တရုတ်နိုင်ငံ၏ သဘာဝရာဘာဈေးကွက်မှာ ဈေးနှုန်းအကြီးအကျယ် မြင့်တက်ခဲ့ပြီး နောက် အောက်တိုဘာလ (၁၉) ရက်နေ့တွင် တစ်တန်လျှင် ယွမ်ငွေ (၆၅၀) မှ (၇၀၀) ကြား ပြန်လည်ကျဆင်းခဲ့ပါသည်။ ၎င်းနောက် အောက်တိုဘာလ (၂၁) ရက်နေ့ရှိ ရာဘာ လက်ငင်း အဝယ်ဈေးနှုန်းများမှာ အမြင့်ဆုံး တစ်တန်လျှင် (၁၅,၄၆၅)ယွမ်မှ အနိမ့်ဆုံး တစ်တန်လျှင် (၁၄,၈၅၀) ယွမ် ရှိခဲ့ပါသည်။ ထို့နောက် ဈေးကွက်အပိတ်ဈေးနှုန်း မှာ တစ်တန်လျှင် (၁၄,၉၁၀)ယွမ် ဖြစ်ခဲ့သဖြင့် တစ်တန်လျှင် (၇၁၅) ယွမ် ကျဆင်းခဲ့ပါသည်။
သဘာဝရာဘာကြိုရောင်းကြိုဝယ်ဈေးကွက်မှာ အောက်တိုဘာလကုန်တွင် ပြည်ပမှ တင်သွင်းသည့် ရာဘာအများအပြားကို ဈေးကွက်အတွင်း ဖြန့်ဖြူးနိုင်ခဲ့ပါက ရေတိုကာလတွင် ဆက်လက်အားနည်းနေဉီးမည် ဖြစ်ပါသည်။ သို့ရာတွင် တစ်ဖက်၌လည်း အောက်တိုဘာလမှာ ယေဘုယျအားဖြင့် ဝယ်လိုအားမြင့်တတ်သည့်ကာလဖြစ်ပြီး၊ ရာဘာ များကို ကုန်စည်ထုတ်လုပ်ရန်အသုံးပြုမည့် ဝယ်လိုအားများနှင့် ဆုံသွားနိုင်သဖြင့် ဈေးကွက် ပြန်လည်အားကောင်းလာမည့် အလားအလာရှိနိုင်ကြောင်း သိရပါသည်။
ရင်းမြစ်၊ SunSirs (၂၅-၁၀-၂၀၂၁)
........................................................
ငွေလဲလှယ်နှုန်းများ (၁၇-၁၀-၂၀၂၁)နှင့် (၂၅-၁၀-၂၀၂၁)
|
|
၁၇-၁၀-၂၀၂၁ |
၂၅-၁၀-၂၀၂၁ |
အမေရိကန်ဒေါ်လာ (၁)ဒေါ်လာ |
= |
တရုတ်ယွမ်ငွေ(၆.၄၃၅၇)ယွမ် |
တရုတ်ယွမ်ငွေ (၆.၃၈၂၆)ယွမ် |
တရုတ်ယွမ်ငွေ (၁)ယွမ်အမေရိကန်ဒေါ်လာ(၁)ဒေါ်လာ |
== |
မြန်မာကျပ်ငွေ (၂၈၆.၃၈)ကျပ်မြန်မာကျပ်ငွေ(၁၈၄၃.၀၈) ကျပ် |
မြန်မာကျပ်ငွေ (၂၉၁.၅၁)ကျပ်မြန်မာကျပ်ငွေ(၁,၈၆၀.၅၀) ကျပ် |
ရင်းမြစ် ၊ www.xe.com
သတင်းစုစည်းတင်ပြသူ - ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး