ဖော်ပြထားပါသည်။

(၁၃) ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလအတွင်း တရုတ်နိုင်ငံက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၆၉၈.၉) ဘီလီယံကို အသုံးပြုခဲ့ကာ၊ (၁၂) ကြိမ် မြောက် ငါးနှစ်စီမံကိန်းကာလကထက် (၁၀.၄) ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး၊ တရုတ်နိုင်ငံ အတွက် စံချိန်တင်ခဲ့သည့် ပမာဏဖြစ်ခဲ့သည်ဟု သိရပါသည်။

ရင်းမြစ်၊ Xinhua (၂၃-၁၀-၂၀၂၁)

သတင်းစုစည်းတင်ပြသူ - ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး