Main menu

Background

ဂျပန်သည် ကမ္ဘာ့တတိယမြောက် COVID-19 ကာကွယ်ဆေး အများဆုံးလှူဒါန်းသည့်နိုင်ငံဖြစ်လာမည့်အလားလာရှိ

Mon, 11/01/2021 - 12:51 -- journal_editor

            လက်ရှိ၌ ကမ္ဘာ့နိုင်ငံနှင့်ဒေသပေါင်း ၂၀ ကျော်ထံ COVID-19 ကာကွယ်ဆေး အရေအတွက် သန်း ၃၀ ခန့်လှူဒါန်းပြီးဖြစ်ကာ တရုတ်(တိုင်ပေ)သို့ ကာကွယ်ဆေးများထပ်မံလှူဒါန်းရန် ပြင်ဆင် နေသည့် ဂျပန်နိုင်ငံသည် COVID-19 ကာကွယ်ဆေးလှူဒါန်းမှုတွင် ကမ္ဘာ့တတိယမြောက် အများ ဆုံးလှူဒါန်းသည့်နိုင်ငံဖြစ်လာမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က အောက်တိုဘာလ ၂၇ ရက်(အင်္ဂါနေ့) တွင် ပြောကြားခဲ့ ပါသည်။

          ဂျပန်နိုင်ငံအနေဖြင့် ပြည်တွင်းထုတ်လုပ်သည့် AstraZeneca ကာကွယ်ဆေးကို ဆေးဝါး လိုအပ်နေသည့် ကမ္ဘာ့နိုင်ငံများနှင့်ဒေသများသို့ လှူဒါန်းခဲ့ကြောင်း၊ တရုတ်(တိုင်ပေ) သို့လည်း အောက်တိုဘာလ၂၈ ရက်(ဗုဒ္ဓဟူးနေ့) ၌ ကာကွယ်ဆေးအရေအတွက် ၃၀၀,၀၀၀ ကို ထပ်မံ ပို့ဆောင်လှူဒါန်းရန်ပြင်ဆင်နေပြီး တရုတ်(တိုင်ပေ) သို့ ကာကွယ်ဆေးအရေအတွက် စုစုပေါင်း ၄.၂ သန်းကို ပေးပို့လှူဒါန်းခဲ့ကြောင်းသိရပါသည်။ ထို့အပြင် ဂျပန်နိုင်ငံသည် ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံများသို့လည်း ကာကွယ်ဆေးအရေအတွက် ၄ သန်းစီ လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

           ဂျပန်ဝန်ကြီးချုပ်ဟောင်း Yoshihide Suga သည် ပြီးခဲ့သည့် ဇွန်လအတွင်းက ကာကွယ် ဆေးလိုအပ်နေသည့် ကမ္ဘာ့နိုင်ငံများသို့ ဆေးအရေအတွက် သန်း ၃၀ ကို လှူဒါန်းသွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့ပါသည်။ ဂျပန်နိုင်ငံသည် နိုင်ငံ၏ လူဦးရေအတော်များများကို ကာကွယ်ဆေးထိုးနှံပြီးစီးပြီဖြစ်ရာ ပြည်တွင်း COVID-19 ကူးစက်မှုနှုန်းမှာ လက်ရှိ၌ သိသိသာသာ ကျဆင်းသွားသည်ကိုတွေ့ရပါသည်။

          ဂျပန်နိုင်ငံမှ COVID-19 ကာကွယ်ဆေးဝါးများ ပံ့ပိုးပေးခြင်းဖြင့် အခြားသောကမ္ဘာ့နိုင်ငံများ တွင် ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို တားဆီးကာကွယ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။

       ကမ္ဘာ့နိုင်ငံများအကြား COVID-19 ကာကွယ်ဆေးများ အညီအမျှရရှိနိုင်ခြင်းသည် စိန်ခေါ်မှု တစ်ရပ်သဖွယ်ရှိနေဆဲဖြစ်သဖြင့် ကာကွယ်ဆေးများ လုံလုံလောက်လောက်ရှိနေသည့် ကမ္ဘာ့ဖွံ့ဖြိုး ပြီးနိုင်ငံများအနေဖြင့် အခြားနိုင်ငံများသို့ ဆေးဝါးများလှူဒါန်းလျက်ရှိရာ အမေရိကန်နှင့် တရုတ် နိုင်ငံတို့သည် “vaccine diplomacy” ဟူသည့် “ကာကွယ်ဆေးသံခင်းတမန်ခင်း” နည်းလမ်းကို အစပြုဖော်ဆောင်နေကြသည့် ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးများ ဖြစ်ကြပါသည်။

ရင်းမြစ်။ https://japantoday.com/, https://english.kyodonews.net/

 

                                                                                                                                                                                                                                                                                                       နန္ဒာဝင်း

(စီးပွားရေးသံမှူး)

 မြန်မာသံရုံး၊ တိုကျိုမြို့