Main menu

Background

လောင်စာဆီ လက်လီဈေးနှုန်းများ တိုးမြှင့်ထားသည့် တရုတ်နိုင်ငံ

Thu, 10/28/2021 - 09:50 -- journal_editor

အောက်တိုဘာလ (၂၃) ရက်နေ့မှစ၍ တရုတ်နိုင်ငံ၏ ဓာတ်ဆီနှင့် ဒီဇယ်ဆီ လက်လီဈေးနှုန်းများကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်း စီးပွားရေး စီမံကိန်းချမှတ်သည့် National Development and Reform Commission က အောက်တို ဘာလ (၂၂) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

မကြာသေးမီက အပြောင်းအလဲဖြစ်ခဲ့သည့် နိုင်ငံတကာလောင်စာဆီဈေးနှုန်း များအပေါ် အခြေခံ၍ ဓာတ်ဆီ လက်လီဈေးနှုန်းအား တစ်တန်လျှင် (၃၀၀) ယွမ်နှင့် ဒီဇယ် ဆီ လက်လီဈေးနှုန်းအား တစ်တန်လျှင် (၂၉၀) ယွမ် အသီးသီးတိုးမြှင့်ထားပါသည်။

တရုတ်နိုင်ငံ၏ လက်လီဈေးနှုန်းသတ်မှတ်သည့် ယန္တရားအောက်တွင် အကယ်၍ အပြည်ပြည်ဆိုင်ရာရေနံစိမ်းဈေးနှုန်း တစ်တန်လျှင် ယွမ်ငွေ (၅၀)အထက် ပြောင်းလဲပြီး၊ အဆိုပါပြောင်းလဲမှုမှာ အလုပ်လုပ်သည့်နေ့ရက်ပေါင်း (၁၀)ရက်အထိ ဖြစ်ပေါ်နေလျှင် ဓာတ်ဆီနှင့် ဒီဇယ်ဆီကဲ့သို့ ပြန်လည်သန့်စင်ထားသည့်ရေနံထွက်ကုန်များ ၏ ဈေးနှုန်းကို ပြင်ဆင်ချိန်ညှိခွင့်ရှိပါသည်။

တရုတ်နိုင်ငံ၏ အကြီးဆုံး လောင်စာဆီကုမ္ပဏီကြီးများဖြစ်ကြသည့် China National Petroleum Corporation၊ China Petrochemical Corporation နှင့် China National Offshore Oil Corporation တို့က ရောင်းလိုအားတည်ငြိမ်စေရေး သေချာစေရန် ရေနံထုတ်လုပ်မှုကို ထိန်းထားရန်နှင့် သယ်ယူပို့ဆောင်ရေးလွယ်ကူချောမွေ့စေရန် တောင်း ဆိုထားကြသည်ဟု သိရပါသည်။

ရင်းမြစ်၊ Xinhua (၂၂-၁၀-၂၀၂၁)

သတင်းစုစည်းတင်ပြသူ - ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး