Main menu

Background

ယခုနှစ် ပထမ (၉)လအတွင်း ကွမ်တုန်းပြည်နယ်၏ နိုင်ငံခြားကုန်သွယ်ရေး အခိုင်အမာ ဖွံ့ဖြိုးခဲ့

Thu, 10/28/2021 - 09:51 -- journal_editor

တရုတ်နိုင်ငံ၏ စက်မှုကုန်ထုတ်လုပ်မှု ဗဟိုအချက်အချာနေရာလည်းဖြစ်၊ နိုင်ငံခြားနှင့် ကုန်သွယ်ရာတွင် ဉီးဆောင်နေသည့် ပြည်နယ်လည်းဖြစ်သည့် ကွမ်တုန်း ပြည်နယ်သည် ယခုနှစ် ပထမ (၉)လအတွင်း နိုင်ငံခြားကုန်သွယ်မှုအခိုင်အမာ ဖွံ့ဖြိုးခဲ့ ကြောင်း၊ တန်ဖိုးအားဖြင့် ယွမ်ငွေ (၆.၀၃) ထရီလီယံ (အမေရိကန်ဒေါ်လာ ၉၄၃ ဘီလီယံ ခန့်) ရရှိခဲ့ကာ ယခင်နှစ်ကထက် (၁၈.၆) ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရပါသည်။

၎င်းအနက် ပို့ကုန်တန်ဖိုးတွင် (၁၉.၃) ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ယွမ်ငွေ (၃.၆၈) ထရီလီယံ ရရှိခဲ့ပြီး၊ သွင်းကုန်တန်ဖိုးတွင် (၁၇.၅) ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ယွမ်ငွေ (၂.၃၅) ထရီလီယံ ရရှိခဲ့ကြောင်း သိရပါသည်။

ပုဂ္ဂလိကလုပ်ငန်းများမှ ပို့ကုန်သွင်းကုန်တင်ပို့မှုမှာ စုစုပေါင်းကုန်သွယ်မှု၏ (၅၆.၉) ရာခိုင်နှုန်းခန့်ပါဝင်ပြီး၊ တန်ဖိုးအားဖြင့် ယွမ်ငွေ  (၃.၄၃) ထရီလီယံ ရှိခဲ့ပါသည်။ ၎င်းပမာဏမှာ ယခင်နှစ်ကထက် (၂၁.၉) ရာခိုင်နှုန်း တိုးတက်ခဲ့ခြင်း ဖြစ်ပါသည်။

နိုင်ငံခြားမှ လာရောက်ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းများ၏ ကုန်သွယ်မှု ပမာဏမှာ စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှု၏ (၃၇.၇) ရာခိုင်နှုန်းခန့် ပါဝင်ပါသည်။

အာဆီယံမှာ ကွမ်တုန်း၏ အကြီးဆုံး ကုန်သွယ်မှုမိတ်ဖက်ဖြစ်ပြီး၊  ယခုနှစ် ပထမ (၉)လအတွင်း ကုန်သွယ်မှုမာဏ ယွမ်ငွေ (၉၀၈.၃၇) ဘီလီယံရှိခဲ့ကာ၊ ယခင်နှစ် ကထက် (၁၇.၄) ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ထို့ပြင် ကွမ်တုန်းပြည်နယ်နှင့် ဉရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုတို့နှင့် ကုန်သွယ်မှုမှာလည်း ယခင် နှစ်ကထက် (၁၆) ရာခိုင်နှုန်း ပိုမိုခဲ့ပါသည်။

ရင်းမြစ်၊ Xinhua (၂၂-၁၀-၂၀၂၁)

သတင်းစုစည်းတင်ပြသူ - ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး